Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့ သံဖိုရွာကို ချီတက်လာသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး တစ်ဦးသေ

“အခုတော့ ရွာထဲမှ တယောက်မှ မရှိတော့ဘူး။ စစ်တပ်က ရွာထဲကို လက်နက်ကြီးနဲ့ မပတ်ထုနေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ကလေးမြို့တွင် စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြပွဲကို အာဏာသိမ်းစစ်တပ်က ဖြိုခွင်းရန် ပြင်ဆင်နေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁၂ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
ကလေးမြို့တွင် စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြပွဲကို အာဏာသိမ်းစစ်တပ်က ဖြိုခွင်းရန် ပြင်ဆင်နေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁၂ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းတွင် သံဖိုကျေးရွာကို ချီတက်လာသည့် စစ်ကောင်စီတပ် ဒေသခံကာကွယ်ရေးတပ်များနှင့် ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ခံရ၍ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးကြောင်း CDF(KKG)က သတင်းထုတ်ပြန်သည်။

ရန်ကြီးအောင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် သံဖိုရွာကျေးကို ဩဂုတ် ၂၃ရက်က ချီတက်လာစဉ် CDF(KKG)ကင်းတပ်ဖွဲ့နှင့်တိုး၍ ယခုလိုပစ်ခံရခြင်းဖြစ်သည်။

နှစ်ပွင့်ဗိုလ်တစ်ဦး သေဆုံးခြင်းဖြစ်သည့်ဟု ဒေသခံများနှင့်စစ်တပ်အသိုင်းအဝိုင်းပြောဆိုကြသော်လည်း CDF(KKG)က အတည်မပြုနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ဩဂုတ် ၂၄ ရက်က ရန်ကြီးအောင်ရွာကို ရဟတ်ယာဉ်ဖြင့်တပ်သား ၁၅ ဦးခန့်ပို့ဆောင်ခဲ့ပြီး အင်အားဖြည့်တင်းနေသည်ဟုလည်း CDF(KKG)က အသိ‌ပေးသည်။

ထိုပြင် ယနေ့နံနက်တွင်လည်း သံဖိုရွာအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အခုတော့ ရွာထဲမှ တယောက်မှ မရှိတော့ဘူး။ စစ်တပ်က ရွာထဲကို လက်နက်ကြီးနဲ့ မပတ်ထုနေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား သံဖိုရွာအနီးတွင် ဩဂုတ် ၂၂ ရက်ကတည်းပင် တိုက်ပွဲဖြစ်ပွားနေပြီး ထိုနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့နံနက် ၁၀ နာရီခွဲတွင် ရေးမြို့အဝင်နားရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သောတံတားကြီးစစ်ဆေးရေးဂိတ်အား​​ရေးဘီလူးအဖွဲ့ကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

သတင်း

သြဂုတ် ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်က မုံရွာ - အရာတော်လမ်းပေါ်တွင် အရာတော်မှ မုံရွာမြို့သို့ မောင်းနင်လာသော YGN 3F 3240 ကားသည် ယာဥ်မဆင်မခြင် မောင်းနှင်ကာ ကမ်းပြူရွာမှ အသက် (၄၀)ဝန်းကျင် မိန်းမသားတစ်ဦးအား ဝင် တိုက်သွားခဲ့သည်။

သတင်း

ပြည်သူ့ရင်ခွင် ခိုလှုံလာသည့်တပ်မ(၆၆) လက်အောက်ခံ ခမရ(၆)မှ တပ်သားစောဂျွန် ၏ ပြောကြားချက်ကို ကရင်နီပြည်သူ့ရင်ခွင်က ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

အဲဒီပုံထဲမှာ လူငယ် ၂ ဦးကိုဖမ်းဆီးထားပြီး လူငယ်တစ်ဦးမှာဆိုရင် ထိုးကြိတ်ခံထားရတဲ့ ဒဏ်ရာတွေကိုတွေ့မြင်ရပါတယ်။