Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အသွင်ကူးပြောင်းရေးကာလခြေဥ(မူကြမ်း)ရေးဆွဲရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီးဖြစ်​ကြောင်းNUCC ထုတ်ပြန်

ယင်းလုပ်ငန်းအဖွဲ့က အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ကို ပြုစုပြီး နောက် NUCC သည် ပိုမိုကျယ်ပြန့်သော နိုင်ငံရေးအင်အားစုများနှင့် ဆွေးနွေးဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဟုလည်းထုတ်ပြန်သည်။

အသွင်ကူးပြောင်းရေးကာလခြေဥ(မူကြမ်း)ရေးဆွဲရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီးဖြစ်​ကြောင်းNUCC ထုတ်ပြန်
အသွင်ကူးပြောင်းရေးကာလခြေဥ(မူကြမ်း)ရေးဆွဲရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီးဖြစ်​ကြောင်းNUCC ထုတ်ပြန်

အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေးလုပ်ငန်းအဖွဲ့ကို ပါဝင် သင့်ပါဝင်ထိုက်သူများနှင့် ဖွဲ့စည်းထားကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ယနေ့ထုတ်ပြန်သည်။

အဆိုပါ လုပ်ငန်းအဖွဲ့တွင် NUCC အဖွဲ့ဝင်များ၊ အဖွဲ့ဝင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ NUG ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ကချင်နိုင်ငံရေးဆိုင်ရာကြားကာလညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(KPICT) တို့မှ ကိုယ်စားလှယ်များ စသည့် ပါဝင်သင့် ပါဝင်ထိုက်သူ အဖွဲ့ဝင် ၂၄ ဦးဖြင့် ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟုအသိ​ပေးထား သည်။

ယင်းလုပ်ငန်းအဖွဲ့က အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ကို ပြုစုပြီး နောက် NUCC သည် ပိုမိုကျယ်ပြန့်သော နိုင်ငံရေးအင်အားစုများနှင့် ဆွေးနွေးဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဟုလည်းထုတ်ပြန်သည်။

သို့​သော်ဥပဒေမူကြမ်းကို ပြုစုမည့်အချိန်ကာလသတ်မှတ်ချက်ကို မသိရသေးပေ။

‘အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်း’မှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) ၏ အခန်း (၃) “အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ” တွင် ပါဝင်သော အဋ္ဌမအဆင့်ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယင်းမဟာဗျူဟာ(မူကြမ်း)ကို မည်သည့်အချိန်တွင် အတည်ပြုနိုင်မည်ဆိုသည်ကို NUCC က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

သတင်း

တချိန်တည်းတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအထူးကိုယ်စားလှယ်၏ သက်တမ်းကို တစ်နှစ်ထက်ပိုမို သက်မှတ်သင့်ကြောင်းနှင့် အာဆီယံအထူးကိုယ်စားလှယ်မှာ နိုင်ငံခြား ရေးဝန်ကြီးဖြစ်ရန်လည်း မလိုအပ်ကြောင်း ယမန်နေ့သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

သတင်း

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားများအပေါ် သေဒဏ်စီရင်ခြင်းကို ဆန့်ကျင်သည့် ထောင်တွင်းအစာငတ်ခံဆန္ဒပြခြင်းများနှင့်ပတ်သက်၍ NUCC က ထုတ်ပြန်တိုက်တွန်းခဲ့ခြင်းဖြစ် သည်။

သတင်း

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို သေဒဏ်စီရင်ပြီးကြောင်း ထုတ်ပြန်ချက်မှာ စစ်အုပ်စုသည် လက်နက်အားကိုးပြီး ကမ်းကုန်အောင် ယုတ်မာရိုင်းစိုင်းစွာ ပြည်သူအပေါ် အနိုင်ကျင့်ခြင်းဖြစ်သည်ဟု NUCC က ထုတ်ပြန်သည်။