Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ်စပ်တိုက်ပွဲတွင် စစ်​ဗိုလ် ၃ ဦးကိုပါစစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိ

“စစ်သုံ့ပန်း law တွေအရပဲဆောင်ရွက်သွားမာပါဗျနှိပ်စက်တာတွေ အသေသတ်တာတွေရှိမှာမဟုတ်ပါဘူး။”ဟုကန့်ဘလူခရိုင်တပ်ရင်း (၂ )တာဝန်ရှိသူက ပြောသည်။

ကန်ဘလူPDF တက်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KB-2
ကန်ဘလူPDF တက်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KB-2

●လက်နက်မျိုးစုံး ၂၀ ​ကျော်၊ခဲယမ်းများနှင့်စစ်တပ်သုံးပစ္စည်းများစွာဖမ်းမိ

ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှနယ်စပ်တွင် ဖြစ်ပွားခဲ့သော ယနေ့တိုက်ပွဲ၌ စစ်​ကောင်စီတပ်မှ အရာရှိ၃ဦး ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့ကြောင်း ကန့်ဘလူခရိုင်တပ်ရင်း (၂ )က ယနေ့ညတွင်သတင်းထုတ်ပြန်သည်။

ယနေ့ (သြဂုတ်လ၂၃ရက်)နံနက်ပိုင်းက တိုက်ပွဲတွင် ခမရ ၃၆၅မှသုံးပွင့်ဗိုလ်ကြီး ၂ ဦးနှင့် တစ်ပွင့် ဒုဗိုလ် ၁ ဦးတို့အားစစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့ပြီး ၊လက်နက်မျိုးစုံ ၂၀ ​ကျော်နှင့် ခဲယမ်းမီး​ကျောက်များသိမ်းဆည်းရမိခဲ့ကြောင်းကန့်ဘလူခရိုင်တပ်ရင်း၂က ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ​ဒေသကို Google Map တွင်​တွေ့ရမှု
တိုက်ပွဲဖြစ်ပွားရာ​ဒေသကို Google Map တွင်​တွေ့ရမှု

ကျွန်းလှနှင့် ကန့်ဘလူမြို့ကြား လက်ခုပ်ပင်ကျေးရွာအနီးတွင် ယနေ့ နေ့လည်း နှစ်နာရီခန့်က စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီဘက်က ၄၀ ကျော်သေတယ်။ ၆၀ တစ်ပြောင်းတစ်ပြောင်း(၆၀မမ)နဲ့ လက်နက်ခဲယမ်းတွေရတယ်”ဟု ကန့်ဘလူမြို့နယ်မှပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

“အရင်က တိုက်ပွဲတွေမှာ စစ်​–တွေ တစ်ကောင်ကျ၊ နှစ်ကောင်ကျတာမျိုး။ ဒီနေ့ကတော့ လေကြောင်းနဲ့လာပို့တဲ့ ​​ေ–အင်အားတွေများတယ်။ ကိုယ်တွေရဲ့ သတ်ကွင်းထဲဝင်လာလို့ ဝိုင်းပတ်တိုက်ခဲ့လို့ စစ် ​ေ—တွေ သေတယ်ဗျ” ဟု အထက်ပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကဆက်​ပြောသည်။

“စစ်သုံ့ပန်း law တွေအရပဲဆောင်ရွက်သွားမာပါဗျနှိပ်စက်တာတွေ အသေသတ်တာတွေရှိမှာမဟုတ်ပါဘူး။”ဟုကန့်ဘလူခရိုင်တပ်ရင်း (၂ )တာဝန်ရှိသူက ပြောသည်။

စစ်​ကောင်စီတပ်ရဟတ်ယာဥ်တစ်စီး။ ဓါတ်ပုံ-CJ
စစ်​ကောင်စီတပ်ရဟတ်ယာဥ်တစ်စီး။ ဓါတ်ပုံ-CJ

ယ​နေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ထံမှ MA1 ၇ လက်၊ MA2 ၂လက်၊ MA3 ၇လက်၊ MA4 ၁လက်၊ ၆၀မမ ပြောင်းတို နှစ်လက်၊ RPG ၁လက် သိမ်းဆည်းရရှိခဲ့သည်။ထိုအပြင် RPG ကျည် ၂လုံး၊ MA ကျည်ဘောက် ၅၅ ဘောက်၊ ၆၀မမကျည် ၁၈လုံး၊ 5.56 ကျည် ၁၈၆၇ ​တောင့်၊ ၄၀မမ ကျည် ၆လုံး၊ အီနာဂါ ၄ လုံး၊ ဦးထုပ် ၆ လုံး၊ နင်းမိုင်း ၅လုံး၊ ICON ၅ လုံး၊ လက်လုပ်တူမီး ၁လက်၊ လက်လုပ်တစ်ထောင့်ထိုး ၁ လက်၊ မီးကျည် ၂ ထောင့်၊Jumper ၁ ခု၊ မပတ ၂ ခု၊ 84 mm ပြောင်း ၁ လက်၊ 84 mm ၂ ခု၊ MA ပစ္စတို ၁လက် ၊ဘောက် ၂ ခု သိမ်းဆည်းရမိခဲ့သည်ဟု ကန့်ဘလူခရိုင်တပ်ရင်း၂က အသိပေးသည်။

ယနေ့ သြဂုတ်လ၂၃ရက်နေ့ နံနက် ၉ နာရီ ၁၅မိနစ်ခန့်က ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာဘက်မှ လက်ခုပ်ပင်နှင့် အောင်ချမ်းသာကျေးရွာအတွင်းသို့ ထိုးစစ်ဆင်လာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းအား ကန့်ဘလူခရိုင်တပ်ရင်း – ၂နှင့် ဒေသတွင်း PDFများက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်ကအထိနာသဖြင့် Mi-35 နှစ် စီး Mi-17 တစ် စီး၊Jet Fighter တစ်စီးဖြင့် နှစ်ကြိမ်တိုင်လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုအကြမ်းဖက်စစ်တပ်သည် ယမန်နေ့ သြဂုတ်လ ၂၂ရက်နေ့ ညနေ ၄ နာရီခန့်က ကောလင်း၊ ကျွန်းလှ၊ ကန့်ဘလူနယ်စပ်ရှိ ညောင်ကုန်းရွာကိုဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး အိမ်အလုံး(၃၀) မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ရှောင်များ ကာလရှည်နေထိုင်ရမည်ဆိုပါက စားနပ်ရိက္ခာနှင့် အဝတ်အထည်များ ဆက်လက် လိုအပ်နေမည်ဖြစ်သည်ဟု ဆိုသည်။

သတင်း

သြဂုတ် ၁၉ ရက် ညနေပိုင်းတွင် လက်ပံပင်ရွာ အနီးတွင် နယ်မြေကျူးကျော်တပ်စွဲထားသော အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သတင်း

ဓါးစာခံ​ဖမ်းဆီးခံထားရသူများတွင် ဒီပဲယင်း၊​အရာ​တော်၊ခင်ဦး၊​ရေဦး၊တန့်ဆည် နယ်​ပေါင်းစုံမှ ကျား၊မ အရွယ်စုံ​ ၆၀ ကျော်ပါရှိကြောင်း သိရသည်။

သတင်း

စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့ အိမ်မွေးတိရိစ္ဆာန်၊ ငွေ၊ ပစ္စည်းစတာတွေကို လုယက်ယူဆောင်တာတွေပြုလုပ်နေတဲ့အပြင် စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင့် လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။