Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သုံးထပ်ကွေ့အနီးတိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးထပ်သေ၊ ငါးဦးဒဏ်ရာရ

ပြည်သူများအနေဖြင့် ကော်ဘရာစစ်ကြောင်းအား ကူညီပံ့ပိုးလိုပါက Cobra Column Official Facebook Page သို့သာ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ပေးစေလိုသည်ဟု ထုတ်ပြန်သည်။

ဓာတ်ပုံ - Cobra Column
ဓာတ်ပုံ - Cobra Column

▪️ယမန်နေ့တိုက်ပွဲ၌ ဒဏ်ရာရသည့် ကော်ဘရာစစ်သည်တစ်ဦး ကျဆုံးခဲ့ဟု အသိပေး

▪️ပြည်သူများ ကော်ဘရာစစ်ကြောင်းအား ပံ့ပိုးကူညီလိုပါက တိုက်ရိုက်ဆက်သွယ်နိုင်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ-ဝေါ်လေလမ်း သုံးထပ်ကွေ့၌ ယမန်နေ့ ဩဂုတ် ၂၃ရက်က ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာပြင်းထန်ခဲ့သည်ဟု စစ်မြေပြင်သတင်းကို ကိုးကားပြီး ကော်ဘရာ စစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။

ယမန်နေ့တိုက်ပွဲ၌ ကော်ဘရာ စစ်သည် တစ်ဦး ကျဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ရာ ယင်းအနက် စိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သော စစ်သည်တော်တစ်သီး ယမန်နေ့ ညပိုင်း၌ ကျဆုံးခဲ့ကြောင်း အသိပေးဖော်ပြထားသည်။

ယမန်နေ့ (ဩဂုတ် ၂၃ရက်)တွင် စစ်ကောင်စီတပ်က ကော်ဘရာစစ်ကြောင်းရှိရာသို့ ခြေလျင် တပ်ရင်း အများအပြားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းနှင့်အတူ အတွဲလိုက်ဒုံးများ၊ လက်နက်ကြီးများ၊ တိုက်လေယာဉ်များအသုံးပြု တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့သည်။

KNU တပ်မဟာ(၆)နယ်မြေတွင် ဩဂုတ်၁ရက်မှ ၂၀ရက် အတွင်း တိုက်ပွဲ (၃၃)ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က ၄၈ဦး သေဆုံးပြီး ၈၀ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ယင်းအနက် KNU တပ်ရင်း(၂၇) လက်အောက်ခံ ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားသည့်နေရာ၌ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်သည်။ စစ်ကောင်စီတပ်ဘက်က စိစစ်နေဆဲဖြစ်သော ထိခိုက်သေဆုံးမှု အများအပြားရှိနေသေးသည်ဟု KNUက ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် ကော်ဘရာစစ်ကြောင်းအား ကူညီပံ့ပိုးလိုပါက Cobra Column Official Facebook Page သို့သာ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ပေးစေလိုသည်ဟု ထုတ်ပြန်သည်။

ထို့အပြင် ကော်ဘရာစစ်‌ကြောင်း၏ သတင်းအချက်အလက်များအား ယခု ထုတ်ပြန်သော Page ၌ စစ်ရေးအရ သင့်လျော်သော အချိန်တွင်သာ တိကျစွာ ထုတ်ပြန်လျက်ရှိသဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန်အတွက် ပြင်ပမှ သတင်းမှား ဖြန့်ဝေသူများကို တော်လှန်သော အသိစိတ်ဓာတ်ဖြင့် ဝိုင်းဝန်း ရှောင်ရှား ပေးစေလိုကြောင်း ကော်ဘရာ စစ်ကြောင်းက တောင်းဆိုထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ခိုက်မှုအား KSOအဖွဲ့အပါအဝင် Wolf Guerilla(Ye-U)၊ Khin U-Dog Killers(KDK) မဟာမိတ်အဖွဲ့ များက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

သတင်း

အသက် ၃၅ နှစ်ဝန်းကျင် ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော်ကို စစ်ကောင်စီရဲ့ စရဖဟာ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်က ဖမ်းဆီးခဲ့ပါတယ်။

သတင်း

နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကာ မိနစ် ၃၀ခန့် ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိသည်​ကြောင်းလည်း သိရသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးသည့် သတင်းမှာ အမှားဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ရှင်းလင်းသည်။