Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းနှင့် မကွေးတိုင်းအစပ် လေးရက်တာတိုက်ပွဲ စစ်ကောင်စီတပ် ၁၃ ဦးသေ၊ ပြည်သူ့ရဲဘော်လေးဦး ကျဆုံး

နယ်မြေစိုးမိုးမှုနှင့်လုံခြုံရေးအရတိုက်ပွဲ ဖြစ်စဥ်နေရာကို PRA က မဖော်ပြသေးပေ။ထို့အပြင်လက်ရှိအချိန်ထိလည်း တိုက်ပွဲမှာ တင်းမာနေဆဲ ဟု ဆိုသည်။

(ကျဆုံးရဲဘော်များအား အလေးပြုနေသည့် PRA ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - PRA)
(ကျဆုံးရဲဘော်များအား အလေးပြုနေသည့် PRA ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - PRA)

စစ်ကိုင်းနှင့် မကွေးတိုင်းအစပ် ဒေသအတွင်း လေးရက်တာတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးကာ ရဲဘော်လေးဦးကျဆုံးခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)က ယနေ့(သြဂုတ် ၂၆ ရက်) ထုတ်ပြန်သည်။

သြဂုတ် ၂၀ ရက်မှ ၂၃ ရက်အထိ ထိတွေ့မှုတိုက်ပွဲများမှာ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ရဟတ်ယာဥ်အသုံးပြု၍ တပ်ကူစေလွှတ်ခဲ့ရသည်ဟု ဆိုသည်။

“စခ တွေကို တိုက်ခိုက်တဲ့ တိုက်ပွဲတွေထဲမှာ အခု တိုက်ပွဲက ကျွန်တော်တို့ အထိနာဆုံးပွဲတစ်ခု ဖြစ်ခဲ့တယ် လို့ ပြောရမယ်”ဟု PRA ဦးဆောင်သူ ဗိုလ်ဂျပန်က လူထုနွေဦးသို့ ပြောသည်။

နယ်မြေစိုးမိုးမှုနှင့်လုံခြုံရေးအရတိုက်ပွဲ ဖြစ်စဥ်နေရာကို PRA က မဖော်ပြသေးပေ။ထို့အပြင်လက်ရှိအချိန်ထိလည်း တိုက်ပွဲမှာ တင်းမာနေဆဲ ဟု ဆိုသည်။

ကျဆုံးခဲ့ရသော ရဲဘော်လေးဦးအနက် PRA တပ်မတော် ဗဟိုကော်မတီဝင် ခေါင်းဆောင် လေးဦးအနက်မှ ဗိုလ်စိုင်းညီညီဆွေ ပါဝင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သြဂုတ် ၂၀ ရက်ကစ၍ PRA တပ်မတော် လှုပ်ရှားနယ်မြေ စစ်ကိုင်းတိုင်း ပုလဲမြို့ နှင့် မကွေး တိုင်း မြိုင်မြို့နယ်အစပ်ကို စစ်ကောင်စီက ရဟတ်ယာဥ်လေးစီးဖြင့် အင်အား ၁၀၀ ကျော်ချကာ စစ်ကြောင်းထိုးလာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ပုလဲမြို့နှင့် မြိုင်မြို့နယ်အစပ်များမှ ကျေးရွာ (၈)ရွာကျော်မှ စစ်ရှောင် ၄,၀၀၀ ခန့် စစ်ဘေးတိမ်းရှောက်လျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကလေးမြို့ ဘိုကုံးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(သြဂုတ် ၂၅ရက်)ည ၈နာရီကျော် တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

သတင်း

ယခုစစ်ဆင်ရေးကို PDFတပ်ဖွဲ့များ၏ မြို့ပြပျောက်ကျားအဖွဲ့ဖြစ်သည့် Operation Momoကဆောင်ရွက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

မင်းတပ်(ပအဖ)အနေဖြင့် CDM ဝင်ရောက်ကြရေး လေးကြိမ်တိုင်တိုင် ထုတ်ပြန်ခဲ့ပြီး ဩဂုတ် ၁၅ရက် နောက်ဆုံးထား၍ ပြည်သူ့ဝန်ထမ်းများ CDM ဝန်ရောက်ကြရန် ထုတ်ပြန်ထားကြောင်းဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတပ်သည် မြ၀တီမြို့နယ် မြ၀တီ-ဝေါ်လေ ကားလမ်းအနီးတဝိုက်ဒေသများကိုလည်း လေကြောင်း တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။