Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်မှစစ်​တပ်ကန့်ဘလူသို့စစ်ကူသွားချိန်ဖမ်းဆီးခံထားရသောပြည်သူ၆၀ကျော်ကိုဒေသတွင်းPDFများကယ်ထုတ်

ဓါးစာခံ​ဖမ်းဆီးခံထားရသူများတွင် ဒီပဲယင်း၊​အရာ​တော်၊ခင်ဦး၊​ရေဦး၊တန့်ဆည် နယ်​ပေါင်းစုံမှ ကျား၊မ အရွယ်စုံ​ ၆၀ ကျော်ပါရှိကြောင်း သိရသည်။

(တန့်ဆည်PDFအဖွဲ့တစ်ဖွဲ့က ရဲဘော်များအား တွေ့ရစဥ်။ ဓါတ်ပုံ-Taze PDF)
(တန့်ဆည်PDFအဖွဲ့တစ်ဖွဲ့က ရဲဘော်များအား တွေ့ရစဥ်။ ဓါတ်ပုံ-Taze PDF)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အောင်ချမ်းသာရွာရှိစစ်​ကောင်စီတပ်အား ကန့်ဘလူနယ်စပ်တိုက်ပွဲသို့ စစ်ကူပို့ချိန် ၎င်းတို့ဖမ်းဆီးခေါ်ဆောင်ထားသည့် ပြည်သူ၆၀ကျော်အား ဒေသတွင်း PDFများက ကယ်ထုတ်နိုင်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (သြဂုတ်လ ၂၃ ရက်နေ့)နံနက်ပိုင်းက ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းနယ်စပ်တွင် ဒေသတွင်း PDFများနှင့် အကြမ်းဖက်စစ်တပ်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့သည်။

ထိုတိုက်ပွဲသို့ စစ်တပ်သည်တန့်ဆည်မြို့နယ် အောင်ချမ်းသာရွာရှိ စစ်ကောင်စီတပ်များအား စစ်ကူပို့ခဲ့သည်။ ထိုအချိန်တွင် ​​အောင်ချမ်းသာရွာ၌ အကြမ်းဖက်စစ်တပ်နှင့်အတူ ကျန်​နေခဲ့သည့် ဓါးစာခံဖမ်းဆီးခေါ်ဆောင်ထားသော ပြည်သူ​ပေါင်း ၆၀ ​ကျော်ကို ပြည်သူ့ရဲ​ဘော်​များက ကယ်ထုတ်နိုင်ခဲ့ကြောင်း ဒေသတွင်း​တော်လှန်​ရေးသတင်းများ​​ဖော်ပြ​ပေး​နေ​သော Infinity Group ကအသိ​ပေးထားသည်။

ဓါးစာခံ​ဖမ်းဆီးခံထားရသူများတွင် ဒီပဲယင်း၊​အရာ​တော်၊ခင်ဦး၊​ရေဦး၊တန့်ဆည် နယ်​ပေါင်းစုံမှ ကျား၊မ အရွယ်စုံ​ ၆၀ ကျော်ပါရှိကြောင်း သိရသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ တန့်ဆည်နယ်သားတစ်ဦးက ” ကန့်ဘလူဘက်က လက်နက်​တွေရလိုက်သလို ငါတို့ တန့်ဆည်ဘက်ကလဲ ပြည်သူ​တွေ ၆၀ ​ကျော် ပြန်ရလိုက်တယ်ကွ။ဒီ​နေ့​လောက် ​ပျော်စရာ​ကောင်းတဲ့​နေ့ မရှိ​သေးဘူးကွာ။ “ဟု Infinity Group သို့ဖြေကြားထားသည်။

ဖမ်းဆီးခံထားရသူများသည် အကြမ်းဖက်စစ်ကောင်စီတပ်နောက် လိုက်နေရသည်မှာ တစ်လခွဲခန့်ကြာပြီဟုလည်း သိရသည်။

ထိုဖြစ်စဥ်နှင့် ပတ်သက်၍ တန့်ဆည်ဒေသတွင်း အဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ကန့်ဘလူနယ်စပ်တိုက်ပွဲတွင်လည်း အကြမ်းဖက်စစ်သား၄၀​ကျော်သေဆုံးပြီး စစ်ဗိုလ်သုံးဦး ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ကန့်ဘလူခရိုင်တပ်ရင်း၂က အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"စစ်သုံ့ပန်း law တွေအရပဲဆောင်ရွက်သွားမာပါဗျနှိပ်စက်တာတွေ အသေသတ်တာတွေရှိမှာမဟုတ်ပါဘူး။"ဟုကန့်ဘလူခရိုင်တပ်ရင်း (၂ )တာဝန်ရှိသူက ပြောသည်။

သတင်း

ထိုတိုက်ပွဲတွင် KLG မှ ရဲဘော် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးမှာစိုးရိမ်ရပြီးစစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို မသိရသေးပေ။

သတင်း

အကြမ်းဖက်စစ်သား ၄၀ထက်မနည်းသေဆုံးပြီး RPG ၊ စက်လတ် ၊ MA 1 ၊ MA 2 (အရေအတွက်စိစစ်ဆဲ) လက်နက်များသိမ်းဆည်းရမိခဲ့ကြောင်း ကန့်ဘလူခရိုင်တပ်ရင်း - ၂က အသိပေးသည်။

သတင်း

အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ကန့်ဘလူခရိုင်တပ်ရင်း(၂)မှ ရဲဘော် ၂ဦး ဒဏ်ရာရခဲ့ပြီး ကျဆုံးမှုမရှိကြောင်းလည်းအသိ​ပေးထားသည်။