Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်တွင် စစ်ကောင်စီတပ်ကင်းစခန်းတစ်ခုကို လက်နက်ကြီးဖြင့်ထု

ကားနှစ်စီးအနက် တစ်စီးထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Danger Force LPDFအဖွဲ့၏ ထုတ်ပြန်ထားသည်။

(ကင်းစခန်းအား ပစ်ခတ်ခဲ့သည့် လက်လုပ်(၄၀) မမအား ရဲဘော်တစ်ဦးကပြသ နေစဥ်။ဓာတ်ပုံ - Danger Force LPDF)
(ကင်းစခန်းအား ပစ်ခတ်ခဲ့သည့် လက်လုပ်(၄၀) မမအား ရဲဘော်တစ်ဦးကပြသ နေစဥ်။ဓာတ်ပုံ - Danger Force LPDF)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ကင်းစခန်းတစ်ခုအား လက်လုပ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF အဖွဲ့က ပြောသည်။

ယနေ့ (သြဂုတ် ၂၅ရက်) မွန်းလွဲ ၁နာရီခန့်က အရာတော်​မြို့ အနောက်ဘက်အထွက်ရှိ ကင်းစခန်းတစ်ခုကို လက်လုပ်(၄၀)မမဖြင့် တစ်ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Danger Force LPDF အဖွဲ့က ပြောသည်။

“လက်လုပ် (၄၀) မမနဲ့ အနီးကပ် တစ်ချက်ပစ်ခတ်ခဲ့ပါတယ်။ စခဘက်က အချက် ပေါင်း ၃၀ ကျော် ရမ်းသမ်းပစ်ခတ်မှုတွေ ရှိပါတယ်။ မနက်က စစ်ဆင်ရေးနဲ့ မွန်းလွဲပိုင်းစစ်ဆင်ရေး နှစ်ခုလုံး သေဆုံးမှု ရှိပါတယ်။”ဟု Danger Force LPDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယနေ့ နံနက် ၈ နာရီ ၄၀မိနစ်အချိန်ကလည်း အရာ​တော်မြို့မှမောင်းနှင်လာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် Canter ကားနှစ်စီးအား ကမ်းဖြူကျေးရွာနှင့် တုံးတင်ကန်ကျေးရွာကြားတွင် ပ​ဒေသာမိုင်းငါးလုံးဖြင့်​ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ကားနှစ်စီးအနက် တစ်စီးထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Danger Force LPDFအဖွဲ့၏ ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦး ကျည်ထိမှန် သေဆုံးသည်ဟု မြေပြင်သတင်း ပေးပို့မှုအရ သိရကြောင်း S.O.F က ဖော်ပြထားသည်။

သတင်း

ကုန်းစည်းရွာရှိ စစ်ကောင်စီတပ်သည် ကျေးရွာသို့ ဝက်စာကျွေးပြန်လာသည့် ပြည်သူအချို့နှင့် ရွာထဲ ပိတ်မိနေသည့် ပြည်သူအချို့ကို ဖမ်းဆီးထားသည်ဟုဆိုသည်။

သတင်း

ရဟတ်ယာဉ်ပေါ်မှလက်နက်ခဲယမ်းများ ချထားခဲ့ပြီး မြို့ထဲသို့ဆိုင်ကယ်ဖြင့် သယ်သွားသည်ဟု Banmauk Revolutionက ဖော်ပြသည်။

သတင်း

မစ္စဗစ်ကီဘိုးမန်းဖမ်းဆီးခံရတာမှန်ကန်ကြောင်းကို ရန်ကုန်မြို့မှာရှိတဲ့ ဗြိတိန်သံရုံးက အတည်ပြုပေးတယ်လို့ ဘီဘီစီမြန်မာပိုင်းသတင်းဌာနကလည်း ဖော်ပြထားပါတယ်။