Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာတစ်ဖက်ကမ်း ညောင်ပင်ကြီးသစ်ကွင်း မီးလောင်နေ

သစ်ကွင်းနှင့်မနီးအဝေးရှိ ညောင်ပင်ကြီးရဲစခန်နှင့် မုံရွာဘက်ကမ်းမှ သေနတ်များပစ်ဖောက်နေကြောင်း ​ဒေသခံများက ဆိုသည်။

ဆားလင်းကြီးနယ် ညောင်ပင်ကြီးရဲစခန်းအား တွေ့ရစဥ်။ဓာတ်ပုံ - CJ
ဆားလင်းကြီးနယ် ညောင်ပင်ကြီးရဲစခန်းအား တွေ့ရစဥ်။ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်တစ်ဖက်ကမ်း ညောင်ပင်ကြီးသစ်ကွင်းကျေးရွာ မီးလောင်မှုဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (သြဂုတ် ၂၄ ရက်) ည၉ နာရီခန့်က ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးသစ်ကွင်းရွာ မီးလောင်မှုဖြစ်ပွား‌နေခြင်းဖြစ်ပြီး မီးလောင်ရသည့်အကြောင်းရင်းကို မသိသေးကြောင်း ဒေသခံများက ပြောသည်။

သစ်ကွင်းနှင့်မနီးအဝေးရှိ ညောင်ပင်ကြီးရဲစခန်နှင့် မုံရွာဘက်ကမ်းမှ သေနတ်များပစ်ဖောက်နေကြောင်း ​ဒေသခံများက ဆိုသည်။

ညောင်ပင်ကြီးသို့ မုံရွာမြို့ရှိ စစ်ကောင်စီတပ်သည် ကမ်းနားမှ အိမ်စီးကား သုံးစီး၊ သံပြားကာကားနှစ်စီးဖြင့် ဇက်စီးကာ ကူးသွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး(ပ.က.ဖ)က အသိပေးသည်။

စစ်ကောင်စီတပ်တပ်စွဲရာ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းနှင့် လက်ပန်းတောင်းတောင်ကြေးနီ စီမံကိန်းများအား ဒေသတွင်းPDF များက မကြာခဏ လာရောက်တိုက်ခိုက်ခဲ့ဖူးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့(သြဂုတ် ၂၄ ရက်) နံနက် ၄နာရီ ၁၅မိနစ်အချိန်က စစ်ကိုင်းမှ မုံရွာမြို့ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီယာဥ်တန်းအား မြင်းမူမြို့ရှောင်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

အဆိုပါ စစ်ရှောင်များ လတ်တလော စားနပ်ရိက္ခာအတွက် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က စီစဉ်ပေးထားသည်ဟုဆိုသည်။

သတင်း

"စကစနှင့်အနီးကပ်နေလို့ တစ်စုံတစ်ခု ထိခိုက်ဒဏ်ရာ အပျက်အစီးဖြစ်ပါက ကျွန်တော်တို့ ဝမ်းနည်းရုံမှတပါး တာဝန်မယူပါ။"ဟု Monywa The Boysအဖွဲ့ကအသိ​ပေးသည်။

သတင်း

ပဒေသာမိုင်း သုံးလုံး ကားပေါ်အရောက် ထပ်မံဖောက်ခွဲတိုက်ခိုက်ရာ ကားပေါ်နှင့်ကားဘေးရှိ စစ်ကောင်စီတပ်သား ၁၂ဦးခန့် နေရာတွင်ပင် လဲကျသွားကြောင်း PDF South Monywaက ပြောသည်။