Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လှိုင်မြို့နယ် လျှပ်စစ်ရုံး ဗုံးပေါက်

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အင်းစိန်လမ်းနှင့် ဘူတာရုံလမ်း အနီးတစ်ဝိုက်ကို စစ်ကောင် စီဝင်များက လမ်းများပိတ်ဆို့၍ စစ်ဆေးနေကြောင်း သိရသည်။

(လှိုင်မြို့နယ် လျှပ်စစ်ရုံးရှေ့အား တွေ့ရစဉ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(လှိုင်မြို့နယ် လျှပ်စစ်ရုံးရှေ့အား တွေ့ရစဉ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)

ရန်ကုန်မြို့ လှိုင်မြို့နယ် အင်းစိန်လမ်းမပေါ် ဘူတာရုံလမ်း ကားမှတ်တိုင်အနီးရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတွင် ယနေ့ (သြဂုတ် ၂၆) ညနေပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက် နေ ပြည်သူများက ပြောသည်။

“ညနေ ၃ နာရီခွဲလောက်က ဗုံး​ပေါက်တဲ့ အသံ တစ်ချက် ကြားလိုက်ရတယ်။ လူထိခိုက်မှု ရှိ၊ မရှိတော့ မသိရပါဘူး။ ဆေးရုံကား နှစ်စီးတော့ မီတာရုံးဘက်ကို ထွက်သွားတာ တွေ့လိုက်တယ် ” ဟု လှိုင်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ယင်းပေါက်ကွဲမှုကို မည်သည့်အဖွဲ့ကလုပ်ဆောင် ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေ။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အင်းစိန်လမ်းနှင့် ဘူတာရုံလမ်း အနီးတစ်ဝိုက်ကို စစ်ကောင် စီဝင်များက လမ်းများပိတ်ဆို့၍ စစ်ဆေးနေကြောင်း သိရသည်။

” ဗုံးပေါက်ပေါက်ပြီးချင်း အင်းစိန်လမ်း၊ ဘူတာရုံလမ်းအနီးတဝိုက် လမ်းတွေ နှစ်ဖက်စလုံး ပိတ် ထားပြီး စစ်တယ် လို့ သိရတယ်။ ညနေ ၅ နာရီလောက်ကျတော့ မြို့ထဲဘက် တက်တဲ့အခြမ်းကို ဖွင့်ပေးလိုက်ပြီး၊ သမိုင်းဘက် သွားမယ့်ဘက်ကို ကန်လမ်းလောက်မှ လမ်းဆက်ပိတ်ထားတယ်။ စစ်ကားအသေး ၃ စီးလောက် ရပ်ထားပြီး အောက်မှာလည်း စစ်သားတွေ အဆင်သင့်စောင့်နေတာ တွေ့ရပါတယ် ” ဟု အဌားယာဥ်မောင်းတစ်ဦးက ပြောသည်။

ထို့အပြင် လှိုင်မြို့နယ် လျှပ်စစ် မန်နေဂျာရုံး၌ မပေါက်ကွဲသေးသည့် ဗုံးတစ်လုံး ထပ်မံတွေ့ရှိသည့် အတွက် စစ်ကောင်စီဝင်များက ညနေ ၅ နာရီကျော်တွင် ဖောက်ခွဲလိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ၅ နာရီကျော်လောက်က ဗုံးပေါက်သံ အကျယ်ကြီး တချက် ကြားလိုက်ရတယ်။ စံရိပ်ငြိမ်နားက သူတွေတောင် ကြားရတယ် ပြောတယ်။ ညနေက လှိုင် EPC ရုံးမှာ မပေါက်ကွဲသေးတဲ့ဗုံးကို စစ်သားတွေက ဖောက်ခွဲလိုက်တာလို့တော့ သိရပါတယ် “ဟု ၎င်းက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၈ မိုင်အနီးရှိ တရားရုံးတွင်လည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အရပ်ဝတ် ရဲနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"စခများအလိုကျ ငွေတောင်းခံခြင်း၊ မီးဖျက်ခြင်းနှင့် CDM မလုပ်သော ဝန်ထမ်းများကို ထပ်မံသုတ်သင်ရှင်းလင်းသွားမည် ဖြစ်ပါသည်"ဟု ဒေါင်းစစ်သည်အဖွဲ့က ​ဖော်ပြထားထားသည်။

သတင်း

စစ်ကောင်စီဝင်များက အရုပ်တွင် ဗုံးတွေ့ရှိ၍ ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်းနှင့် လူထိခိုက်မှု မရှိခဲ့​ကြောင်း အင်းစိန်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

သတင်း

အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေးဆုံးအခြေအနေအား မသိရသေးသော်လည်း တော်လှန်ရေးရဲဘော်များ ဘေးကင်းလုံခြုံသည့်နေရာသို့ ရောက်ရှိပြီဖြစ်ကြောင်း အသိပေးသည်။

သတင်း

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ မြို့တော်ခန်းမအနီး လမ်းများကို ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။