Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်ကိုင်အဖွဲ့အမည်ခံပြီးငွေကြေးတောင်းခံမှုများ ဆက်လုပ်ပါကစစ်ရေးပစ်မှတ်အဖြစ်ရှင်းလင်းမည်ဟု KRF ထုတ်ပြန်

KRFသည် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် လက်တွဲပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖြစ်သည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူ အကြောင်းပြပြီး လုပ်ငန်းရှင်များနှင့် ပြည်သူများထံ ငွေကြေးကောက်ခံမှုများ ရှိနေသည့်အပေါ် ကျိုက်ထို တော်လှန်ရေးအင်အားစုများ(KRF)က ယနေ့ သတိပေး ချက်ထုတ်ပြန်သည်။

လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုဟု အမည်ခံ၍ ဖုန်းဆက်၍ သော်လည်းကောင်း၊ ခြိမ်းခြောက်၍သော်လည်းကောင်း ငွေကြေးတောင်းခံနေသည်ကို KRFက သေချာစွာ စုံစမ်းထားသည်ဟုဆိုသည်။

ထိုသို့ လက်နက်ကိုင်အဖွဲ့အမည်ခံပြီးငွေကြေးတောင်းခံနေသူများ အနေဖြင့် အေးချမ်းစွာ လုပ်ကိုင်ရှာဖွေ စားသောက်နေကြသည့် ပြည်သူများအပေါ် မတရား ခြိမ်ခြောက် ငွေကြေးတောင်းခံခြင်းကို ရပ်တန်းက ရပ်ရန် နောက်ဆုံးအကြိမ် သတိပေးလိုက်ပြီး မရပ်တန့်ဘဲ ဆက်လုပ်နေပါက စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး သုတ်သင်ရှင်းလင်းသွားမည်ဟု KRFက ကြေညာခဲ့သည်။

KRFသည် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် လက်တွဲပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ စစ်ဆင်ရေးကို Moe Nyo Revolution Forceနှင့် ငါးထောင့်ကြယ်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

သတင်း

မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက်သည် မကြာခဏ ဧည့်စာရင်းဝင်စစ်ခံရလေ့ရှိပြီး ယခု အသတ်ခံရသည့် ရာအိမ်မှူးဆိုသူလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။

သတင်း

"စစ်ကောင်စီက အများပြည်သူအသုံးပြုနေတဲ့ လမ်းတွေပေါ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ မိုင်းတွေထောင်ထားနေကြဖြစ်တယ်"ဟု KNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

"မြိတ် Sea View ကုန်တိုက်အနီး ၎င်းတို့ရောင်းနေသောဝက်သားတုတ်ထိုးဆိုင်၌ သွားရောက်ရှင်းလင်းသုတ်သင်လိုက်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်"ဟု မြိတ်(ပကဖ)က ဆိုသည်။