Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျွန်းလှမြို့နယ်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ စစ်အင်အားများချကာ ပစ်ခတ်၍ ပြည်သူအချို့ အသက်ဆုံးရှုံးရ

ကုန်းစည်းရွာရှိ စစ်ကောင်စီတပ်သည် ကျေးရွာသို့ ဝက်စာကျွေးပြန်လာသည့် ပြည်သူအချို့နှင့် ရွာထဲ ပိတ်မိနေသည့် ပြည်သူအချို့ကို ဖမ်းဆီးထားသည်ဟုဆိုသည်။

ကျွန်းလှမြို့နယ်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်
ကျွန်းလှမြို့နယ်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်

စစ်ရှောင်ပြည်သူများ ပိတ်မိနေပြီး ဖမ်းဆီးခံထားရသူများလည်းရှိ

လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိလာနိုင်၍ ပြည်သူများ ကတုတ်ကျင်းများတူးထားရန်၊ စားနပ်ရိက္ခာစုဆောင်းရန် အသိပေး

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် စီးနင်းတိုက်ခိုက်ပြီး စစ်အင်အားများ ချကာ ပစ်ခတ်ခဲ့၍ စစ်ရှောင်ပြည်သူအချို့ အသက်ဆုံးရှုံးရပြီး ပိတ်မိနေသည့် စစ်ရှောင်များ ရှိနေကြောင်း ဒေသတွင်း စစ်ရေးအခြေအနေကို ဖော်ပြနေသည့် Infinity Group က အသိပေးသည်။

ယနေ့ (ဩဂုတ် ၂၅ရက်) ညပိုင်းအထိ ကန့်ဘလူဒေသ နှင့် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ခြမ်း အခြေအနေများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

ကျွန်းလှမြို့နယ်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်
ကျွန်းလှမြို့နယ်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်

ယနေ့မွန်းလွဲပိုင်းတွင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ခြမ်းရှိ ဆိပ်ဖူး၊ရှမ်းကုန်း၊သိုက်ပင်ဆိပ်၊တယ်ပင်ဆိပ်ရွာတွေအနီးကို အကြမ်းဖက်စစ်ကောင်စီကနေ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဥ် ၁ စီးဖြင့် ပစ်ခတ်ကာ Mi 17 ထောက်ပို့ရဟတ်ယာဥ် ၂ စီးဖြင့် တည်ပင်ဆိပ်ရွာထဲသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ချထားခဲ့သည်ဟုဆိုသည်။

ထို့ပြင် ကောလင်းမြို့နယ် အောင်ချမ်းသာရွာအား မီးရှို့နေသော စစ်ကောင်စီတပ် စစ်ကြောင်းအား ရဟတ်ယာဉ် ၂စီးဖြင့် သုံးခေါက်သယ်ယူကာ ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာထဲသို့ ထပ်မံအင်အားဖြည့်ထားကြောင်း၊ အဆိုပါ ရွာအတွင်း၌ စစ်ကောင်စီတပ်မှ အင်အား ၁၃၀ခန့်ရှိနိုင်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ရာတွင် ကျေးရွာများအတွင်းမှ ထွက်ပြေးကြသည့် ပြည်သူများကို လိုက်လံပစ်ခတ်ခဲ့၍ တယ်ပင်ဆိပ်ရွာမှ ပြည်သူ တစ်ဦး ကျည်ထိမှန် သေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

လက်ရှိတွင် တည်ပင်ဆိပ်ရွာအတွင်း၌ စစ်ရှောင်နေသောပြည်သူများ အကြမ်းဖက်စစ်အုပ်စုလက်ထဲ၌ ပိတ်မိလျက်ရှိနေပြီး စိုးရိမ်ရသည့် အနေအထား ဖြစ်သည်ဟု ဆိုသည်။

တည်ပင်ဆိပ်ရွာ ဘုန်းကြီးကျောင်း၌ စစ်ရှောင်ပြည်သူ ၃၀၀ နီးပါး ပိတ်မိနေကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့က အသိပေးထားသည်။

တဖန်ကျွန်းလှမြို့နယ် ကုန်းစည်းရွာထဲတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ခန့်မှန်းအင်အား ၁၈၀ခန့်ဖြင့် တပ်စွဲထားကြောင်း ဖော်ပြထားသည်။

ကုန်းစည်းရွာရှိ စစ်ကောင်စီတပ်သည် ကျေးရွာသို့ ဝက်စာကျွေးပြန်လာသည့် ပြည်သူအချို့နှင့် ရွာထဲ ပိတ်မိနေသည့် ပြည်သူအချို့ကို ဖမ်းဆီးထားသည်ဟုဆိုသည်။

ကန့်ဘလူ–ကျွန်းလှအစပ် နှင့် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ခြမ်းတွင် စစ်ကောင်စီမှ စစ်ကြောင်း နှစ်ကြောင်းခွဲ၍ ထိုးစစ်ဆင်နေသောကြောင့် လက်ရှိတွင် ကျွန်းလှမြို့နယ် နှင့် ကန့်ဘလူမြို့နယ်တို့ရှိ ရွာပေါင်း ၃၀ခန့်မှ ပြည်သူ လေးသောင်းကျောင် စစ်ဘေးရှောင်နေကြရကြောင်း Infinity Group က ဖော်ပြသည်။

စစ်ကောင်စီတပသည် ကန့်ဘလူမြို့ရှိ အမြောက်တပ်ထဲသို့ စစ်ရဟတ်ယာဉ် နှစ်စီးဖြင့် သုံးခေါက်တိတိ လက်နက်ရိက္ခာလူအင်အား ဖြည့်တင်းခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ကန့်ဘလူ – ကျွန်းလှ နယ်စပ်တွင် ဩဂုတ် ၂၃ရက်က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားပြီး အရာရှိ သုံးဦးဖမ်းဆီးခံရကာ လက်နက်ခဲယမ်းအများအပြားကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းဆည်းရရှိခဲ့သည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ထက်မနည်း သေဆုံးခဲ့ကာ လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၂၀ကျော် ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ပွဲ၌အထိနာသည့် စစ်ကောင်စီတပ်သည် ယနေ့တွင် ကျွန်းလှနယ်သို့ စစ်အင်အားအများအပြား လေကြောင်းမှ ပို့ဆောင်ပြီး ထိုးစစ်ဆင်ရန် ပြင်ဆင်နေခြင်းလည်းဖြစ်သည်။

ဩဂုတ် ၂၃ရက် တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်သည် ကန့်ဘလူ–ကျွန်းလှအစပ်တွင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ရွာစဉ်အလိုက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Infinity Group က ဖော်ပြသည်။

ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့က အရေးပေါ် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ကျွန်းလှ၊ ကောလင်းမြို့နယ်များအတွင်း လေကြောင်းတိုက်ခိုက်မှုများ အချိန်မရွေး ဖြစ်လာနိုင်ကြောင်း အသိပေးထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စားနပ်ရိက္ခာများ၊ ဆေးဝါးများ စုဆောင်းထုပ်ပိုးထားရန် အသိပေးထားပြီး လေကြောင်းရန် ကာကွယ်ရေးအတွက် ကတုတ်ကျင်းများ တူးထားရန် ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကားနှစ်စီးအနက် တစ်စီးထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Danger Force LPDFအဖွဲ့၏ ထုတ်ပြန်ထားသည်။

ဗီဒီယို

ရုရှား ဒုံးကျည်ကြောင့် အပြစ်မဲ့ ပြည်သူ ၂၄ ဦး သေဆုံးပြီး ၃၁ ဦးထက်မနည်း ဒဏ်ရာတွေ ရခဲ့တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

သတင်း

အခြေအနေ အကြောင်းကြောင်းကြောင့် ဖြစ်ပွားရာ အချိန်များနှင့် တချို့အချက်အလက်များကို ဖော်ပြခြင်းမပြုတော့ပါဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်ဟု မြိုင်(ပ.က.ဖ)က အသိပေးသည်။

သတင်း

ရဟတ်ယာဉ်ပေါ်မှလက်နက်ခဲယမ်းများ ချထားခဲ့ပြီး မြို့ထဲသို့ဆိုင်ကယ်ဖြင့် သယ်သွားသည်ဟု Banmauk Revolutionက ဖော်ပြသည်။