Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး မဟာဗျူဟာ(မူကြမ်း) ဆွေးနွေးနေဟု NUCC ထုတ်ပြန်

ယင်းမဟာဗျူဟာ(မူကြမ်း)ကို မည်သည့်အချိန်တွင် အတည်ပြုနိုင်မည်ဆိုသည်ကို NUCC က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး မဟာဗျူဟာ(မူကြမ်း)ဆွေးနွေးနေဟု NUCC ထုတ်ပြန်
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး မဟာဗျူဟာ(မူကြမ်း)ဆွေးနွေးနေဟု NUCC ထုတ်ပြန်

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးမဟာဗျူဟာ(မူကြမ်း)ကို ဆွေးနွေးနေကြောင်း ယနေ့ ထုတ်ပြန်သည်။

အဆိုပါ မဟာဗျူဟာ(မူကြမ်း)ကို စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး မဟာဗျူဟာရေးဆွဲမှု ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (JCC-Strategy)က တင်ပြပြုစုခြင်းဖြစ်ပြီး အတည်ပြုနိုင်ရန် ဆွေးနွေးနေခြင်းဖြစ်သည်။

ယင်းမဟာဗျူဟာ(မူကြမ်း)ကို မည်သည့်အချိန်တွင် အတည်ပြုနိုင်မည်ဆိုသည်ကို NUCC က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

‘အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း’မှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) ၏ အခန်း (၃) ဖြစ်သည့် ‘အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ’ တွင် ပါဝင်သော သတ္တမအဆင့်ဖြစ်သည်။

ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်ကိုအခြေခံ၍ မဟာဗျူဟာမူကြမ်းရေးဆွဲတင်ပြရန်နှင့် မဟာဗျူဟာ လေ့လာဆန်းစစ်မှုများနှင့် စောင့်ကြည့်သုံးသပ်မှုများအား စဉ်ဆက်မပြတ် ပြုလုပ်ရန် ရည်ရွက်ချက်ဖြင့် အထက်ပါကော်မတီ JCC-Strategy ကို ၂၀၂၁ အောက်တိုဘာလ (၂၂) ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မလေးရှားအစိုးရ ဟာအာဏာသိမ်းစစ်ကောင်စီကိုအသိအမှတ်မပြုကြောင်းနဲ့ NUG နဲ့သာထိတွေ့ဆက်ဆံဖို့ တရားဝင်တိုက်တွန်းပြောဆိုနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူများခါးစည်းခံနေရသည့် ဒုက္ခများ ပြေလည် စေရန်ကရင်အမျိုးသားများနှင့်လက်တွဲညီညီဖြေရှင်းသွားမည်ဖြစ်ကြောင်းလည်း NUG ကာကွယ်ရေးဝန် ကြီးဌာနက ဖော်ပြသည်။

သတင်း

တချိန်တည်းတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအထူးကိုယ်စားလှယ်၏ သက်တမ်းကို တစ်နှစ်ထက်ပိုမို သက်မှတ်သင့်ကြောင်းနှင့် အာဆီယံအထူးကိုယ်စားလှယ်မှာ နိုင်ငံခြား ရေးဝန်ကြီးဖြစ်ရန်လည်း မလိုအပ်ကြောင်း ယမန်နေ့သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

သတင်း

ယနေ့ကျရောက်သော (၃၄)နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံ နှစ်ပတ် လည်နေ့ အထိမ်းအမှတ် တွင် ၈၈မျိုးဆက် (ငြိမ်းချမ်း‌ရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)က သဘောထားထုတ်ပြန်ခြင်း ဖြစ်သည်။