Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် တွံတေးမြို့ မီးသတ်ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦး ကျည်ထိမှန် သေဆုံးသည်ဟု မြေပြင်သတင်း ပေးပို့မှုအရ သိရကြောင်း S.O.F က ဖော်ပြထားသည်။

'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် တွံတေးမြို့ မီးသတ်ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက် စစ်ကောင်စီတပ်သား သုံးဦးသေဟုဆို
'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် တွံတေးမြို့ မီးသတ်ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက် စစ်ကောင်စီတပ်သား သုံးဦးသေဟုဆို

စစ်ကောင်စီတပ်သား သုံးဦးသေဟုဆို

ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့တွင် စစ်ကောင်စီဝင်များ တပ်စွဲထားသည့် မီးသတ်ရုံးနှင့် လုံခြုံရေးချထားသော ဘန်ကာအား ယနေ့ (သြဂုတ် ၂၅) နံနက်အစောပိုင်းက နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အထူးစစ်ဆင်ရေးအဖွဲ့ (S.O.F) က ထုတ်ပြန်သည်။

ယနေ့ နံနက် ၄နာရီကျော်တွင် ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့ရှိ စစ်ရေးပစ်မှတ်ဖြစ်သော စစ်ကောင်စီဝင် ၂၀ဦးခန့် တပ်စွဲထားသည့် မီးသတ်ရုံးနှင့် လုံခြုံရေးချထားသော ဘန်ကာအား M-16 ရိုင်ဖယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရှေ့ထွက်မိုင်းတစ်လုံးဖြင့် အနီးကပ် ထပ်မံဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦး ကျည်ထိမှန် သေဆုံးသည်ဟု မြေပြင်သတင်း ပေးပို့မှုအရ သိရကြောင်း S.O.F က ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုသည် တောင်ပိုင်းစစ်ဒေသ၏ ‘နန်းထိုက်အောင်’ မြို့ပြစစ်ဆင်ရေးစီမံချက် အကောင်အထည်ဖော်မှု ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဥ်အပြီး၌ တွံတေး-ဒလ လမ်းဆုံနှင့် ဒလဆိပ်ကမ်း တံတားပေါ်တို့တွင် စစ်ကောင်စီ ဝင် အများအပြား စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

” မနက်က မီးသတ်ရုံး ရှေ့မှာ တပ်စွဲထားတဲ့ စစ်သားတွေ အပစ်ခံရတယ်လို့ သိရတယ်။ မနက် အစောကြီး ဖြစ်သွားတာ ဆိုတော့ သေချာတော့ မသိလိုက်ပါဘူး။ ဒီနေ့ တစ်နေ့လုံးတော့ တွံတေးမှာ စစ်ကားတွေ အများကြီး တစ်မြို့လုံးနီးပါး ပတ်နေပါတယ် “ဟု တွံတေးမြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား ရန်ကုန်စစ်ဆင်ရေးဧရိယာ ( ၆ )အခြေပြု S.O.F Squad – 3 (THIRD SQUAD) မှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးမှတ်တမ်းနှင့် ​အချက်အလက်များအားလုံခြုံရေး အခြေအနေအရ အလျင်းသင့်သလို ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်ကြောင်းလည်း အသိပေးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

သေဆုံးသူများ၏ အမည် စုံစမ်းမရသေး၍ သိရှိသူများအနေဖြင့် ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့၏ Facebook စာမျက်နှာသို့သတင်းပေးနိုင်သည်ဟု အသိပေးထားသည်။

သတင်း

"သူ့ကို ဘာကြောင့်ရှင်းလဲဆိုရင် အာဏာစသိမ်းတော့ ဝန်ထမ်းတွေကို သုံးရက်အတွင်း အပြီးနှင်ထုတ်တာတွေ ဘာတွေလုပ်ခဲ့တယ်" ဟုအထက်ပါပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

"ရန်သူ(အကြမ်းဖက်စစ်ကောင်စီ)ဘက်က အင် အား အလုံးအရင်းနဲ့ စစ်ထိုးလာနေတာ။သူ တို့ဘက်က နယ်မြေစိုးမိုးရေးကို ချဲ့လာနေတယ်။ဒါ ကို ကျွန်တော်တို့ အကောင်းဆုံးခုခံနေတယ်"ဟု DMO Local PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

သဖန်းဆိပ်ဆည် အနောက်ဖက်ခြမ်းရှိသို့ ရောက် ရှိနေသည့် စစ်ကောင်စီတပ်က ကုန်းစည်းရွာကို ယနေ့ နံနက် ၇နာရီခန့်တွင် မီးရှို့နေခြင်းဖြစ် ကြောင်း ကနဦးသတင်းဖော်ပြထားပြီး အသေးစိတ် အခြေအနေများ စုံစမ်းနေဆဲဖြစ်သည်။