Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘောလခဲမြို့ရှိ စစ်ကောင်စီတပ်ရင်းများ သောက်သုံးရေအဓိကအားထားရသည့် ရေစုပ်စက်ကို PDF ဖျက်ဆီး

စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း BPDF က ပြောသည်။

စစ်ကောင်စီကို တိုက်ခိုက်ပြီးနောက် ဆုတ်ခွာလာခဲ့သော BPDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - BPDF
စစ်ကောင်စီကို တိုက်ခိုက်ပြီးနောက် ဆုတ်ခွာလာခဲ့သော BPDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - BPDF

ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့ရှိ စစ်ကောင်စီတပ်၏ စစ်ဗျူဟာတပ်ရင်း​၏ ရေစုပ်စက်မော်တာကို လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် (BPDF)က ယနေ့(သြဂုတ် ၂၅ ရက်) ထုတ်ပြန်သည်။

ယခုလ ၂၂ ရက် နံနက် ၉ နာရီခန့်ကဖျက်ဆီးခဲ့သည့် စစ်ဗျူဟာတပ်ရင်း၏ ရေစုပ်စက်မော်တာသည် ဘောလခဲ မြို့ရှိ စစ်ကောင်စီတပ်ရင်းများအတွက် သောက်သုံးရေ အဓိကအားထားနေရသည်ဟု ဆိုသည်။

ထို့အပြင် ရေစုပ်စက်မော်တာအနီးရှိ လုံခြုံရေးယူပေးလျက်ရှိသော စစ်ကောင်စီတပ်သားတစ်ဦးကိုလည်း စနိုက်ပါ(Sniper)ဖြင့် ပစ်ခတ်ရှင်းလင်းရာသေဆုံးခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း BPDF က ပြောသည်။

တိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်က ရေစုပ်စက်မော်တာကြီး တစ်လုံး ပျက်စီးဆုံးရှုံးခြင်း၊စစ်ကောင်စီတပ်သားဦးသေဆုံးခြင်းနှင့်အခြား ထိခိုက်ဒဏ်ရာရရှိမှုများစွာလည်းဖြစ်စေခဲ့သည်ဟု ဆိုသည်။

ဘောလခဲပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများနှင့် စစ်ကောင်စီတပ်များအခြေစိုက်လျက်ရှိသော နေရာဝန်းကျင်များအား ရှောင်ကျဉ်သွားလာပေးရန် BPDFက တိုက်တွန်းသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရဟတ်ယာဉ်ပေါ်မှလက်နက်ခဲယမ်းများ ချထားခဲ့ပြီး မြို့ထဲသို့ဆိုင်ကယ်ဖြင့် သယ်သွားသည်ဟု Banmauk Revolutionက ဖော်ပြသည်။

သတင်း

မစ္စဗစ်ကီဘိုးမန်းဖမ်းဆီးခံရတာမှန်ကန်ကြောင်းကို ရန်ကုန်မြို့မှာရှိတဲ့ ဗြိတိန်သံရုံးက အတည်ပြုပေးတယ်လို့ ဘီဘီစီမြန်မာပိုင်းသတင်းဌာနကလည်း ဖော်ပြထားပါတယ်။

သတင်း

ဗီဇာထုတ်ပေးချိန်က နေထိုင်ရမယ့် လိပ်စာဟာ ရန်ကုန် ၊စမ်းချောင်းက ပန်းလှိုင်အိမ်ရာမှာဖြစ်ပေမယ့် အဲဒီလိပ်စာမှာ နေထိုင်တာမရှိဘဲ ကလောမှာ သွားရောက်နေထိုင်ခဲ့တယ်လို့စစ်ကောင်စီက ဆိုထားပါတယ်။

သတင်း

ကားနှစ်စီးအနက် တစ်စီးထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်ပါ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Danger Force LPDFအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။