Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလောကုန်းရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား နှစ်ဦးသေ

နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကာ မိနစ် ၃၀ခန့် ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိသည်​ကြောင်းလည်း သိရသည်။

(ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ပုလော PDF)
(ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ပုလော PDF)

ပုလောမြို့နယ် ပုလောကုန်းကျေးရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးသွားကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ မြိုတ်ခရိုင် တပ်ရင်း (၁)မှ ယနေ့(သြဂုတ် ၂၄) ထုတ်ပြန်သည်။

“ကျွန်တော်တို့ ဘက်ကနေ သွားရောက် ပစ်ခတ်တာပါ။ သူတို့က ပုံမှန်တပ်စွဲထားတဲ့အတိုင်းရှိနေတုန်းသွားရောက်ပစ်ခတ်တာပါ။အာဏာသိမ်းကတည်းက တပ်စွဲထားတဲ့ ရွာပါ”ဟု မြိတ်ခရိုင်တပ်ရင်း (၁) မှတာဝန်ရှိက ​People’s Spring သို့ ပြောသည်။

ပုလောကုန်းကျေးရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ကို ယနေ့နံနက် ၈ နာရီခန့်က ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊မြိတ်ခရိုင်တပ်ရင်း(၁)နှင့် မဟာမိတ်တပ်ဖွဲ့များပူးပေါင်း၍ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပု​လောPDFကအသိ​ပေးထားသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကာ မိနစ် ၃၀ခန့် ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိသည်​ကြောင်းလည်း သိရသည်။

ထို့အပြင် ယနေ့နံနက် ၉ နာရီ ၃၀ ခန့်တွင် ထားဝယ်မြို့မှ ပုလောမြို့သို့ ဆင်းလာသော စစ်ကောင်စီ ယာဉ်တန်းကို ပုလောမြို့၊ မိုင်တိုင်အမှတ် (၄)အနီး၌ ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေးဆုံးမှုကိုမူ မသိရသေးကြောင်း ဖော်ပြသည်။

အထက်ပါတိုက်ခိုက်မှုဖြစ်စဥ်များတွင် ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိုင်ခရိုင်တပ်ရင်း (၁)မှ ရဲဘော်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ခိုက်မှုအား KSOအဖွဲ့အပါအဝင် Wolf Guerilla(Ye-U)၊ Khin U-Dog Killers(KDK) မဟာမိတ်အဖွဲ့ များက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

သတင်း

အသက် ၃၅ နှစ်ဝန်းကျင် ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော်ကို စစ်ကောင်စီရဲ့ စရဖဟာ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်က ဖမ်းဆီးခဲ့ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးသည့် သတင်းမှာ အမှားဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ရှင်းလင်းသည်။

သတင်း

ပြည်သူများအနေဖြင့် ကော်ဘရာစစ်ကြောင်းအား ကူညီပံ့ပိုးလိုပါက Cobra Column Official Facebook Page သို့သာ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ပေးစေလိုသည်ဟု ထုတ်ပြန်သည်။