သာကေတမြို့နယ် လျှပ်စစ်မီတာရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ကြောင်း ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့က သြဂုတ် ၂၆ရက်တွင် ထုတ်ပြန်သည်။
ယမန်နေ့ည ၈ နာရီကျော်က သာကေတမြို့နယ် လျှပ်စစ်မီတာရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ပြင်ဆက်ဖောက်ခွဲခဲ့ရာ တစ်လုံးမှာ ချို့ယွင်းချက်ဖြစ်ပြီး ကျန်တစ်လုံးသာပေါက်ကွဲခဲ့ကြောင်း ဖော်ပြသည်။
အထက်ပါ သာကေတမြို့နယ်လျှပ်စစ်ရုံးပေါက်ကွဲမှုနှင့် စပ်လျဥ်းပြီး ယနေ့ည ၈ နာရီကျော်က ပေါက်ကွဲသံတစ်ချက် ကြားရသော်လည်း လျှပ်စစ်မီတာရုံးအတွင်း ထိ ခိုက်ပျက်ဆီးမှုရှိမရှိဆိုသည်ကို မသိရကြောင်း သာကေတတွင် နေထိုင်သူတစ်ဦးက ပြောသည်။
“စခများအလိုကျ ငွေတောင်းခံခြင်း၊ မီးဖျက်ခြင်းနှင့် CDM မလုပ်သော ဝန်ထမ်းများကို ထပ်မံသုတ်သင်ရှင်းလင်းသွားမည် ဖြစ်ပါသည်”ဟု ဒေါင်းစစ်သည်အဖွဲ့က ဖော်ပြထားထားသည်။
တိုက်ခိုက်မှုတွင်ပါဝင်သော ရဲဘော်များ ဘေးကင်းရာသို့ရောက်ရှိပြီဖြစ်ကြောင်း အသိပေးထားသည်။