Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောက်ဥက္ကလာ (ဌ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

“မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်မှုအပြီး အတွင်းက အော်ဟစ်သံတွေ ကြားရတယ်။ လက်ရှိအချိန်ထိ အထိအခိုက် အကျအဆုံး သတင်းများ အရ ၄ ယောက် သေတယ်လို့ သိရတယ် ” ဟု UMCD အဖွဲ့က ပြောသည်။

ဓာတ်ပုံ - မြောက်ဥက္ကလာ (ဌ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဥ် (ပုံအဟောင်းအသုံးပြုထားသည်)
ဓာတ်ပုံ - မြောက်ဥက္ကလာ (ဌ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဥ် (ပုံအဟောင်းအသုံးပြုထားသည်)

▪️စစ်ကောင်​စီတပ်သား လေးဦးသေဟုဆို

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ယမန်နေ့ (သြဂုတ် ၂၆) ညပိုင်းက အဝေးထိန်းလက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Union Myanmar Civil Defence – UMCD အဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့ ည ၉ နာရီ ၉ မိနစ်ခန့်အချိန်တွင် (ဌ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စစ်ကောင်စီဝင် ထောက်လှမ်းရေးများဟု ယူဆရသည့် အရပ်ဝတ် များ ရှိနေချိန်တွင် UMCD နှင့်မဟာမိတ်ဖြစ်သော Rawt Malan HpyenLa – RMH ( တော်လှန်ရေးရဲဘော်)တို့ ပူးပေါင်းပြီး အဝေးထိန်းလက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

“မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်မှုအပြီး အတွင်းက အော်ဟစ်သံတွေ ကြားရတယ်။ လက်ရှိအချိန်ထိ အထိအခိုက် အကျအဆုံး သတင်းများ အရ ၄ ယောက် သေတယ်လို့ သိရတယ် ” ဟု UMCD အဖွဲ့က ပြောသည်။

အဆိုပါ ဖောက်ခွဲမှု ပြုလုပ်ပြီးနောက် တော်လှန် ရေးအဖွဲ့သားများ အားလုံး ဘေးကင်းရာအရပ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီဝင်များနှင့် စစ်ကောင်စီ ဒေါက်တိုင်များရှိရာ နေရာများသို့ ရှောင်ရှားသွားစေရန် UMCD က အသိပေးခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရုံးအတွင်း လူနာတင်ယာဉ်များ သွားလာနေပြီး မြောက်ဥက္ကလာ ဝေဘာဂီလမ်းမကြီးအား ‌ခြောက်ကွေ့ ဂက်စ်ဆိုင်အနီးမှ (ဌ)ရပ်ကွက်ရုံး အကျော်အထိ စစ်ကောင်စီတပ်က လမ်းများပိတ်ဆို့၍ စစ်ဆေးနေကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

” (ဌ) ရပ်ကွက်ရုံးနားမှာ ညက ဗုံးပေါက်သံ အကျယ်ကြီး ကြားလိုက်ရတယ်။ လေးယောက်သေတယ် လို့တော့ ပြောနေကြတယ်။ စစ်ကားတွေ အများကြီး လမ်းတွေပိတ်ပြီး စစ်နေတော့ သွားမကြည့်ရဲကြဘူး။ လူနာတင်ကားတွေတော့ သွားနေတာ တွေ့လိုက်တယ်။ သေ၊ မသေတော့ သေချာမသိပါဘူး။ ညကတော့ ဘုမ္မာ ၁၁ လမ်းမှာ ဧည့်စာရင်းဆိုပြီး စစ်သားတွေ ဝင်မွှေနေတယ်လို့ ကြားပါတယ် ” ဟု မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

အခြားသော အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေများအား သတိအမျိုးမျိုး ပေးထားသည့်ကြားမှ ဆက်လက်ရမ်းကားနေပါက ပြည်သူ့ဘက် တော်သားများ အနေဖြင့် လိုအပ်သည်များကို တုန့်ဆိုင်းမှုမရှိဘဲ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း UMCD က သတိပေး ထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့ည ၈ နာရီ ၅၀ ခန့်က မှော်ဘီမြို့ အမှတ် (၄)လမ်း မကြီးရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက်သည် မကြာခဏ ဧည့်စာရင်းဝင်စစ်ခံရလေ့ရှိပြီး ယခု အသတ်ခံရသည့် ရာအိမ်မှူးဆိုသူလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။

သတင်း

ပထမချိန်ကိုက်ဗုံးမှာ အုပ်ချုပ်ရေးရုံးအား ဖောက် ခွဲခဲ့ခြင်းဖြစ်ပြီး၊ ဒုတိယဗုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပါက ထိခိုက်မှုရှိစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

သတင်း

တိုက်ခိုက်မှုဖြစ်စဥ်များအရ ယမန်နေ့(သြဂုတ် ၁၆ ရက်)ည ၈နာရီ ၂၅မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ် အမှတ် (၁)ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးအား ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။