Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရသေ့တောင် တိုက်ပွဲအပြီးစစ်ရှောင် ၁,၆၀၀ ကျော်ရှိလာ၊ အရေးပေါ် အကူအညီလိုအပ်ဟု AA အသိပေး

စစ်ရှောင်များ ကာလရှည်နေထိုင်ရမည်ဆိုပါက စားနပ်ရိက္ခာနှင့် အဝတ်အထည်များ ဆက်လက် လိုအပ်နေမည်ဖြစ်သည်ဟု ဆိုသည်။

ရသေ့တောင် တိုက်ပွဲအပြီးစစ်ရှောင် ၁,၆၀၀ ကျော်ရှိလာ၊ အရေးပေါ် အကူအညီလိုအပ်ဟု AA အသိပေး
ရသေ့တောင် တိုက်ပွဲအပြီးစစ်ရှောင် ၁,၆၀၀ ကျော်ရှိလာ၊ အရေးပေါ် အကူအညီလိုအပ်ဟု AA အသိပေး

▪️တိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်က ခရီးသွားလာမှု၊ ကုန်စည်စီးဆင်းမှု ပိတ်ထားပြီး ပြည်သူ များအား တင်းကြပ်စွာစစ်ဆေးနေဟုဆို

ရသေ့တောင်မြို့နယ် အငူမော် – မောင်တော လမ်း ဒုံးပိုက်ရွာအနီး ဩဂုတ် ၁၃ရက်က ဖြစ်ပွားခ့သည့် တိုက်ပွဲအပြီးတွင် ရသေ့တောင်မြို့နယ် မယူတောင်တန်းဘက်ရှိ ရွာအချို့မှ ပြည်သူများ စစ်ဘေးတိမ်းရှောင်ခဲ့ရာ အိမ်ထောင်စု ၄၅၀ ကျော်မှ ပြည်သူ ၁,၆၀၀ ကျော်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့တွင် ထုတ်ပြန် သည်။

စစ်ရှောင်လာသူများတွင် ကိုယ်ဝန်ဆောင်များ၊ မွေးကင်းစ နှင့် ကလေးငယ်များ၊ အမျိုးသမီး များ ပါဝင်ပြီး နေထိုင်ရေး အခက်အခဲရှိနေသည်ဟုဆိုသည်။ ထို့ပြင် မိုးတွင်းကာလ ဖြစ်၍ အဝတ်အထည် ခြင်ထောင်များ၊ အမျိုးသမီး လစဉ်သုံး ပစ္စည်း၊ ဆေးဝါး စသည့် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း အသိပေးထားသည်။

စစ်ရှောင်များ ကာလရှည်နေထိုင်ရမည်ဆိုပါက စားနပ်ရိက္ခာနှင့် အဝတ်အထည်များ ဆက်လက် လိုအပ်နေမည်ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီက လူသားချင်းစာနာထောက်ထားရေးအကူအညီများ ထောက်ပံ့နေသည့် အဖွဲ့များအား သွားလာခွင့် ကန့်သတ် ပိတ်ပင်ထားခြင်း၊ ကုန်စည်စီးဆင်းမှု လမ်းကြောင်းများ ပိတ်ထားခြင်း ကြောင့် ရေရှည်တွင် စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ နေထိုင်ရေး အထွေထွေအခက်အခဲများ ရှိလာနိုင်သည်ဟု AAက ထုတ်ပြန်သည်။

ဩဂုတ် ၁၃ရက်က ရခိုင်ဒေသနှင့် ပလက်၀တို့၌ ဖြစ်ခဲ့သည့် တိုက်ပွဲများတွင်ထိခိုက်ကျဆုံးမှု များခဲ့သော စစ်ကောင်စီတပ်သည် ရီချမ်းပြင်-အငူမော်- မောင်တောလမ်းနှင့် မောင်တော- ကြိမ်ချောင်းလမ်းများ၌ ပြည်သူများ ခရီးသွားလာမှု၊ ကုန်စည် စီးဆင်းမှု ကို ပိတ်ထားပြီး တစ်ပြိုင်တည်းတွင် စစ်တွေ အမြန်ရေယာဉ်ဆိပ်၊ ရေချမ်းပြင် ဆိပ်နှင့် မောင်တော- ဘူးသီးတောင်လမ်းများ၌ စစ်ဆေးမှုများကို ယခင်ထက်ပို၍ တင်းကြပ်စွာလုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ဘေးရှောင်များ လက်ရှိ ကြုံနေရသည့် စားဝတ်နေရေး အခက်အခဲများ ကူညီ ဖြေရှင်းနိုင်ရန် နိုင်ငံတကာ နှင့် အစိုးရ မဟုတ်သော ပြည်တွင်း ပြည်ပ အဖွဲ့များ၊ လူမှုအဖွဲ့များ၊ ပြည်သူများ မှ အရေးပေါ် လိုအပ်သည့် ပစ္စည်းများ ကို ဝိုင်းဝန်းဖေးမ ကူညီပေးရန် လည်း AAက မေတ္တာရပ်ခံခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် စစ်ကောင်စီက ပိတ်ပင်တားဆီးနေမှုများ အခက်အခဲများ ကြုံရပါက ရက္ခိုင်ပြည်သူ့အစိုးရသို့ ဆက်သွယ်၍ ကူညီပံ့ပိုးမှုများ ဆောင်ရွက်နိုင်ကြောင်းလည်း ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့က AA ၏ မောင်တောပြည်သူများသို့ အသိပေးချက်တွင် စစ်ကောင်စီတပ်များ အခြေချရာ နှင့် စစ်ဆေးရေးဂိတ်များ သို့ အတက်နိုင်ဆုံးသွားလာခြင်းမပြုရန် ၊ အကယ်၍ မဖြစ်မနေ သွားလာရမည်ဆိုပါက သတိထားသွားလာကြရန် ဖော်ပြထားသည်။

သတင်း

သြဂုတ် ၁၉ ရက် ညနေပိုင်းတွင် လက်ပံပင်ရွာ အနီးတွင် နယ်မြေကျူးကျော်တပ်စွဲထားသော အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သတင်း

"စစ်သုံ့ပန်း law တွေအရပဲဆောင်ရွက်သွားမာပါဗျနှိပ်စက်တာတွေ အသေသတ်တာတွေရှိမှာမဟုတ်ပါဘူး။"ဟုကန့်ဘလူခရိုင်တပ်ရင်း (၂ )တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့ အိမ်မွေးတိရိစ္ဆာန်၊ ငွေ၊ ပစ္စည်းစတာတွေကို လုယက်ယူဆောင်တာတွေပြုလုပ်နေတဲ့အပြင် စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင့် လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။