Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဥ်တန်း ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရ

ယနေ့(သြဂုတ် ၂၄ ရက်) နံနက် ၄နာရီ ၁၅မိနစ်အချိန်က စစ်ကိုင်းမှ မုံရွာမြို့ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီယာဥ်တန်းအား မြင်းမူမြို့ရှောင်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(သြဂုတ်လဆန်းပိုင်းက မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းထိ၍ ပျက်စီးသွားသော စစ်ကောင်စီတပ်ယာဥ်တစ်စီးအား ဝေဟင်မှတွေ့ရစဥ်။ ဓာတ်ပုံ-MRA)
(သြဂုတ်လဆန်းပိုင်းက မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းထိ၍ ပျက်စီးသွားသော စစ်ကောင်စီတပ်ယာဥ်တစ်စီးအား ဝေဟင်မှတွေ့ရစဥ်။ ဓာတ်ပုံ-MRA)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ တပ်ယာဥ်တန်းအား ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က သတင်းထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၂၄ ရက်) နံနက် ၄နာရီ ၁၅မိနစ်အချိန်က စစ်ကိုင်းမှ မုံရွာမြို့ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီယာဥ်တန်းအား မြင်းမူမြို့ရှောင်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဥ်တန်းအား ပဒေသာမိုင်း(၅)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ယာဉ်တန်း၏ နောက်ဆုံးယာဉ်မှ ာမိုင်းကွင်းနှင့် မလှမ်းမကမ်းတွင် ထိုးရပ်သွားခဲ့ပြီး ​သေဆုံးဒဏ်ရာရရှိသူအများအပြားရှိကြောင်း၊ အတည်ပြုနိုင်ရန်စုံစမ်းနေဆဲဟု ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းတိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ ZERO Power တော်လှန်ရေးအင်အားစု (စစ်ကိုင်းတိုင်း)၊ နွေဦးရဲဘော် အဖွဲ့များက ” တောကျီးကန်း စစ်ဆင်ရေး” အား ဂုဏ်ပြုတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)တာဝန်ရှိသူက “ကားပေါင်းစုံ အစီးနှစ်ဆယ်လောက် ရှိမယ်ထင်တယ်။ ဆယ်ဘီးတွေကော ဆယ့်နှစ်ဘီးတွေကော ရှုပ်ယှက်ခက်နေတာပဲ။ နောက်ဆုံး မိုးအကာအစိမ်းအုပ်ထားတဲ့ ကန်တာကားကို ခွဲလိုက်နိုင်တာ။ အချိန်ကလည်း လင့်နေတဲ့အခါ သတင်းရတာလ​ည်းနောက်ကျတော့ အားချင်းလုပ်လိုက်ရတော့ နောက်ဆုံးကားတစ်စီးပဲ လုပ်လိုက်နိုင်တယ်။ ထိခိုက်ပျက်စီးမှုက ရှိတယ်။ မိုင်းကွင်းနဲ့ မလှမ်းမကမ်းမှာ ကားကထိုးရပ်သွားတာ။ ထိုးရပ်ပြီး အိစိအိစိနဲ့ပဲ သူတို့မောင်းသွားရတာ။ ဆွဲပြီးတော့ ကလေးတွေကလ​ည်း ပြန်ရှောင်လာရတာ။ အမှောင်လည်း အမှောင်ထဲမှာဆိုတော့။”ဟု ပြောကြားသည်။

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းများ ဖြတ်သန်းသွားတိုင်း လမ်းတစ်လျှောက်ရှိ ဒေသတွင်း PDFအဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

​ယနေ့ ညနေ ၃နာရီခွဲခန့်အချိန်တွင် စစ်ကြောင်းသည် လူနာအထမ်း လေးခုဖြင့် ပဇင်းချောင်ကျေးရွာသို့ ဝင်ရောက်တပ်စွဲနေကြောင်း YDF- ထီးလင်းက ဆိုသည်။

သတင်း

CDM တပ်အရာရှိ ကိုနောင်ရိုးက “စစ်တပ်ဟာ ပျူပူးပေါင်းအင်အားနဲ့ အသာစီးရယူချင်တာလည်း ပါတယ်။ အဓိကကတော့ စစ်ကောင်စီခြေလျင်တပ်‌တွေမှာ လူအင်အားယုတ်လျော့လာနေတာ၊ အကျအဆုံးများလာနေတာတွေကြောင့် ပျူတွေကို မဖြစ်မနေ သုံးလာနေရတာပါပဲ”ဟု ပြောကြားသည်။

သတင်း

ဝမ်းတွင်းမြို့နယ်ရှိ စစ်ကောင်စီတပ်သားနှင့် ရဲများသည် လမ်းသွား၊ လမ်းလာပြည်သူများကိုလည်း အဓမ္မခြိမ်းခြောက်ငွေညှစ်မှုများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ရမ်းသမ်းပစ်ခတ်နေ၍ ရေဦး - ခင်ဦး လမ်းသွားလာမှု ယာယီ ရပ်နားပေးထားကြပါရန် 𝙆𝙝𝙞𝙣 𝙐 𝙎𝙪𝙥𝙥𝙤𝙧𝙩 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣-𝙆𝙎𝙊က သတိပေးသည်။