Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးတွင် ပြည်သူနှစ်ဦးအား ပျူစောထီးအဖွဲ့က သေနတ်ဖြင့် ပစ်သတ်

တမူးမြို့ မင်းသာကျေးရွာမှ ကိုမျိုးနှင့် ကိုနေဆန်းကိုတမူး – အောင်ဇေယျကားလမ်း တစ်နေရာတွင် ပျူစောထီးအဖွဲ့က သေနတ်ဖြင့်ပစ်သတ် သွား​ခြင်းဖြစ်သည်။

(တမူးမြို့အဝင်တစ်နေရာအား တွေ့ရစဥ်)
(တမူးမြို့အဝင်တစ်နေရာအား တွေ့ရစဥ်)

▪️ပျူစောထီးက PDF အယောင်ဆောင် ဓားပြတိုက် သည်ကို ဟန့်တား၍ သတ်သွားခြင်းဟု​ ဒေသခံများပြော

စစ်ကိုင်းတိုင်း တမူးမြို့တွင် ပြည်သူနှစ်ဦးအား ပျူစောထီးအဖွဲ့က သေနတ်ဖြင့် ပစ်သတ်လိုက် ပြီး ဒေသခံ ၂၀ခန့်ကိုလည်း လမ်းမပေါ် ဝမ်းလျားမှောက်ခိုင်း၍ ရိုက်နှက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

တမူးမြို့ မင်းသာကျေးရွာမှ ကိုမျိုးနှင့် ကိုနေဆန်းကိုတမူး – အောင်ဇေယျကားလမ်း တစ်နေရာတွင် ပျူစောထီးအဖွဲ့က သေနတ်ဖြင့်ပစ်သတ် သွား​ခြင်းဖြစ်သည်။

“အသတ်ခံရတာက သြဂုတ် ၂၂ ရက်ညကပါ။ ကိုမျိုးတို့က ကားနဲ့ လာတာကို ပျူစောထီးအဖွဲ့ကတားပြီး ပစ်သတ်တာ” ဟု ဒေသခံတစ်ဦးကပြောသည်။

ကိုမျိုးသည် တမူးမြို့၌ လွန်ခဲ့သည့်လအနည်းငယ်က ဖြစ်ခဲ့သည့် ပျူစောထီးအချို့က ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟန်ဆောင်ကာ ကျူးလွန်သည့်ဓားပြမှုတစ်ခုကို ဝင်ရောက် ဟန့်တားဖူးခဲ့သည်။

” ပျူတွေက PDFကို ပုံဖျက်ဖို့ ဓားပြတိုက်တာကို ကိုမင်းက သိတော့ ဝင်ဟန့်တားဖူးတယ်။ အဲ့ဒီကတည်းက ချောင်းနေတာ။ အခုတော့ လူကိုသတ် ပြီး ကားကိုပါ မီးရှို့သွားတယ်” ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

ကိုမျိုးတို့နှစ်ဦးအား သတ်ဖြတ်သွားသူသည် မင်းသာရွာမှ ပျုစောထီးခေါင်းဆောင်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

တမူးမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ကယခင်ကထက် ပို၍ အကြမ်းဖက်နေ၍ ဒေသခံများ စိုးရိမ်နေကြသည်။ ယမန်နေ့(သြဂုတ် ၂၃ရက်)ကလည်း မြန်မာ-အိန္ဒိယနယ်စပ် ရှီးဗားဂိတ်အနီးတွင် ပြည်သူ ၂၀ဦးခန့်ကို ဝမ်းလျား မှောက်ခိုင်းပြီး တုတ်ဖြင့် ရိုက်နှက်ခဲ့သည်ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

CDM တပ်အရာရှိ ကိုနောင်ရိုးက “စစ်တပ်ဟာ ပျူပူးပေါင်းအင်အားနဲ့ အသာစီးရယူချင်တာလည်း ပါတယ်။ အဓိကကတော့ စစ်ကောင်စီခြေလျင်တပ်‌တွေမှာ လူအင်အားယုတ်လျော့လာနေတာ၊ အကျအဆုံးများလာနေတာတွေကြောင့် ပျူတွေကို မဖြစ်မနေ သုံးလာနေရတာပါပဲ”ဟု ပြောကြားသည်။

သတင်း

ဓါးစာခံ​ဖမ်းဆီးခံထားရသူများတွင် ဒီပဲယင်း၊​အရာ​တော်၊ခင်ဦး၊​ရေဦး၊တန့်ဆည် နယ်​ပေါင်းစုံမှ ကျား၊မ အရွယ်စုံ​ ၆၀ ကျော်ပါရှိကြောင်း သိရသည်။

သတင်း

သေဆုံးသွားသူလင်မယားဟာ အရပ်သားတွေဖြစ်ပြီး ၁၀ နှစ်အရွယ်သမီးဖြစ်သူကို ဆိုင်ကယ်နဲ့ ကျောင်းပို့ပြီးအပြန်မှာ ပစ်ခတ်ခံရလို့ပွဲချင်းပြီးသေဆုံးသွားရတာပါ။

သတင်း

အခင်းဖြစ်တဲ့နေရာဟာ ချမ်းအေးသာစံမြို့နယ် ၊ယာဉ်ပျံရပ် လမ်း ၃၀ ၊ ၅၇ လမ်းပေါ်မှာရှိတာဖြစ်ပြီး သေဆုံးသွားသူ တွေ ဟာ အမျိုးသားနဲ့အမျိုးသမီး တို့ဖြစ်ပါတယ်။