Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုတိုက်ပွဲ နှစ်ရက်အတွင်း စစ်ကောင်စီတပ် ခုနစ်ဦးခန့်သေဟု PDF ပြော

“ရန်သူ(အကြမ်းဖက်စစ်ကောင်စီ)ဘက်က အင် အား အလုံးအရင်းနဲ့ စစ်ထိုးလာနေတာ။သူ တို့ဘက်က နယ်မြေစိုးမိုးရေးကို ချဲ့လာနေတယ်။ဒါ ကို ကျွန်တော်တို့ အကောင်းဆုံးခုခံနေတယ်”ဟု DMO Local PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဓာတ်ပုံ - ဒီးမော့ဆို PDF
ဓာတ်ပုံ - ဒီးမော့ဆို PDF

အင်အား ၂၀၀ခန့်ပါသော စစ်ကောင်စီစစ်ကြောင်းကို နှစ်ရက်အတွင်း တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦးခန့်သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO- Local PDF)က ယနေ့(သြဂုတ် ၂၆ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်များအရ သြဂုတ် ၂၄ ရက်ကစ၍ ဖရူဆိုမြို့နယ် ထီးပေါ်ဆိုအုပ်စု၊ ငွေတောင်ရွာသစ် ကျေးရွာရှိ အင်အား ၂၀၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)ဗျူဟာ(၃)၊ မဟာမိတ် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)နှင့် အလယ်ပိုင်းတိုင်း(၁၁၀၆)တပ်ရင်းတို့ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုနေ့ ညနေ ၄နာရီခန့်က ထိတွေ့တိုက်ပွဲတွင်စစ်ကောင်စီတပ်မှ ငါးဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာအချို့ရှိခဲ့ကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - ဒီးမော့ဆို PDF
ဓာတ်ပုံ – ဒီးမော့ဆို PDF

ထို့နောက် သြဂုတ် ၂၅ ရက်တွင် ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုအုပ်စု၊ ငွေတောင်ရွာသစ်ကျေးရွာရှိ အကြမ်းဖက်စစ် ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO -Local PDF)ဗျူဟာ(၃)၊ မဟာမိတ် ကရင်နီတော် လှန်ရေးတပ်ပေါင်းစု(KRU)၊ နှင့် အလယ်ပိုင်းတိုင်း(၁၁၀၆)ရင်း ပူးပေါင်းတပ်တို့ နံနက်ပိုင်းအချိန်တွင် ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးခန့် သေဆုံးခဲ့ကြောင်း အသိပေးသည်။

အဆိုပါတိုက်ပွဲများအတွင်း မိမိတို့ ပူးပေါင်းတပ် ဖက်မှ ထိခိုက်မှုမရှိခဲ့ဟု ဆိုသည်။

“ရန်သူ(အကြမ်းဖက်စစ်ကောင်စီ)ဘက်က အင် အား အလုံးအရင်းနဲ့ စစ်ထိုးလာနေတာ။သူ တို့ဘက်က နယ်မြေစိုးမိုးရေးကို ချဲ့လာနေတယ်။ဒါ ကို ကျွန်တော်တို့ အကောင်းဆုံးခုခံနေတယ်”ဟု DMO Local PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အင်အား ၂၀၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ယခုလ ၂၀ရက်မှ စတင်ကာ ဒီးမော့ဆို မြို့နယ်၊ သဲတောင်၊ ‌ခြေတော်ရာဘုရား နှင့် ဖရူဆိုမြို့နယ်၊ ငွေတောင်ရွာသစ်ကျေးရွာအတွင်း စတင်စစ်ကြောင်း ဖြန့်ထားလျက်ရှိပြီး ယခုချိန်တွင် ကဒါးလားတောင်၊ ထီးတော်ကူး၊ ထီးပေါ်ဆိုစသည့် နေရာများကို တပ်ဖြန့် ချထားလျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော် PDF၊LDF များသည် လက်နက်ခဲယမ်း၊ဆေးဝါးနှင့် အစားအစာ ရရှိရေးအတွက် ပြည်တွင်း၊ပြည်ပ အလှူရှင်များကိုသာ အားကိုးနေရသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီက တစ်ဒေါ်လာကို ကျပ် ၂၁၀၀ သတ်မှတ်ထားသော်လည်း ဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၃,၁၀၀ကျပ်အထိမြင့်တက်နေသည်ဟု ငွေလဲလုပ်ငန်းရှင်များကပြောသည်။

သတင်း

ယနေ့ (သြဂုတ်၂၆ရက်)နံနက် ၉ နာရီခန့်က ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဝမ်းတွင်းမြို့တောင်ဘက်အထွက် လျှော်ပင်ကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းဆွဲကာ တိုက် ခိုက်ခံရခြင်းဖြစ်ကြောင်း Voice Of Wundwin က ဖော်ပြသည်။

သတင်း

သေဆုံးသူများ၏ အမည် စုံစမ်းမရသေး၍ သိရှိသူများအနေဖြင့် ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့၏ Facebook စာမျက်နှာသို့သတင်းပေးနိုင်သည်ဟု အသိပေးထားသည်။