Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျွန်းလှမြို့နယ် ကုန်းစည်းရွာကို စစ်ကောင်စီတပ် မီးရှို့နေ

သဖန်းဆိပ်ဆည် အနောက်ဖက်ခြမ်းရှိသို့ ရောက် ရှိနေသည့် စစ်ကောင်စီတပ်က ကုန်းစည်းရွာကို ယနေ့ နံနက် ၇နာရီခန့်တွင် မီးရှို့နေခြင်းဖြစ် ကြောင်း ကနဦးသတင်းဖော်ပြထားပြီး အသေးစိတ် အခြေအနေများ စုံစမ်းနေဆဲဖြစ်သည်။

(ကျွန်းလှမြို့နယ်ရှိ ညောင်ကုန်းရွာကို စစ်ကောင်စီတပ်က ဩဂုတ် ၂၂ရက်တွင် မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(ကျွန်းလှမြို့နယ်ရှိ ညောင်ကုန်းရွာကို စစ်ကောင်စီတပ်က ဩဂုတ် ၂၂ရက်တွင် မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ရှိ ကုန်းစည်းကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (ဩဂုတ် ၂၆ရက်) နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။

သဖန်းဆိပ်ဆည် အနောက်ဖက်ခြမ်းရှိသို့ ရောက် ရှိနေသည့် စစ်ကောင်စီတပ်က ကုန်းစည်းရွာကို ယနေ့ နံနက် ၇နာရီခန့်တွင် မီးရှို့နေခြင်းဖြစ် ကြောင်း ကနဦးသတင်းဖော်ပြထားပြီး အသေးစိတ် အခြေအနေများ စုံစမ်းနေဆဲဖြစ်သည်။

ကန့်ဘလူ-ကျွန်းလှ နယ်စပ်တစ်နေရာတွင် ဩဂုတ် ၂၃ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားပြီး အရာရှိများ အဖမ်းခံခဲ့ရသည်။ ထို့ပြင်လက်နက် ခဲယမ်းများ စွာကို ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းဆည်းရရှိခဲ့သည်။ ထို့ကြောင့် စစ်ကောင် စီတပ်က အဆိုပါဒေသနှင့်နီးစပ်သည့် ကျွန်းလှမြို့နယ် ကျေးရွာအချို့ကို ဩဂုတ် ၂၅ရက် ညနေပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်ကာ စစ်အင်အားများ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပို့ဆောင်ခဲ့သည့်အနက် ကုန်းစည်းရွာသို့ စစ်အင်အား ၁၈၀ ခန့်တပ်စွဲခဲ့ကြောင်း နှင့်ကျေးရွာသို့ ပြန်လာပြီး အိမ်မွေးတိရိစ္ဆာန်များအား အစာကျွေးသည့် ပြည်သူအချို့နှင့် ရွာထဲပိတ်မိနေသည့် ပြည်သူအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်းစစ်ရေး အခြေအနေများ ကိုဖော်ပြနေသည့် Infinity Groupက အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီက တစ်ဒေါ်လာကို ကျပ် ၂၁၀၀ သတ်မှတ်ထားသော်လည်း ဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၃,၁၀၀ကျပ်အထိမြင့်တက်နေသည်ဟု ငွေလဲလုပ်ငန်းရှင်များကပြောသည်။

သတင်း

ယနေ့ (သြဂုတ်၂၆ရက်)နံနက် ၉ နာရီခန့်က ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဝမ်းတွင်းမြို့တောင်ဘက်အထွက် လျှော်ပင်ကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းဆွဲကာ တိုက် ခိုက်ခံရခြင်းဖြစ်ကြောင်း Voice Of Wundwin က ဖော်ပြသည်။

သတင်း

သေဆုံးသူများ၏ အမည် စုံစမ်းမရသေး၍ သိရှိသူများအနေဖြင့် ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့၏ Facebook စာမျက်နှာသို့သတင်းပေးနိုင်သည်ဟု အသိပေးထားသည်။

သတင်း

"ရန်သူ(အကြမ်းဖက်စစ်ကောင်စီ)ဘက်က အင် အား အလုံးအရင်းနဲ့ စစ်ထိုးလာနေတာ။သူ တို့ဘက်က နယ်မြေစိုးမိုးရေးကို ချဲ့လာနေတယ်။ဒါ ကို ကျွန်တော်တို့ အကောင်းဆုံးခုခံနေတယ်"ဟု DMO Local PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။