Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာတွင်စားဝတ်​နေ​ရေးအခက်အခဲရှိ​သော အ​ခြေခံပြည်သူအိမ်​ထောင်စု ၂၀၀ ကို S&C ကဆန်နှင့်ကြက်ဥလှူဒါန်း

ကုန်စျေးနှုန်းကြီးမြင့်မှုများကြောင့် အခြေခံ လူတန်းစားများ၏ အကြပ်အတည်းအတွက် အနည်းငယ် ​အဆင်ပြေ နိုင်စေရန် ရည်ရွယ်၍ S&C မှ ယ​နေ့ နံနက်တွင် မျှဝေခြင်းဖြစ်​ကြောင်းလည်းတာဝန်ရှိသူက​ပြောသည်။

(မုံရွာမြို့တွင်ယ​နေ့နံနက်အ​ခြေခံပြည်သူများကို S&C ကဆန်နှင့်ကြက်ဥလှူဒါန်း​နေစဥ် ။ ဓါတ်ပုံ-S&C)
(မုံရွာမြို့တွင်ယ​နေ့နံနက်အ​ခြေခံပြည်သူများကို S&C ကဆန်နှင့်ကြက်ဥလှူဒါန်း​နေစဥ် ။ ဓါတ်ပုံ-S&C)

မုံရွာမြို့တွင် စား၀တ်နေရေးအခက်အခဲရှိနေသောအ​ခြေခံပြည်သူများသို့ S&C မီးဘေး စစ် ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တအိမ်ထောင်လျှင် ဆန်၁ပြည်နှင့် ကြက်ဥ ၁၀လုံး စီ နှင့် အိမ်ထောင်စု ၂၀၀ စာ မျှဝေလှူဒါန်းခဲ့သည်။

ကုန်စျေးနှုန်းကြီးမြင့်မှုများကြောင့် အခြေခံ လူတန်းစားများ၏ အကြပ်အတည်းအတွက် အနည်းငယ် ​အဆင်ပြေ နိုင်စေရန် ရည်ရွယ်၍ S&C မှ ယ​နေ့ နံနက်တွင် မျှဝေခြင်းဖြစ်​ကြောင်းလည်းတာဝန်ရှိသူက​ပြောသည်။

“လူအရေအတွက်ကတော့ ၅၀၀ ကျော်မယ်ဗျ။ပြည်ထောင်စုလမ်းဘေးမှာအပြည့်ဘဲ။၈ နာရီမှဝေမဲ့အချိန်က မနက် ၅ နာရီကတည်းကရောက်လာကြတာ။ အစောကြီးလာကြတော့၆ နာရီခွဲလောက်မှာဝေပေးလိုက်တယ်။ ၇ နာရီခွဲလောက်မှာပြီးသွားတယ်” ဟုအဖွဲ့မှတာဝန်ရှိသူက​ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မဘိန်းမြို့နယ်တွင် မဘိန်းမြို့နယ်နှင့် ကချင်ပြည်နယ် နယ်စပ်မှ​ကျောင်းသားကလေးများကို S & C က​ကျောင်းဖွင့်လှစ်၍ အခမဲ့ပညာသင်ကြား​ပေး​နေပြီး ​ကျောင်းသား​ကျောင်းသူ ၁၈၀ ​ကျော်ကိုပညာသင်ကြား​ပေး​နေသည်​ကြောင်းတာဝန်ရှိသူက​ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့(ဩဂုတ် ၂၆ ရက်) နံနက် ၆ နာရီခန့်က လယ်ဇင်ကျေးရွာသို့ အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်သ​ည် သတင်းပေးများနှင့်အတူ ဝင်ရောက်လာခဲ့သည်။

သတင်း

ယခုအကြိမ်သည် နွေဦးမိတ်ဆွေ(စင်္ကာပူ)အဖွဲ့က ပေးပို့သောအလှူငွေကို လေလွင့်မရှိအောင် စနစ်တကျစီမံခန့်ခွဲ လှူဒါန်းပေးခဲ့ကြောင်း KURDAF က အသိပေးသည်။

သတင်း

စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော် PDF၊LDF များသည် လက်နက်ခဲယမ်း၊ဆေးဝါးနှင့် အစားအစာ ရရှိရေးအတွက် ပြည်တွင်း၊ပြည်ပ အလှူရှင်များကိုသာ အားကိုးနေရသည်ဟု ဆိုသည်။

သတင်း

မူးကမ်းကြီးရွာ လက်တလောလိုအပ်မှူအခြေအနေနှင့် ပတ်သက်၍ KURDAF တာဝန်ရှိသူက "အစားအသောက်အတွက် အဓိက ဆန်လိုအပ်တာပါပဲ။"ဟု ပြောသည်။