Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ကွမ်းခြံကုန်း တော်ကူးရဲစခန်းအနီးစစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

သြဂုတ် ၂၅ ရက်ကလည်း ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့ပေါ်မီးသတ်ရုံး၌ တပ်စွဲထားသော အင်အား (၂၀)ခန့်ရှိ စစ်ကောင်စီတပ်အား SOF တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့သည်။

(တောင်ပိုင်းစစ်ဒေသခွဲအထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)ဝင်များကို​တွေ့ရစဥ် ။ ။ဓါတ်ပုံ-SOF)
(တောင်ပိုင်းစစ်ဒေသခွဲအထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)ဝင်များကို​တွေ့ရစဥ် ။ ။ဓါတ်ပုံ-SOF)

နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ကွမ်းခြံကုန်းမြို့နယ် တော်ကူးရဲစခန်းအနီး စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဥ်နှင့်လူ ထိခိုက်မှုရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသခွဲအထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)က ယ နေ့(သြဂုတ် ၂၇)တွင် ထုတ်ပြန်သည်။

ယနေ့နံနက် ၈ နာရီခွဲခန့်က ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တော်ကူးရဲစခန်းအနီး၊ လက်ခုပ်ကုန်းကျေးရွာအုန်းပင်စိုက်ပွဲသို့လာသော စစ်ကောင်စီလက်အောက်ခံ မြို့နယ်ကောင်စီဝင်များနှင့် အုပ်ချုပ်ရေးမှူးများ၊ စစ်သားနှင့် ရဲများလိုက်ပါလာသည့်ယာဥ်တန်းကို ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြ သည်။

“ယာဥ်တန်းအား ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ၊ ရန်သူလက်အောက်ခံဘက်တော်သားများ ထိခိုက်ဒဏ်ရာရရှိမှူများပြားပြီး ယာဥ်များပါ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်”ဟု အထူးစစ်ဆင်ရေးတပ် ဖွဲ့(S.O.F)က အသိ​ပေးသည်။

၎င်းတိုက်ခိုက်မှုသည် တောင်ပိုင်းစစ်ဒေသ၏ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးစီမံချက် အကောင်အထည်ဖော်မှုဖြစ်ပြီး စစ်ဆင်ရေးအား ရန်ကုန်စစ်ဆင်ရေးဧရိယာ ( ၆ )အခြေပြု S.O.F Squad – 7 (EAGLE SQUAD) မှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း​ဖော်ပြထားသည်။

သြဂုတ် ၂၅ ရက်ကလည်း ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့ပေါ်မီးသတ်ရုံး၌ တပ်စွဲထားသော အင်အား (၂၀)ခန့်ရှိ စစ်ကောင်စီတပ်အား SOF တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့သည်။

1 Comment

1 Comment

  1. romantik69.co.il

    28/08/2022 at 3:25 မနက်

    I want to to thank you for this good read!! I certainly loved every little bit of it. I have you bookmarked to look at new things you postÖ

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့အပြင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် အနီးအနားရှိ မိဘပြည်သူများအနေဖြင့် သတိထားရှောင်ရှားကြရန် မြိုင်(ပကဖ)က သတိပေးသည်။

သတင်း

ယနေ့ (သြဂုတ် ၂၇ ရက်)ဖြင့် ထုတ်ပြန်သည့် အထက်ပါသတိပေးချက်တွင် ယခုလုပ်ရပ်များအား ရပ်တန်းကမရပ်ဘဲ ဆက်လက်ပြုလုပ်နေမည်ဆိုပါက လိုအပ်သလို အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်စခန်းအတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်လျက်ရှိပြီး ကျည်ဆံများနှင့် အခြားပစ္စည်းများ သိမ်းဆည်းရရှိထားသည်ဟုဆိုသည်။

သတင်း

ယမန်နေ့(ဩဂုတ် ၂၆ ရက်) နံနက် ၆ နာရီခန့်က လယ်ဇင်ကျေးရွာသို့ အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်သ​ည် သတင်းပေးများနှင့်အတူ ဝင်ရောက်လာခဲ့သည်။