Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့မှ ဟိုတယ်ဝန်ထမ်းဇနီးမောင်နှံအား မှားယွင်းပစ်တ်ခတ်မှုအပေါ် Tiger Force ပြောက်ကျားတပ်ဖွဲ့ ဝန်ချတောင်းပန်

“Scout Team ၏အားနည်းချက်အမှားကြောင့် မရည်ရွယ်ဘဲ မှားယွင်းပစ်ခတ်မိသဖြင့် အင်မတန်စိတ်မကောင်းဖြစ်ရပါသည်”ဟု Tiger Force Mandalay က ဆိုသည်။

မန္တလေးမြို့မှ ဟိုတယ်ဝန်ထမ်းဇနီးမောင်နှံအား မှားယွင်းပစ်တ်ခတ်မှုအပေါ် Tiger Force ပြောက်ကျားတပ်ဖွဲ့ ဝန်ချတောင်းပန်
မန္တလေးမြို့မှ ဟိုတယ်ဝန်ထမ်းဇနီးမောင်နှံအား မှားယွင်းပစ်တ်ခတ်မှုအပေါ် Tiger Force ပြောက်ကျားတပ်ဖွဲ့ ဝန်ချတောင်းပန်

▪️နောင်တချိန်အပြစ်အတွက် ခံယူသွားမည်ဟု ကတိပြု

မန္တလေးမြို့တွင် ယမန်နေ့က ဖြစ်ပွားခဲ့သော CID ရဲမှူးနှင့် မှားယွင်းပစ်တ်မိသည့် ဟိုတယ်ဝန်ထမ်းဇနီးမောင်းနှံဖြစ်စဥ်အပေါ် သက်ဆိုင်သူမိသားစုနှင့် ပြည်သူများအား အနူးအညွတ်တောင်းပန်ကြောင်း Tiger Force Mandalay ပြောက်ကျားတပ်ဖွဲ့က ယနေ့(သြဂုတ် ၂၄)တွင် ထုတ်ပြန်သည်။

၎င်းတို့သည် တပ်တွင်းသတင်းရင်းမြစ်၏ သတင်းပေးပို့မှုအရ CID ရဲမှူး စိုးကိုကိုဆိုသူ၏ ဆိုင်ကယ်နံပါတ်၊ လူ ပုံစံ၊ ယူနီဖောင်းနှင်ပုံ၊ အိမ်အဝင်အထွက်စသည့်တို့ကို အတည်ပြုရန် Scout Team မှ စုံစမ်းခဲ့ရာ ထိုအချက်အလက် များနှင့် ကိုက်ညီ၍ စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ အထက်ပါ ဟိုတယ်ဝန်ထမ်းဇနီးမောင်နှံအား မှားယွင်းပစ်ခတ်မိခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“Scout Team ၏အားနည်းချက်အမှားကြောင့် မရည်ရွယ်ဘဲ မှားယွင်းပစ်ခတ်မိသဖြင့် အင်မတန်စိတ်မကောင်းဖြစ်ရပါသည်”ဟု Tiger Force Mandalay က ဆိုသည်။

ထို့အပြင် အထက်ပါမှားယွင်းပစ်ခတ်မှုဖြစ်စဥ်အနီးတွင် CID ရဲမှူး စိုးကိုကိုဆိုသူလည်း ရပ်ကြည့်နေခဲ့ပြီး စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်သည့် သြဂုတ် ၂၃ ရက်ကတည်းက မိသားစုနှင့်အဆက် အသွယ်ပြတ်သွားသည်ဟုကြား သိရပြီး ယင်းဖြစ်စဥ်အား ဆက်လက်စုံစမ်းနေကြောင်း အသိပေးသည်။

အထက်ပါမှားယွင်းပစ်ခတ်မှုဖြစ်စဥ်သည် Tiger Force တပ်ဖွဲ့မှ Scout Team ၏အားနည်းချက်အမှားသာဖြစ်ပြီး မန္တလေးမြို့ရှိ မည်သည့်တော်လှန်ရေးအဖွဲ့အစည်းနှင့်မျှ သက်ဆိုင်ခြင်းမရှိကြောင်း ဖော်ပြသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် တချိန်ချိန်ကျလျင် ဖြစ်စဥ်မှကန်ပါက Tiger Force အနေဖြင့် ထိုအပြစ်အတွက် ခံယူသွားမည်ဟု ပြည်သူလူထုအား ကတိပြုထားသည်။

ယမန်နေ့ သြဂုတ် ၂၃ ရက်မနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် လမ်း ၃၀ × ၅၇ လမ်းထောင့်ရှိ Grand Mandalay ဆေးရုံရှေ့နားတွင် အွန်လိုင်းမှစျေးရောင်သူအမျိုးသားတစ်ဦးနှင့် ၎င်း၏ဇနီးဟိုတယ်ဝန်ထမ်းဖြစ်သူတို့အား CID ရဲမှူး စိုးကိုကိုဟုယူဆကာ မှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ပစ်ခတ်ခံရသည့် ဇနီးမောင်နှံတွင် ရှစ်နှစ်အရွယ်ကလေးတစ်ဦး ကျန်ရစ်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ဒေသခံပြည်သူ တစ်ချို့တစ်၀က် ပြေးနေရပြီ။ အနည်း အကျဉ်းဘဲ ကျန်ခဲ့ပါတယ်"ဟု တော်လှန်ရေးအဖွဲ့အစည်းတစ်ခုမှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

နိုင်ငံတကာ

ဒီစစ်ဆင်ရေး အတောအတွင်းမှာ အခက်အခဲတွေ၊ နှောင့်နှေးမှုတွေ အများကြီး ကြုံခဲ့ပြီး နာရီပေါင်း ၃၀ လောက် ကြာမြင့်ပြီးတဲ့အခါ အကြမ်းဖက်သမား အားလုံးကို ဖော်ထုတ် ရှင်းလင်းနိုင်ခဲ့ကြောင်း ဆိုမာလီယာ လုံခြုံရေး တပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။

သတင်း

အဆိုပါ LOTTE ဟိုတယ်တွင် ဩစတြေးလျအစိုးရကလည်း စစ်တပ်၏အာဏာသိမ်းမှုအပြီး ဒေါ်လာ ၅၂၅,၀၀၀ သုံးစွဲခဲ့သည်။

သတင်း

အဆိုပါ ထုတ်ပယ်ခံရသည့် ထွေအုပ်အရာတမ်းများစာရင်းတွင် လက်ထောက်ညွှန်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးအဆင့်တာဝန်ထမ်းဆောင်နေသူများပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။