Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စက်သုံးဆီ​ဈေးများထပ်တက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဓာတ်ဆီတစ်လီတာလျှင်ကျပ် ၃၅၀၀မှ ၄၀၀၀ ကျပ်အထိရှိသည်။ ရခိုင်ပြည်နယ်ရှိမြို့အချို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၃၂၀၀မှ ၃၈၀၀ အထိရှိပြီး ဝယ်ယူ၍ ခက်ခဲကြောင်းလည်း ဒေသခံများထံမှ သိရသည်။

စက်သုံးဆီ​ဈေးများထပ်တက်
စက်သုံးဆီ​ဈေးများထပ်တက်

●ရန်ကုန်တွင် ဒီဇယ် တစ်လီတာ ကျပ် ၃၀၀၀ကျော်၊ နယ်မြို့များတွင် ကျပ် ၄၀၀၀အထိစံချိန်တင်တက်

ရန်ကုန်မြို့တွင် ဒီဇယ်တစ်လီတာလျှပ်ကျပ် ၃၀၀၀ကျော်အထိမြင့်တက်လာပြီး နယ်မြို့များတွင်လည်း စက်သုံးဆီဈေးမြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ယခင်​​နေ့(သြဂုတ် ၂၃ရက် )​ဈေးနှင့် နှိုင်းယှဥ်လျှင် ဓာတ်ဆီတစ်လီတာကို ကျပ် ၅၀ နှင့် ဒီဇယ်တစ်လီတာကို ကျပ် ၁၀၀ကျော်အထိ တစ်ရက်အတွင်းဈေးထိုးတက်လာခြင်းဖြစ်သည်။

ထိုဈေးနှုန်းသည် သမိုင်းတလျောက်အမြင့်ဆုံးနှုန်းဖြစ်သည်ဟု စက်သုံးဆီးဆိုင်ပိုင်ရှင်များကမှတ်ပေးပြီး ဈေးဆက်တက်ရန်လည်းရှိနေသည်ဟုလည်း​ပြောသည်။

“ရန်ကုန်မှာတော့ဆီကဝယ်လို့အဆင်ပြေနေသေးပေ့မယ့်၊ ဈေးနှုန်းက အဆမတန်တက်နေတယ်”ဟု စက်သုံးဆီဝယ်ယူခဲ့သူတစ်ဦးကပြောသည်။

လက်ရှိရန်ကုန်မြို့တွင် ပရီမီယံဒီဇယ်တစ်လီတာလျှင်ကျပ် ၃၀၈၀၊ ရိုးရိုးဒီဇယ် တစ်လီတာကို ကျပ် ၃၀၀၀ ရှိသည်။ ဓာတ်ဆီများဖြစ်​သော အောက်တိန်း ၉၂ တစ်လီတာလျှင် ကျပ် ၂၄၄၀ကျပ် နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင်၂၅၂၅ကျပ်အထိမြင့်တက်လာခြင်းဖြစ်သည်။

အထက်ပါဈေးနှုန်းများမှာ ၂၄နာရီအတွင်း ဒီဇယ်တစ်လီတာလျှင် ၁၄၀ ကျပ် နှင့် ဓာတ်ဆီတစ်လီတာလျှင်ကျပ် ၄၀ကျော်မြင့်တက်လာခြင်းဖြစ်သည်။

အခြားမြို့များတွင်မူ စက်သုံးဆီများမှာသယ်ယူစရိတ်ကြောင့် ရန်ကုန်ထက်​ဈေးပိုကြီး​နေသည်။မုံရွာမြို့တွင်လည်း ဓာတ်ဆီတစ်လီတာကို ကျပ် ၃၇၀၀ ဝန်းကျင်ရှိသည်ဟု မြို့ခံတစ်ဦးကပြောသည်။

မြို့ကြီးအများစုတွင် စက်သုံးဆီပြတ်လပ်နေ​ကြောင်းလည်း မြိုခံများက​ပြောသည်။

“မူဆယ်မှာ ၁လီတာခွဲကို ကျပ်တစ်သောင်းပေးခဲ့ရတယ်။”ဟု မူဆယ်မြို့ခံတစ်ဦးကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဓာတ်ဆီတစ်လီတာလျှင်ကျပ် ၃၅၀၀မှ ၄၀၀၀ ကျပ်အထိရှိသည်။ ရခိုင်ပြည်နယ်ရှိမြို့အချို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၃၂၀၀မှ ၃၈၀၀ အထိရှိပြီး ဝယ်ယူ၍ ခက်ခဲကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ထိုသို့မြင့်တက်လာခြင်းမှာပြည်တွင်းငွေလဲနှုန်းတွင် ကျပ်ငွေတန်ဖိုးကျဆင်းနေခြင်း၊ဒေါ်လာဝယ်ယူရခက်ခဲနေခြင်းနှင့် ကမ္ဘာ့ရေနံဈေးမြင့်တက်လာခြင်းတို့ကြောင့်ဖြစ်သည်ဟု စက်သုံးဆီတင်သွင်းရောင်းချနေသူတစ်ဦးက​ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဲဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌ နေရာကို စစ်တပ်ပိုင် ဦးပိုင်လိမိတက်ရဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ကို စစ်ကောင်စီခေါင်းဆောင်က တာဝန်ပေးထားပါတယ်။

သတင်း

စစ်ကောင်စီက ဆီဆိုင်များ၏ နေ့စဉ်ရောင်းချရမှုနှင့် ဆီလက်ကျန်များကို နေ့စဉ်နေ့လယ် ၁၂နာရီ အရောက်ပို့ပေးရမည်ဟု ဆီဆိုင်ပိုင်ရှင်များကို ညွန့်ကြားထားသည်။

သတင်း

ဆီဆိုင်ကြီးတွေမှာ အချိန်လုပြီး တန်းစီမဝယ်ယူနိုင်တဲ့ အောက်ခြေပြည်သူအချို့အနေနဲ့ လမ်းဘေးဆီဆိုင်တွေမှာ ဈေးကြီးပေးပြီး ဝယ်ရတာမျိုးတွေလည်းရှိနေပါတယ်။

သတင်း

“ဆီဆိုင်တွေမှာ လက်ကျန်စာရင်းတွေကို အရင်ကပေးရတာရှိတယ်။ အခုက အခွန်ပါကောက်မယ်သဘောပြောပြီး ရောင်းရမယ့် ပမာဏတွေကော ကောက်မယ်လို့ပြောနေတယ်”ဟု အခြားဆီဆိုင်ပိုင်ရှင်တစ်ဦးကလည်းပြောသည်။