Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုရေလယ်ကျွန်းတွင် စစ်အုပ်စုအထိုင်စခန်းအား မဟာမိတ်တပ်များဝင်တိုက်ရာ စစ်ကြောင်းမှူး အပါအဝင် ၂၀ခန့်သေဟုဆို

မဟာမိတ်တပ်ဖွဲ့များဘက်က ပြည်သူ့ရဲဘော် ၆ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သ​ည်ဟု ၎င်းအဖွဲ့များက အသိပေးသည်။

(စစ်ဆင်ရေးသွားရောက်နေသည့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ - Shwe Lal Kyun PDF)
(စစ်ဆင်ရေးသွားရောက်နေသည့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ - Shwe Lal Kyun PDF)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူစောထီးစခန်းကို မဟာမိတ်အဖွဲ့ (၂၇)ဖွဲ့ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကြောင်းမှူး အရာရှိတစ်ဦးအပါအဝင် ၂၀ခန့် သေဆုံးနိုင်ကြောင်း ဒေသတွင်းမဟာမိတ်တပ်ဖွဲ့များက သတင်းထုတ်ပြန် သည်။

သြဂုတ် ၂၄ ရက် နံနက် ၅နာရီခွဲခန့်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း​ဒေသရှိ မင်းရွာကျေးရွာတွင် တစ်လကြာ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့် ပျုများ၏ အထိုင်စခန်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိတွေ့တိုက်ပွဲ ဖြစ်ပွားချိန် မိနစ် ၂၀အတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့(ရေစကြို)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မဟာမိတ်ရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအုပ်စုဘက်က စစ်ကြောင်းမှူးအရာရှိတစ်ဦးအပါအဝင် ၂၁ ဦးခန့် သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူ ၁၂ ဦးခန့်ရှိကြောင်း Shwe Lal Kyun LPDFက အသိပေးသည်။

မဟာမိတ်တပ်ဖွဲ့များဘက်က ပြည်သူ့ရဲဘော် ၆ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သ​ည်ဟု ၎င်းအဖွဲ့များက အသိပေးသည်။

ယနေ့စစ်ဆင်ရေးကို သိန်းငှက်ပြောက်ကျားတပ်ဖွဲ့(ရေစကြို)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်(ပကဖ)၊ မြင်းခြံခရိုင်တပ်ရင်း – ၁ (27 Revolution Force၊ Burmese Guerilla Force (BGF)၊ 11 Brothers Revolution Force)၊ မြင်းခြံခရိုင်တပ်ရင်း – ၂ (PDF-Taloke၊ MGN Tiger၊ MGN Ranger၊ Myingyan Twenty One Guerilla Force)၊မြင်းခြံခရိုင် တပ်ရင်း – ၃ (မြေလတ် PDFT ၊TTAပြောက်ကျားတပ်၊ 7 People’s Defense Force၊)၊ မြင်းခြံခရိုင်တပ်ရင်း – ၅ (MGN 35၊ MG 6 ပြောက်ကျားတပ်)၊ စစ်ကိုင်းခရိုင်တပ်ရင်း – ၄ (MSPDF)၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ Shwe Lal Kyun LPDF၊ ဒေါင်းညီနောင် PDF၊ YLK ပြောက်ကျားတပ်၊ ဗိုလ် ၆၀ ပြောက်ကျားတပ်၊ Farmer Defense Force၊ Young Fighters PDF၊ ရဲဘော်ညီနောင် PDF၊ ကျေးရွာတပ်ပေါင်းစု – မြောင်၊ရေလယ်ကျွန်းဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်း၊People’s Defense Force Mandalay -MDY PDF၊ YSO. ISA၊ Wolf Brothers၊ Myaung Fighters၊ Justice Revolution Force၊ Myingyan MGK ပြောက်ကျားတပ်ဖွဲ့၊ Yesagyo PDF၊ Thwaythauk Revolution Force ၊ K.N.T ပြောက်ကျားတပ်ဖွဲ့၊ နဂါးနီ ပြောက်ကျားတပ်ဖွဲ့စသည့် မဟာမိတ်တပ်ဖွဲ့ (၂၇) ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၎င်းအဖွဲ့များက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး ဒေသတွင်းမဟာမိတ်အဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မင်းရွာရှိ အကြမ်းဖက်စစ်အုပ်စုသည် သြဂုတ်အတွင်းတွင် ရေလယ်ကျွန်းရှိ ကျေးရွာနှစ်ရွာအား ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ သြဂုတ် ၂၃ရက်ကလည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသေးကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"သူ့ကို ဘာကြောင့်ရှင်းလဲဆိုရင် အာဏာစသိမ်းတော့ ဝန်ထမ်းတွေကို သုံးရက်အတွင်း အပြီးနှင်ထုတ်တာတွေ ဘာတွေလုပ်ခဲ့တယ်" ဟုအထက်ပါပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

တိုက်ပွဲဖြစ်ပွားနေသော အနီးတစ်ဝိုက်ရွာများရှိ ရွာသူ၊ရွာသားများအနေဖြင့် အချိန်မရွေး တိုက်ပွဲပြင်းထန်လာနိုင်သဖြင့် ဘေးလွတ်ရာသို့ ရွေ့‌ပြောင်းနေထိုင်ရန် KRU က တိုက်တွန်းသည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦး ကျည်ထိမှန် သေဆုံးသည်ဟု မြေပြင်သတင်း ပေးပို့မှုအရ သိရကြောင်း S.O.F က ဖော်ပြထားသည်။

သတင်း

ကုန်းစည်းရွာရှိ စစ်ကောင်စီတပ်သည် ကျေးရွာသို့ ဝက်စာကျွေးပြန်လာသည့် ပြည်သူအချို့နှင့် ရွာထဲ ပိတ်မိနေသည့် ပြည်သူအချို့ကို ဖမ်းဆီးထားသည်ဟုဆိုသည်။