Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မီးရှို့ဖျက်ဆီးခံရသည့် ကန့်ဘလူနယ် ကျီစုရွာအား နွေဦးမိတ်ဆွေများ(စင်္ကာပူ) လှူဒါန်းမှုပြုလုပ်

ယခုအကြိမ်သည် နွေဦးမိတ်ဆွေ(စင်္ကာပူ)အဖွဲ့က ပေးပို့သောအလှူငွေကို လေလွင့်မရှိအောင် စနစ်တကျစီမံခန့်ခွဲ လှူဒါန်းပေးခဲ့ကြောင်း KURDAF က အသိပေးသည်။

ကျီစုကျေးရွာအား သွားရောက်လှူဒါန်းပေးနေစဥ်၊ ဓာတ်ပုံ-KURDAF
ကျီစုကျေးရွာအား သွားရောက်လှူဒါန်းပေးနေစဥ်၊ ဓာတ်ပုံ-KURDAF

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် ကျီစုကျေးရွာက နေအိမ်ဆုံးရှုံးခဲ့သော ပြည်သူများအတွက် နွေဦးမိတ်ဆွေများ (စင်္ကာပူ)က လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

ကျီစုကျေးရွာရှိ နေအိမ်မီးရှို့ခံရသော ပြည်သူများအတွက် ဆန်အိတ်ပိုင်း (၃၀)နှင့် မိုးကာ (၁၆) ခု၊စုစုပေါင်းကာလတန်ဖိုး ၂၃သိန်းဖိုးကို ခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစုမှတဆင့် လှူဒါန်းပေးခဲ့သည်။

ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF)သည် ပြီးခဲ့သည့် ဩဂုတ်၄ရက်ကလည်း ကျီစုကျေးရွာအတွက် ပထမအကြိမ် သီးသန့် ခေါင်းစဉ်ဖြင့် အလှူခံပြီး ထမင်းထုတ် ၁,၀၀၀နှင့် ဆန်အိတ် ၁၅အိတ် ကနဦး ကူညီခဲ့သည်။

ကျီစုကျေးရွာအား သွားရောက်လှူဒါန်းပေးနေစဥ်၊ ဓာတ်ပုံ-KURDAF
ကျီစုကျေးရွာအား သွားရောက်လှူဒါန်းပေးနေစဥ်၊ ဓာတ်ပုံ-KURDAF

ယခုအကြိမ်သည် နွေဦးမိတ်ဆွေ(စင်္ကာပူ)အဖွဲ့က ပေးပို့သောအလှူငွေကို လေလွင့်မရှိအောင် စနစ်တကျစီမံခန့်ခွဲ လှူဒါန်းပေးခဲ့ကြောင်း KURDAF က အသိပေးသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်ဇူလိုင်၁၈ ရက်နှင့် ၁၉ရက်က ကျီစုကျေးရွာအား နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့၍ အိမ်ခြေ ၃၀၀ခန့် ပျက်စီးဆုံးရှုံးကာ ပြည်သူ ၄၀ ဦးခန့်သတ်ဖြတ်ခံခဲ့ရသည်။

KURDAF အဖွဲ့သည် ဩဂုတ် ၂၀ ရက်ကလည်း ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီး ကျေးရွာ၊ မီးဘေးသင့်ပြည်သူများအတွက် ပြည်သူထည့်ဝင်ငွေများဖြင့် ပူးပေါင်းပြီး ဆန်အိတ်ပိုင်း (၁၈)အိတ် ကာလတန်ဖိုး ၁၀ သိန်းကျပ် ပေးပို့ လှူဒါန်းခဲ့သည်။

စစ်ဘေးရှောင် ၊ မီးဘေးသင့် ပြည်သူများကို လှူဒါန်းလိုပါက KURDAF NUGPay (kurdaf*nugpay.app) အကောင့်ကို လှူဒါန်းနိုင်ကြောင်း ၎င်းအဖွဲ့က အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကုန်စျေးနှုန်းကြီးမြင့်မှုများကြောင့် အခြေခံ လူတန်းစားများ၏ အကြပ်အတည်းအတွက် အနည်းငယ် ​အဆင်ပြေ နိုင်စေရန် ရည်ရွယ်၍ S&C မှ ယ​နေ့ နံနက်တွင် မျှဝေခြင်းဖြစ်​ကြောင်းလည်းတာဝန်ရှိသူက​ပြောသည်။

သတင်း

နံနက် ၇နာရီက ကုန်းစည်းရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်သည် ညောင်ပင်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ကြောင်း ဖော်ပြသည်။

သတင်း

စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော် PDF၊LDF များသည် လက်နက်ခဲယမ်း၊ဆေးဝါးနှင့် အစားအစာ ရရှိရေးအတွက် ပြည်တွင်း၊ပြည်ပ အလှူရှင်များကိုသာ အားကိုးနေရသည်ဟု ဆိုသည်။

သတင်း

သဖန်းဆိပ်ဆည် အနောက်ဖက်ခြမ်းရှိသို့ ရောက် ရှိနေသည့် စစ်ကောင်စီတပ်က ကုန်းစည်းရွာကို ယနေ့ နံနက် ၇နာရီခန့်တွင် မီးရှို့နေခြင်းဖြစ် ကြောင်း ကနဦးသတင်းဖော်ပြထားပြီး အသေးစိတ် အခြေအနေများ စုံစမ်းနေဆဲဖြစ်သည်။