Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်ရေးအဖွဲ့အယောင်ဆောင် ငွေကြေးတောင်းခံမှုများအား တိုင်ကြားရန် KNU တပ်မဟာ(၁) မိတ်ဖက်ရေးရာကော်မတီ ထုတ်ပြန်

မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီသည် ပြည်သူလူထုများ၏ဘက်မှ အပြည့်အ၀ ရပ်တည်၍ စစ်အာဏာရှင် စနစ် ကျဆုံးရေးကို ရှေးရှုပြီး တော်လှန်ရေး တိုက်ပွဲအား အမြန်ဆုံးအောင်မြင်မှု ရစေရေး စနစ်တကျ ဦးဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

(KNUသထုံခရိုင်တပ်မဟာ(၁)မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီက ၂၀၂၁ နှစ်ကုန်ပိုင်းကအစည်းအ​ဝေးပြုလုပ်​နေစဥ်။ ။ဓါတ်ပုံ-ကြီးကြပ်ကွပ်ကဲ​ရေး​ကော်မတီ)
(KNUသထုံခရိုင်တပ်မဟာ(၁)မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီက ၂၀၂၁ နှစ်ကုန်ပိုင်းကအစည်းအ​ဝေးပြုလုပ်​နေစဥ်။ ။ဓါတ်ပုံ-ကြီးကြပ်ကွပ်ကဲ​ရေး​ကော်မတီ)

ပြည်သူလူထုအတွင်း တော်လှန်ရေး အဖွဲ့အစည်းအယောင်ဆောင် ငွေကြေးတောင်းခံခြင်းများ ရှိပါက ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခရိုင်တပ်မဟာ(၁)မိတ်ဖက်ရေးရာကြီးကြပ် ကွပ်ကဲမှု ကော်မတီသို့ တိုင်ကြားရန်ယင်းကော်မတီက ယနေ့ သတင်းထုတ်ပြန်သည်။

ကော်မတီမှ အသိအမှတ်ပြုထားသည့် ခရိုင်၊ တပ်မဟာ အတွင်းရှိ အခြေစိုက်တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် ပြည်သူများအား ခြိမ်းခြောက်ငွေကြေးတောင်းခံခြင်းမရှိစေရေး တင်းကြပ်သည့် စည်းကမ်းများချမှတ်ထားပြီး ဖြစ်ကြောင်းအသိပေးသည်။

အကယ်၍လုပ်ဆောင်လာပါကစနစ်တကျစုံစမ်းပြီးပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်းဖော်ပြထားသည်။

မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဦးဆောင်မှု တွင် PDFနှင့် PDF လက်အောက်ခံ မဟုတ်သော တော်လှန်ရေး အဖွဲ့အစည်းများ စနစ်တကျ ပါဝင်မှတ်ပုံတင်ခဲ့ပြီး ကော်မတီ၏ လမ်းညွှန်မှု နှင့် စည်းမျဉ်းစည်းကမ်းများအား လိုက်နာမည်ဟု ကတိပြုထားပြီးဖြစ်သည်ဟုဆိုသည်။

ကော်မတီမှ ဘဏ္ဍာရေးလုပ်ငန်း ကော်မတီတစ်ရပ် ဖွဲ့ထားပြီး တပ်မဟာ(၁)နယ်မြေဖြစ်သည့် စစ်တောင်းတံတား နှင့် သံလွင်တံတားကြား ဒေသရှိ ပြည်သူများအား တော်လှန်ရေး အဖွဲ့အစည်းအယောင်ဆောင်ခြိမ်းခြောက်ငွေကြေး တောင်းခံခြင်းမရှိစေရေး စနစ်တကျ မူဝါဒ စည်မျဉ်းများချမှတ်ထားပြီး ဖြစ်ကြောင်း အသိပေးထားသည်။

မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီသည် ပြည်သူလူထုများ၏ဘက်မှ အပြည့်အ၀ ရပ်တည်၍ စစ်အာဏာရှင် စနစ် ကျဆုံးရေးကို ရှေးရှုပြီး တော်လှန်ရေး တိုက်ပွဲအား အမြန်ဆုံးအောင်မြင်မှု ရစေရေး စနစ်တကျ ဦးဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဖာပွန်ခရိုင် လူသောမြို့နယ် ဖလာခိုဒေသတွင် တပ်မဟာ(၅) လက်အောက်ခံတပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ပြည်သူများအနေဖြင့် ကော်ဘရာစစ်ကြောင်းအား ကူညီပံ့ပိုးလိုပါက Cobra Column Official Facebook Page သို့သာ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ပေးစေလိုသည်ဟု ထုတ်ပြန်သည်။

ဆောင်းပါး

တော်လှန်ရေးကို ပံ့ပိုးပေးပြီး ပြန်လည် တည်ဆောက်ရေးတွေ ဆောင်ရွက်မယ့် အစီအမံတွေက သေချာပေါက် အလုပ်ဖြစ်ပါ့မယ်လို့တော့ အာမခံနိုင်မှာ မဟုတ်ပါဘူး။ အမှားအယွင်းတွေ အများကြီး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

သတင်း

ကေအဲန်ယူ-ကော့ကရိတ်မြို့နယ် KNLA တပ်ရင်း(၂၇)နဲ့ တပ်ရင်း(၁၈) နယ်မြေတွေအတွင်းမှာ တိုက်ပွဲအများဆုံးဖြစ်ပွားတာဖြစ်ပြီး တပ်ရင်း(၂၇)လက်အောက်ခံ ကော်ဘရာစစ်ကြောင်းလုံခြုံရေးယူထားတဲ့ နေရာတွေဟာ တိုက်ပွဲအပြင်းထန်ဆုံးနေရာတွေဖြစ်တယ်လို့ ကေအဲန်ယူက ပြောပါတယ်။