Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးလင်းမြို့နယ်တွင် YDF တိုက်ခိုက်၍ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေ

​ယနေ့ ညနေ ၃နာရီခွဲခန့်အချိန်တွင် စစ်ကြောင်းသည် လူနာအထမ်း လေးခုဖြင့် ပဇင်းချောင်ကျေးရွာသို့ ဝင်ရောက်တပ်စွဲနေကြောင်း YDF- ထီးလင်းက ဆိုသည်။

(ယနေ့ နံနက်ပိုင်းတိုက်ပွဲအပြီး စစ်ကောင်စီတပ် ကျန်ရစ်ခဲ့သော ပစ္စည်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - YDF ထီးလင်း)
(ယနေ့ နံနက်ပိုင်းတိုက်ပွဲအပြီး စစ်ကောင်စီတပ် ကျန်ရစ်ခဲ့သော ပစ္စည်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - YDF ထီးလင်း)

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးကြောင်း YDF(ထီးလင်း)က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၂၄ ရက်) နံနက် ၈ နာရီခန့်တွင်ရွှေခုံတိုင်ကျေးရွာတွင် ညအိပ်ပြီး ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ရွှေခုံတိုင်ကျေးရွာ ၏ တောင်ဘက် (၃)မိုင်ခန့်အကွာ YDF- ထီးလင်း (တပ်ရင်း- ၇၊၈)မှ အနီးကပ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားငါးဦးထက် မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူအများအပြား ရှိနိုင်ကြောင်း ဖော်ပြသည်။

“ဒီမနက် ၆ နာရီခွဲကစလို့ ရွှေခုံတိုင်ကျေးရွာကနေ ထွက်လာခဲ့တာ။အဲဒါကို ကျွန်တော်တို့ စောင့် တိုက်ခဲ့တာ။ထိတွေ့က ၁၅ မိနစ် လောက်ကြာတယ်။သေတာနဲ့ ထိခိုက်တာတွေကို ရှေ့တန်း ကင်းထောက်တွေက အတည်ပြုနိုင်ခဲ့တယ်”ဟု YDF-ထီးလင်း တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

YDF- ထီးလင်း တပ်ဖွဲ့မှာ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

​ယနေ့ ညနေ ၃နာရီခွဲခန့်အချိန်တွင် စစ်ကြောင်းသည် လူနာအထမ်း လေးခုဖြင့် ပဇင်းချောင်ကျေးရွာသို့ ဝင်ရောက်တပ်စွဲနေကြောင်း YDF- ထီးလင်းက ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဖမ်းဆီးခံခဲ့ရသည့် အဆိုပါအရပ်သား ပြည်သူများအား မြို့နယ်တော်လှန်ရေးအင်အားစုများက လူသားချင်းစာနာရေး အထောက်အကူများပေးလျက်ရှိပြီး နေရပ်ပြန်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

သတင်း

"မိုင်းသံကြားလို့ သွာထောက်လှမ်းတဲ့ကင်းထောက်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့တာ"ဟုDMO PDFတာဝန်ရှိသူက လူထုနွေဦးသို့ ပြော သည်။

သတင်း

"မသင်္ကာတဲ့သူတွေကို ခေါ်စစ်တာ ၊ဆိုင်ကယ်Tool box စစ်တာ လုပ်နေတာ ၊အဖွဲ့လိုက်ကိုပိတ်စစ်နေတာ"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သတင်း

CDM တပ်အရာရှိ ကိုနောင်ရိုးက “စစ်တပ်ဟာ ပျူပူးပေါင်းအင်အားနဲ့ အသာစီးရယူချင်တာလည်း ပါတယ်။ အဓိကကတော့ စစ်ကောင်စီခြေလျင်တပ်‌တွေမှာ လူအင်အားယုတ်လျော့လာနေတာ၊ အကျအဆုံးများလာနေတာတွေကြောင့် ပျူတွေကို မဖြစ်မနေ သုံးလာနေရတာပါပဲ”ဟု ပြောကြားသည်။