Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကြည့်မြင်တိုင်ဆန္ဒပြလူငယ်များကိုစစ်ကားဖြင့်တိုက်ခဲ့​သောဗိုလ်မှူးဇနီးကိုဖမ်းဆီးပြီးပြန်လွှတ်​ပေး

ဗိုလ်မှူးနိုင်ဘိုဘို၏ ဇနီးမယဉ်ယဉ်ထွန်းကို ရက်ပေါင်းများစွာသတင်းအတိအကျစောင့်ဆိုင်း၍ ဖမ်းဆီးခဲ့ရခြင်းဟုလည်း ၎င်းတို့က​ပြောသည်။

(စစ်​ကောင်စီတပ်ဗိုလ်မှူးနိုင်ဘိုဘို၏ဇနီးမယဥ်ယဥ်ထွန်း။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်ဗိုလ်မှူးနိုင်ဘိုဘို၏ဇနီးမယဥ်ယဥ်ထွန်း။ ဓါတ်ပုံ-CJ)

▪︎ပြန်လွှတ်​ပေးသဖြင့်PDFများစိတ်မ​ကောင်းဖြစ်၊ဖမ်းဆီးထားသင့်​ကြောင်း​ပြော

ကြည့်မြင်တိုင်ဆန္ဒပြပွဲမှလူငယ်များကို စစ်ကားဖြင့် တိုက်ခဲ့သူ ဗိုလ်မှူး နိုင်ဘိုဘို၏ ဇနီးကို ပြန်လွှတ် ပေးသည်ကို ကြားသိရ၍ စိတ်မကောင်းဖြစ်ရကြောင်း မြေပြင် ၌ ဖမ်းဆီးခဲ့သည့် PDF ရဲဘော်များကလူထုနွေဦးသို့ ပြောသည်။

ဗိုလ်မှူးနိုင်ဘိုဘို၏ ဇနီးမယဉ်ယဉ်ထွန်းကို ရက်ပေါင်းများစွာသတင်းအတိအကျစောင့်ဆိုင်း၍ ဖမ်းဆီးခဲ့ရခြင်းဟုလည်း ၎င်းတို့က​ပြောသည်။

“အင်းတော်-မဲဇာ ကြားမှာစောင့်ဖမ်းခဲ့တာ။ မနေ့က နေ့လည် ၁ နာရီမှာ ဖမ်းမိတယ်။ဒီနေ့ကျတော့တိုင်းရုံး(စစ်ကိုင်းတိုင်းစစ်ရုံး)က နေပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်ဆိုပြီး ကြားသိရတော့ တော်တော့်ကို စိတ်မကောင်းဖြစ်ရတယ်”ဟု အင်းတော် PDF တပ်ဖွဲ့ဝင်တစ်ဦးကရှင်းပြသည်။

မယဉ်ယဉ်ထွန်းမှာ ၎င်းရွှေ့ပြောင်းနေထိုင်နေသည့်ဟိုပင်မြို့တွင် စစ်ကောင်စီသတင်းပေးအဖြစ်လုပ်ကိုင်နေသူဟုလည်းနာမည်ထွက်ထားသူ ဟုဆိုသည်။

“ကြည်မြင့်တိုင်ကိစ္စပြီးတော့ ယောကျာ်းလုပ်တဲ့ စခ ဗိုလ်မှူးက မန္တလေးကနေ ပြီး သူ့မိန်းမကို ဟိုပင်က နန်းခွင်ရွာကို ပို့လိုက်တာ။ဒါကို အချိန်နဲ့အမျှသတင်းယူပြီးစောင့်ကြည့်တယ်။မနေ့က(သြဂုတ် ၂၆ ရက်)က ဟိုပင်မြို့နယ်ကနေ ၁၀ နာရီလောက်ထွက်လာတယ်။ကျွန်တော်တို့ အင်းတော် PDF ရဲ့ မြေပြင်ရဲဘော်တွေကပဲ အဓိက ဖမ်း ခဲ့တာ။လွှဲပေးတော့ လွှဲလိုက်ပြီး ပြန်လွှတ်ပေးတော့ ဘာမှမသိရဘူး”ဟု ဖမ်းဆီးရေးတွင်ပါဝင်သော သီး ခြားရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။

ဖမ်းဆီးရေးတွင်ပါဝင်သည့် PDF ရဲဘော်များ၏ ဆန္ဒအရ ဗိုလ်မှူးနိုင်ဘိုဘို၏ ဇနီးကို ဖမ်းဆီးထား ရန်လိုအပ်ကြောင်း ၎င်းကဆက်​ပြောသည်။

ယမန်နှစ် ဒီဇင်ဘာလ (၅) ရက်နေ့က ရန်ကုန်မြို့၊ ပန်းပင်ကြီးလမ်း၌ ဆန္ဒပြလူငယ်များကိုကားဖြင့်တိုက်ခဲ့သူဗိုလ်မှူး၏ဇနီးကို PDFစစ်ကိုင်းတိုင်းစစ်တိုင်းရုံးကပြန်လွှတ်ပေးခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လူထုနွေဦးအနေဖြင့်သီးခြားအတည်ပြုမရသေးပေ။

ကြည့်မြင်တိုင်တွင် စစ်တပ်က ဆန္ဒပြသူများကို ကားဖြင့် တိုက်သတ်မှု ဦး ဆောင် သူများတွင် ဗိုလ်မှူး နိုင်ဘိုဘို၊ ရဲမှူးမောင်မောင်မြ၊ ဒုရဲအုပ်ဝင်းဇော်လွင်တို့ဦး​ဆောင်ပါဝင်ခဲ့သည်။ဆန္ဒပြ​ကျောင်းသားလူငယ်များကိုကားနှင့်တိုက်ဖမ်းခဲ့သဖြင့် လူငယ်အချို့ကျဆုံးပြီး အချို့ဒဏ်ရာအပြင်းအထန်ရကာဖမ်းဆီးခံခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ကျွန်တော်တို့က အစကအရှင်ဖမ်းဖို့ပါ။ ဒါပေမယ့် သူက အထဲကနေခံပစ်တော့ တခါတည်းရှင်းလိုက်ရတာ။" ဟု Young Force ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

"သူ့ကို ဘာကြောင့်ရှင်းလဲဆိုရင် အာဏာစသိမ်းတော့ ဝန်ထမ်းတွေကို သုံးရက်အတွင်း အပြီးနှင်ထုတ်တာတွေ ဘာတွေလုပ်ခဲ့တယ်" ဟုအထက်ပါပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

မစ္စဗစ်ကီဘိုးမန်းဖမ်းဆီးခံရတာမှန်ကန်ကြောင်းကို ရန်ကုန်မြို့မှာရှိတဲ့ ဗြိတိန်သံရုံးက အတည်ပြုပေးတယ်လို့ ဘီဘီစီမြန်မာပိုင်းသတင်းဌာနကလည်း ဖော်ပြထားပါတယ်။

သတင်း

သြဂုတ် ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်က မုံရွာ - အရာတော်လမ်းပေါ်တွင် အရာတော်မှ မုံရွာမြို့သို့ မောင်းနင်လာသော YGN 3F 3240 ကားသည် ယာဥ်မဆင်မခြင် မောင်းနှင်ကာ ကမ်းပြူရွာမှ အသက် (၄၀)ဝန်းကျင် မိန်းမသားတစ်ဦးအား ဝင် တိုက်သွားခဲ့သည်။