Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်နယ်အနောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့မှုဖြစ်

ထို့အပြင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် အနီးအနားရှိ မိဘပြည်သူများအနေဖြင့် သတိထားရှောင်ရှားကြရန် မြိုင်(ပကဖ)က သတိပေးသည်။

(သြဂုတ် ၁၃ရက် နံနက်ပိုင်းက ပေါက်ခေါင်းရွာနှင့် သဒွတ်(အရှေ့)ရွာကို အကြမ်းဖက်စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ်။ဓာတ်ပုံ-We Love Myaing)
(သြဂုတ် ၁၃ရက် နံနက်ပိုင်းက ပေါက်ခေါင်းရွာနှင့် သဒွတ်(အရှေ့)ရွာကို အကြမ်းဖက်စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ်။ဓာတ်ပုံ-We Love Myaing)

▪️စစ်ကောင်စီတပ်က မီးရှို့နေ၍ ကျေးရွာ ရှစ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်း၊ ဝယ်တောင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ တပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ရွာများအားမီးရှို့ဖျက်ဆီးနေ၍ ကျေးရွာ ရှစ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ယနေ့ (သြဂုတ် ၂၇ ရက်) နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မြိုင်မြို့နယ် ဝယ်တောင်ရွာအနောက်ဘက်၌ စစ်သားနှင့်ပျူ ၁၈ဝခန့်ပါသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းပူးပေါင်းအဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

(သြဂုတ် ၁၃ရက် နံနက်ပိုင်းက ပေါက်ခေါင်းရွာနှင့် သဒွတ်(အရှေ့)ရွာကို အကြမ်းဖက်စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ်။ဓာတ်ပုံ-We Love Myaing)
(သြဂုတ် ၁၃ရက် နံနက်ပိုင်းက ပေါက်ခေါင်းရွာနှင့် သဒွတ်(အရှေ့)ရွာကို အကြမ်းဖက်စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ်။ဓာတ်ပုံ-We Love Myaing)

ထို့အပြင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် အနီးအနားရှိ မိဘပြည်သူများအနေဖြင့် သတိထားရှောင်ရှားကြရန် မြိုင်(ပကဖ)က သတိပေးသည်။

လက်ရှိအခြေအနေနှင့်ပတ်သက်၍ မြိုင်(ပကဖ)အဖွဲ့ထံ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

စစ်ကောင်စီတပ်သည် ဝယ်တောင်(တ)ရွာအား ယမန်နေ့(သြဂုတ် ၂၆ ရက်) မွန်းလွဲပိုင်းက တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် ဝယ်တောင်(တ)ရွာအား မီးရှို့ဖျက်ဆီးကာ နံနက် ၁၁ နာရီခန့်တွင် လက်ပံတိုရေနံမှော်ဘက်သို့ ဦးတည်ထွက်ခွာလာကြောင်း ဒေသခံများက ပြော သည်။

“လမ်းတလျှောက် လက်နက်ကြီးတွေရမ်းသမ်း ပစ်ခတ်လာတာကြောင့် ဒေသခံပြည်သူများ မိုးရွာထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။”ဟု We Love Myaing က အသိပေးသည်။

စစ်ကောင်စီတပ်သ​ည် ယမန်နေ့ကလည်း မြိုင်နယ်အနောက်ပိုင်းရှိ ဆူးဝင်းကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့သေးသည်။

မြိုင်မြို့နယ်အနောက်မြောက်ပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် သြဂုတ် ၂၂ ရက် နှင့် ၂၃ ရက်ကလည်း မြိုင်မြို့နယ်၊ သဒွတ်ကျေးရွာနှင့် ပေါက်ခေါင်းကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည်။

1 Comment

1 Comment

  1. romantik69.co.il

    28/08/2022 at 3:26 မနက်

    I want to to thank you for this good read!! I certainly loved every little bit of it. I have you bookmarked to look at new things you postÖ

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဖာပွန်ခရိုင် လူသောမြို့နယ် ဖလာခိုဒေသတွင် တပ်မဟာ(၅) လက်အောက်ခံတပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာ ကျေးရွာများ၌ မိုးရွာသွန်းလျက်ရှိပြီး ကျေးရွာအုပ်စု(၆)စုမှ ဒေသခံပြည်သူ နှစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယနေ့ (သြဂုတ် ၂၇ ရက်)ဖြင့် ထုတ်ပြန်သည့် အထက်ပါသတိပေးချက်တွင် ယခုလုပ်ရပ်များအား ရပ်တန်းကမရပ်ဘဲ ဆက်လက်ပြုလုပ်နေမည်ဆိုပါက လိုအပ်သလို အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

သြဂုတ် ၂၅ ရက်ကလည်း ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့ပေါ်မီးသတ်ရုံး၌ တပ်စွဲထားသော အင်အား (၂၀)ခန့်ရှိ စစ်ကောင်စီတပ်အား SOF တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့သည်။