Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်၏ စစ်​သင်္ဘောများနှင့် ဆီသယ် ရေယာဥ်လုံခြုံရေးများကို တိုင်းသုံးတိုင်း PDF အဖွဲ့များ ပေါင်းတိုက်

၎င်းတို့အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ အကြမ်းဖက်စစ်သားတစ်ဦး သေဆုံး၍ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း PDF- Talokeက သတင်းထုတ်ပြန်သည်။

(ဇွန်လအတွင်းက အကြမ်းဖက်စစ်တပ်ရေယာဥ်အား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့စဥ်။ဓာတ်ပုံ - PDF - Taloke)
(ဇွန်လအတွင်းက အကြမ်းဖက်စစ်တပ်ရေယာဥ်အား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့စဥ်။ဓာတ်ပုံ - PDF - Taloke)

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်​သင်္ဘောများနှင့် ဆီသယ်ရေယာဥ်လုံခြုံရေးများအား တိုင်း သုံးတိုင်း PDFအဖွဲ့များက ပူးပေါင်းပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ဒေသတွင်း PDFအဖွဲ့များက ထုတ်ပြန်သည်။

သြဂုတ် ၂၂ ရက် နံနက် ၁ဝ နာရီခန့်က ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်လာသော စစ်ကောင်စီ၏ ဆီသယ်ရေယာဥ်အား လုံခြုံရေးပေးရန် လိုက်ပါလာသော အမြန်ရေယာဥ်အား မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ရှိ ဒေသတွင်း PDF အဖွဲ့များက ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

၎င်းတို့အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ အကြမ်းဖက်စစ်သားတစ်ဦး သေဆုံး၍ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း PDF- Talokeက သတင်းထုတ်ပြန်သည်။

ညနေ ၄ နာရီခန့်တွင်လည်း ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်သို့ ဆန်တက်လာသော စစ်​သင်္ဘောအကြီး သုံးစီးအား လိုက်လံပစ်ခတ်ခဲ့ရာတွင် စစ်ကောင်စီဘက်က (၆၀)မမ၊ (၄၀) မမတို့ဖြင့် ပြန်လည်ပစ်ခက်ခဲ့သဖြင့် စစ်ကောင်စီတပ် အကျအဆုံးမသိရသေးဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု PDF- Talokeက အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးအား People Defense Force-Taloke(မြင်းခြံခရိုင်တပ်ရင်း၂)၊ MGN-RANGER(မြင်းခြံခရိုင်တပ်ရင်း ၂)၊ MGN-Tiger( မြင်းခြံခရိုင်တပ်ရင်း ၂)၊ MGN-21 မြင်းခြံခရိုင်တပ်ရင်း (၂)၊ မန္တ​လေးခရိုင် တပ်ရင်း ၃၊ ရေစကြို တပ်ရင်း(၂)၊ Wolf Brothers၊ Justic Revolution Force၊ YSO-ISA၊ MG6 ပြောက်ကျားတပ်ဖွဲ့၊ Myaung Fighter၊ Myingyan MGK ပြောက်ကျားတပ်ဖွဲ့၊ ရေလယ်ကျွန်းတပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး PDF Talokeအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"စခများအလိုကျ ငွေတောင်းခံခြင်း၊ မီးဖျက်ခြင်းနှင့် CDM မလုပ်သော ဝန်ထမ်းများကို ထပ်မံသုတ်သင်ရှင်းလင်းသွားမည် ဖြစ်ပါသည်"ဟု ဒေါင်းစစ်သည်အဖွဲ့က ​ဖော်ပြထားထားသည်။

သတင်း

စစ်ကောင်စီထုက်ကုန် Boycott စာရင်းဝင်Dagon ဘီယာများအား ဖျက်ဆီးခဲ့ပြီး ကာလပေါက်စျေး ကျပ်သိန်း ၁၀၀ခန့်ရှိနိုင်ကြောင်း တန့်ဆည် (ပကဖ)က အသိပေးသည်။

သတင်း

ယနေ့ည ၈ နာရီ ၅၀ ခန့်က မှော်ဘီမြို့ အမှတ် (၄)လမ်း မကြီးရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

နံနက် ၇နာရီက ကုန်းစည်းရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်သည် ညောင်ပင်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ကြောင်း ဖော်ပြသည်။