Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့နယ်တွင် ကျေးရွာအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူရှစ်ဦး ကျဉ်ထိမှန်ဒဏ်ရာရ

ကလေးမြို့ ဘိုကုံးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(သြဂုတ် ၂၅ရက်)ည ၈နာရီကျော် တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

(ထိခိုက်ဒဏ်ရာရရှိသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ထိခိုက်ဒဏ်ရာရရှိသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ကျေးရွာအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားပြည်သူရှစ်ဦး ကျဉ်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

ကလေးမြို့ ဘိုကုံးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(သြဂုတ် ၂၅ရက်)ည ၈နာရီကျော် တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

(ထိခိုက်ဒဏ်ရာရရှိသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ထိခိုက်ဒဏ်ရာရရှိသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

“ကျွန်တော်တို့ တက်မလာအောင် ခြောက်လှန့်ပြီး ပစ်တာထင်တယ်။ကျွန်တော်တို့ရှိတဲ့နေရာနဲ့ တခြားစီပဲ။ ရွာထဲကို ကျပြီး ပြည်သူတွေ ကံဆိုးသွားတာ”ဟု ကလေး PDFမှ ရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ဒဏ်ရာရသူများသည် အသက် (၃၀)မှ (၅၀)ကြား အမျိုးသမီး ငါးဦး နှင့် အမျိုးသား သုံးဦးတို့ဖြစ်သည်။ ထို့အပြင် အခြားရွာတစ်ရွာမှနေ၍ ဘိုကုံးရွာအတွင်း လာရောက် စစ်ဘေးရှောင်နေကြရင်း နေအိမ်တစ်ခုအတွင်း ရှိနေစဥ် လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းဖြစ်သည်။ ခန္တာကိုယ်တွင် ယမ်းစထိမှန်ဒဏ်ရာရခဲ့ကြပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ကြောင်း ဒေသခံများက ပြောသည်။

(ထိခိုက်ဒဏ်ရာရရှိသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ထိခိုက်ဒဏ်ရာရရှိသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

ကလေးမြို့တွင် စစ်ရေးတင်းမာနေပြီး စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းတစ်ခုအား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ယနေ့ နံနက် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ယင်းဖြစ်စဥ်တွင် ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

၎င်းတို့အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ အကြမ်းဖက်စစ်သားတစ်ဦး သေဆုံး၍ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း PDF- Talokeက သတင်းထုတ်ပြန်သည်။

သတင်း

နံနက် ၇နာရီက ကုန်းစည်းရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်သည် ညောင်ပင်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ကြောင်း ဖော်ပြသည်။

သတင်း

နယ်မြေစိုးမိုးမှုနှင့်လုံခြုံရေးအရတိုက်ပွဲ ဖြစ်စဥ်နေရာကို PRA က မဖော်ပြသေးပေ။ထို့အပြင်လက်ရှိအချိန်ထိလည်း တိုက်ပွဲမှာ တင်းမာနေဆဲ ဟု ဆိုသည်။

သတင်း

ယခုစစ်ဆင်ရေးကို PDFတပ်ဖွဲ့များ၏ မြို့ပြပျောက်ကျားအဖွဲ့ဖြစ်သည့် Operation Momoကဆောင်ရွက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။