Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါငံခါးရွာတိုက်ပွဲစစ်​ကောင်စီတပ် ၂ ဦး​သေ၊ DMO-PDF တစ်ဦးကျဆုံး

“မိုင်းသံကြားလို့ သွာထောက်လှမ်းတဲ့ကင်းထောက်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့တာ”ဟုDMO PDFတာဝန်ရှိသူက လူထုနွေဦးသို့ ပြော သည်။

(ကျဆုံးခဲ့​သော ဦး​အေရစ်ဈာပနပြုလုပ်​နေစဥ်။ ဓါတ်ပုံ-DMO-PDF)
(ကျဆုံးခဲ့​သော ဦး​အေရစ်ဈာပနပြုလုပ်​နေစဥ်။ ဓါတ်ပုံ-DMO-PDF)

ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာတိုက်ပွဲ၌စစ်ကောင်စီတပ်ဘက်မှနှစ်ဦးသေဆုံးကာရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဒီးမော့ဆို(DMO PDF)က ယနေ့(သြဂုတ် ၂၄ ရက်)တွင်ထုတ်ပြန်သည်။

ယမန်နေ့ (ဩဂုတ် ၂၃ ရက်)မွန်းလွှဲ ၂ နာရီခန့်ကဒေါငံခါးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့မှာ(DMO PDF) ထောင်ထားသည့်(၁၈)မိုင်း ၃ လုံးနင်းမိ၍ အနည်းဆုံး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ကိုကင်းထောက်သွားရောက်သည့် DMO PDF၊ အလယ်ပိုင်းတိုင်း ၁၁၀၂ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်​ကောင်စီတပ် တို့ မွန်းလွဲ ၂ နာရီခွဲ ခန့်၌တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

“မိုင်းသံကြားလို့ သွာထောက်လှမ်းတဲ့ကင်းထောက်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့တာ”ဟုDMO PDFတာဝန်ရှိသူက လူထုနွေဦးသို့ ပြော သည်။

မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲ၌ စစ်ကောင်စီ တပ် သား ၂ ဦး သေဆုံးခဲ့ကာ DMO PDF တပ်ရင်း K မှ အသက် ၄၅ နှစ်အရွယ်ရဲဘော်ဦးအေရစ်ကို မှာ လက်နက်ကြီးထိမှန်၍ ကျဆုံးခဲ့သည်။

ကျဆုံးခဲ့သော ရဲဘော် ဦးအေရစ်ကို၏ စျာပနကိုယနေ့ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယခုလ တတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နှင့် လွိုင် ကော်မြို့နယ်တို့မှတစ်ဆင့် ဒီးမော့ဆိုမြို့နယ်သို့တပ်အင်အားဖြည့်တင်းကာအပြင်းအထန်စစ် ကြောင်းထိုးလာ​နေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"တိုက်ပွဲများတွင် ပူးပေါင်းတိုက်ခိုက်ခဲ့ကြသော တော်လှန်ရေးညီအစ်ကိုတို့၏ စွန့်လွှတ်စွန့်စားမှုများ၊ ရဲဝံ့စွာတိုက်ပွဲဝင်မှုများကို လေးစားစွာ ‌ဦးညွှတ်အသိအမှတ်ပြုအပ်ပါသည်"ဟု တန့်ဆည် PDF က အသိပေးဖော်ပြသည်။

သတင်း

“အခုက လောင်းကစားဂိမ်းဆော့တဲ့သူတွေလောက်ပဲ လာပြီး ငွေဖြည့်ကြတော့တယ်၊ ငွေလွဲတာ၊ငွေထုတ်တာ မလုပ်ကြတော့ဘူး”ဟု ရန်ကုန်မြို့ရှိ ကိုယ်စားလှယ်တစ်ဦးကပြောသည်။

သတင်း

"စစ်ကောင်စီဘက်က ၄၀ ကျော်သေတယ်။ ၆၀ တစ်ပြောင်းတစ်ပြောင်း(၆၀မမ)နဲ့ လက်နက်ခဲယမ်းတွေရတယ်"ဟု ကန့်ဘလူမြို့နယ်မှပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

သတင်း

ဖမ်းဆီးခံခဲ့ရသည့် အဆိုပါအရပ်သား ပြည်သူများအား မြို့နယ်တော်လှန်ရေးအင်အားစုများက လူသားချင်းစာနာရေး အထောက်အကူများပေးလျက်ရှိပြီး နေရပ်ပြန်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။