Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရပြီး CDM ဝင်လာသော စစ်သားများလည်းရှိနေ

တိုက်ပွဲဲကြာချိန် မိနစ် ၂၀ ခန့်ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောက်ကျားဗျူဟာစနစ်ဖြင့် အသာစီးရယူတိုက်ခိုက်နိုင်ခဲ့သည်ဟုဆိုသည်။

(MDFရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-MDF)
(MDFရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-MDF)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံနေရပြီး CDM ဝင်လာသည့် စစ်သားများလည်း ရှိနေကြောင်း MDF-Special Forceက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ် ၂၂ ရက်) နံနက် ၁၁ နာရီခန့်က အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို MDF-Special Force(ရွှေဘိုခရိုင် တပ်ရင်း ၂၆)နှင့် ကနီမြို့နယ်၊ ပကဖတပ်ဖွဲ့များက ကဲတောင်ကျေးရွာအနီးတွင် ပူးပေါင်းတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း MDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ပွဲဲကြာချိန် မိနစ် ၂၀ ခန့်ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောက်ကျားဗျူဟာစနစ်ဖြင့် အသာစီးရယူတိုက်ခိုက်နိုင်ခဲ့သည်ဟုဆိုသည်။

(MDFရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-MDF)
(MDFရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-MDF)

တိုက်ပွဲတွင် စစ်ကောင်စီတပ်အား (၆၀) မမများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ MDFနှင့် ပူးပေါင်းတပ်ဖွဲ့များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းအဖွဲ့က အသိပေးသည်။

အဆိုပါ တိုက်ပွဲကို MDF နှင့်အတူ ကနီမြို့နယ် ပကဖအဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း MDFက ထပ်မံအသိပေးသည်။

သြဂုတ် ၂၀ ရက်ကလည်း အဆိုပါစစ်ကြောင်း ကင်းချရပ်နားသည့်နေရာကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ ပထမအကြိမ် တိုက်ခိုက်မှုအောင်မြင်ခဲ့ပြီး ဒုတိယအကြိမ်တိုက်ခိုက်ရာတွင် ပစ်ခတ်ခံရ၍ ဒရုန်းတစ်စီးဆုံးရှုံးခဲ့ကြောင်း MDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(MDFရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-MDF)
(MDFရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-MDF)

ထို့အပြင် ကနီမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကြောင်းများမှ စစ်ကောင်စီတပ် သားများမှာ MDFနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ CDMပြုလုပ်ခြင်းများရှိပြီး အတွင်းသတင်းများလည်းကြားသိခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ CDM တပ်သားများကို လုံခြုံဘေးကင်းသည့်နေရာသို့ ပို့ဆောင်ခဲ့ပြီး NUGမှချမှတ်ထားသော စစ်ဥပဒေနှင့်အညီ စောင့်ရှောက်ပြီး လိုအပ်သ​ည်များ စစ်ဆေးမေးမြန်းလျက်ရှိကြောင်း MDFက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး MDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ရမ်းသမ်းပစ်ခတ်နေ၍ ရေဦး - ခင်ဦး လမ်းသွားလာမှု ယာယီ ရပ်နားပေးထားကြပါရန် 𝙆𝙝𝙞𝙣 𝙐 𝙎𝙪𝙥𝙥𝙤𝙧𝙩 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣-𝙆𝙎𝙊က သတိပေးသည်။

သတင်း

ယမန်နေ့က AA ၏ မောင်တောပြည်သူများသို့ အသိပေးချက်တွင် စစ်ကောင်စီတပ်များ အခြေချရာ နှင့် စစ်ဆေးရေးဂိတ်များ သို့ အတက်နိုင်ဆုံးသွားလာခြင်းမပြုရန် ၊ အကယ်၍ မဖြစ်မနေ သွားလာရမည်ဆိုပါက သတိထားသွားလာကြရန် ဖော်ပြထားသည်။

သတင်း

KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်များသည် ဒွယ်လိုးမြို့နယ်ရှိ ဘောကျုံ့ထာ့ စခန်းငယ် ကို သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်သည်ဟု ဒေသတွင်း တာဝန်ရှိ အရာရှိတစ်ဦးကို ကိုးကား ဖော်ပြသည်။

သတင်း

သြဂုတ် ၁၉ ရက် ညနေပိုင်းတွင် လက်ပံပင်ရွာ အနီးတွင် နယ်မြေကျူးကျော်တပ်စွဲထားသော အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။