Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်က ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာကို ထပ်မံမီးရှို့၊ မနက်က မီးရှို့ခံရသည့် ကုန်းစည်းရွာတွင် အိမ်ခြေ ၆၀ခန့်ပျက်စီး

နံနက် ၇နာရီက ကုန်းစည်းရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်သည် ညောင်ပင်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်က ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာကို ထပ်မံမီးရှို့
စစ်ကောင်စီတပ်က ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာကို ထပ်မံမီးရှို့

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်းနေသည့် စစ်ကောင်စီတပ်သည် ယနေ့နံနက်ပိုင်းတွင် ကုန်းစည်းရွာကို မီးရှို့ခဲ့ပြီး ညနေပိုင်းတွင် တည်ပင်ဆိပ်ရွာကို မီးရှို့ခဲ့ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။

နံနက် ၇နာရီက ကုန်းစည်းရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်သည် ညောင်ပင်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ကြောင်း ဖော်ပြသည်။

မီးရှို့ခံရသည့် ကုန်းစည်းရွာမှ အိမ်ခြေ ၆၀ခန့် ပြာကျခဲ့ကြောင်း ၊ ကုန်းဏည်းရွာမ ရွာထဲမှ စာကြည့်တိုက် အပါအဝင် နေအိမ် ၄၂လုံး၊ အရှေ့ကုန်းစည်းရွာမှ နေအိမ် ၁၇လုံး၊ စုစုပေါင်း ၅၉ လုံးပျက်စီးခဲ့သည်ဟု ဒေသတွင်း သတင်းများ ဖော်ပြနေသည့် Infinity Groupက အသိပေးထားသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ကျေးရွာ ဘုန်းကြီးကျောင်းထဲမှ ပစ္စည်းများ၊ စားနပ်ရိက္ခာများ၊ ကား၊ ဆိုင်ကယ်များကိုလည်း ဖျက်ဆီးသွားပြီး ရွာထဲမှ နေအိမ်များကို ဝင်ရောက် ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ အဆိုပါကုန်းစည်းရွာကို စစ်ကောင်စီတပ်က ယခင်ကလည်း မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။ စစ်ကောင်စီတပ်သည် ရွာခံအချို့ကိုလည်း ဖမ်းဆီးထားကြောင်း ဖော်ပြထားသည်။

ကျွန်းလှ – ကန့်ဘလူနယ်စပ်တစ်နေရာတွင် ဩဂုတ် ၂၃ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့၍ ဩဂုတ် ၂၅ရက်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ကာ စစ်ကောင်စီတပ်က အင်အားများဖြည့်တင်းပြီး ဒေသတွင်းသို့ စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

၎င်းတို့အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ အကြမ်းဖက်စစ်သားတစ်ဦး သေဆုံး၍ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း PDF- Talokeက သတင်းထုတ်ပြန်သည်။

သတင်း

ကလေးမြို့ ဘိုကုံးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(သြဂုတ် ၂၅ရက်)ည ၈နာရီကျော် တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

သတင်း

နယ်မြေစိုးမိုးမှုနှင့်လုံခြုံရေးအရတိုက်ပွဲ ဖြစ်စဥ်နေရာကို PRA က မဖော်ပြသေးပေ။ထို့အပြင်လက်ရှိအချိန်ထိလည်း တိုက်ပွဲမှာ တင်းမာနေဆဲ ဟု ဆိုသည်။

သတင်း

ယခုစစ်ဆင်ရေးကို PDFတပ်ဖွဲ့များ၏ မြို့ပြပျောက်ကျားအဖွဲ့ဖြစ်သည့် Operation Momoကဆောင်ရွက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။