Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဗိုလ်အပါအဝင် သုံးဦးသေ

ယခုစစ်ဆင်ရေးကို PDFတပ်ဖွဲ့များ၏ မြို့ပြပျောက်ကျားအဖွဲ့ဖြစ်သည့် Operation Momoကဆောင်ရွက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

(ကလေးမြို့တွင် ၂၀၂၁ ဖေဖော်ဝါရီ ၁၂ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ကလေးမြို့တွင် ၂၀၂၁ ဖေဖော်ဝါရီ ၁၂ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကလေးမြို့တွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းတစ်ခုကို ယနေ့ နံနက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း Operation Mo Mo ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်​ပြန်သည်။

စစ်ကောင်စီစစ်ကြောင်းကို ကလေးမြို့ (၉)မိုင် စက်မှုဇုန်တံတားတွင် ယနေ့(သြဂုတ် ၂၆ရက်) နံနက် ၆နာရီ၄၅မိနစ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဗိုလ်တစ်ဦးအပါအဝင် သုံးဦးပွဲချင်းပြီးသေဆုံးကာ ၂၀ခန့် ဒဏ်ရာရရှိခဲ့ကြောင်း Operation Mo Mo က သတင်းထုတ်ပြန်သည်။

“Operation Mo Moက တိုက်ခိုက်တာ။ စစ်ခွေးတွေ စစ်ကြောင်းထိတာများတယ်”ဟု ကလေး PDF ရဲဘော်တစ်ဦးက ပြောသည်။

“Opretion MoMoနဲ့Yatu Project ထုတ်မိုင်းတွေကို လျော့မတွက်စေချင်ဘူးခေါင်းကြီးတို့။ကလေးမြို့တွင်း ခွေးတွေကို ငရဲပို့ပေးနေတဲ့ Team Mo Mo”ဟု PDF ကလေး၏ မိုင်းထုတ်လုပ်ရေးတပ်ဖွဲ့ကလည်း မှတ်ချက်ပေးထားသည်။

ယခုစစ်ဆင်ရေးကို PDFတပ်ဖွဲ့များ၏ မြို့ပြပျောက်ကျားအဖွဲ့ဖြစ်သည့် Operation Momoကဆောင်ရွက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

“Operation MO MO အဖွဲ့ရဲ့လှုပ်ရှားမှုတွေကို ကြိုက်ကြတယ်မလား၊ ပျော်ကြတယ်မလား… အဲ့လိုဆို လှုပ်ရှားနိုင်အောင် မူရင်း Page CB ကနေ သွားကူကြလှူကြ ပံ့ပိုးကြနော်”ဟု ကလေးမြို့လွှတ်တော်ကိုယ်စားလှယ်ဒေါ်သန့်ဝေကျော်က တိုက်တွန်းထားသည်။

Operation Mo Moသည် လူငယ်အများစု ပူးပေါင်းဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကလေးမြို့ ဘိုကုံးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(သြဂုတ် ၂၅ရက်)ည ၈နာရီကျော် တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

သတင်း

နယ်မြေစိုးမိုးမှုနှင့်လုံခြုံရေးအရတိုက်ပွဲ ဖြစ်စဥ်နေရာကို PRA က မဖော်ပြသေးပေ။ထို့အပြင်လက်ရှိအချိန်ထိလည်း တိုက်ပွဲမှာ တင်းမာနေဆဲ ဟု ဆိုသည်။

သတင်း

မင်းတပ်(ပအဖ)အနေဖြင့် CDM ဝင်ရောက်ကြရေး လေးကြိမ်တိုင်တိုင် ထုတ်ပြန်ခဲ့ပြီး ဩဂုတ် ၁၅ရက် နောက်ဆုံးထား၍ ပြည်သူ့ဝန်ထမ်းများ CDM ဝန်ရောက်ကြရန် ထုတ်ပြန်ထားကြောင်းဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတပ်သည် မြ၀တီမြို့နယ် မြ၀တီ-ဝေါ်လေ ကားလမ်းအနီးတဝိုက်ဒေသများကိုလည်း လေကြောင်း တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။