Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်နယ်ရှိ ပြည်သူ့ရဲဘော်နှစ်ဦး၏နာရေး ပြည်သူအများအပြားလိုက်ပါပို့ဆောင်

အဆိုပါရဲဘော်နှစ်ဦးမှာ အသက်(၂၀) အရွယ် ရဲဘော်လျှပ်စီးနှင့် အသက်(၁၈) နှစ်အရွယ် ရဲဘော်ဖောင်းဒိုင်းတို့ဖြစ်ပြီး လွန်ခဲ့သော တစ်လခန့်က လေညင်းတောင်တိုက်ပွဲတွင်ကျဆုံးခဲ့ခြင်းဖြစ်သည်။

(ကျဆုံးရဲဘော်နှစ်ဦးအား ဂူသွင်းသင်္ဂြိုလ်ပေးနေစဥ်။ ဓာတ်ပုံ-တမာမြေပျောက်ကျားတပ်ဖွဲ့)
(ကျဆုံးရဲဘော်နှစ်ဦးအား ဂူသွင်းသင်္ဂြိုလ်ပေးနေစဥ်။ ဓာတ်ပုံ-တမာမြေပျောက်ကျားတပ်ဖွဲ့)

မကွေးတိုင်း၊ မြိုင်မြို့နယ်အခြေစိုက် တမာမြေပြောက်ကျားတပ်ဖွဲ့မှ ကျဆုံးသွားသော ရဲ​ဘော်နှစ်ဦး၏ အရိုးပြာ ဂူသွင်းမြှုပ်နှံခြင်းအခမ်းအနားကို ယမန်နေ့ (သြဂုတ်၂၇ရက်)က ပြုလုပ်ရာ ဒေသခံပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြသည်။

အဆိုပါရဲဘော်နှစ်ဦးမှာ အသက်(၂၀) အရွယ် ရဲဘော်လျှပ်စီးနှင့် အသက်(၁၈) နှစ်အရွယ် ရဲဘော်ဖောင်းဒိုင်းတို့ဖြစ်ပြီး လွန်ခဲ့သော တစ်လခန့်က လေညင်းတောင်တိုက်ပွဲတွင်ကျဆုံးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းများကြောင့် ကျဆုံးရဲဘော်နှစ်ဦး၏ ရုပ်အလောင်းအား ဂူသွင်းသင်္ဂြိုလ်ခြင်း၊ အလေးပြုအမိန့်ပြန်ခြင်းတို့မပြုလုပ်နိုင်ခဲ့ဘဲ သြဂုတ်၂၇ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တမာမြေပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

(ကျဆုံးရဲဘော်နှစ်ဦးအား ဂူသွင်းသင်္ဂြိုလ်ပေးနေစဥ်။ ဓာတ်ပုံ-တမာမြေပျောက်ကျားတပ်ဖွဲ့)
(ကျဆုံးရဲဘော်နှစ်ဦးအား ဂူသွင်းသင်္ဂြိုလ်ပေးနေစဥ်။ ဓာတ်ပုံ-တမာမြေပျောက်ကျားတပ်ဖွဲ့)

ကျဆုံးအာဇာနည်ရဲဘော် နှစ်ဦးအား တမာမြေပျောက်ကျားအဖွဲ့ဝင် ရဲဘော်များ၊ မဟာမိတ်ရဲဘော်များနှင့် ဒေသခံပြည်သူများက လိုက်ပါပို့ဆောင်ခဲ့ကြပြီး အမိန့်ပြန်တမ်းထုတ်ပြန်ကာ အလေးပြုနှုတ်ဆက်ခဲ့သည်။

ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ဖက်စစ်အာဏာရူးများကို ရွပ်ရွပ်ချွံချွံတော်လှန်တိုက်ခိုက်ရင်း နိုင်ငံတော်အတွက် အသက်ပေးလှူသွားခဲ့ ရဲဘော် နှစ်ဦးသည် တိုက်ခိုက်ရေးသာမက ထုတ်လုပ်ရေးဘက်တွင်ပါ ကျွမ်းကျင်ကြကာ ဘက်စုံထူးချွန်လိမ္မာကြောင်း၊ တော်လှန်ရေးအတွက်လွန်စွာအားကိုးရသော ရဲဘော်များဖြစ်၍ အဖွဲ့အတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်ပြီး တော်လှန်ရေးအတွက် နှမြောတသဖြစ်ရကြောင်း တမာမြေပျောက်ကျားအဖွဲ့တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ရဲဘော်လျှပ်စီးနှင့်ရဲဘော်ဖောင်းဒိုင်းတို့ တာဝန်ကျေခဲ့ပြီ။ကျွန်ုပ်တို့တမာမြေပျောက်ကျားအဖွဲ့နှင့်ပြည်သူလူထုအား စစ်အာဏာရှင်လက်အောက်မှလွတ်မြောက်ရန် တိုက်ပွဲဝင်ရင်း ရဲဘော်တို့ အသက်ပေးဆပ်ခဲ့ကြပြီ ။ ဖက်ဆစ်အာဏာရူးများကို တိုက်ထုတ်ရင်း အသက်ပေးသွားသော ရဲဘော်လျှပ်စီးနှင့် ရဲဘော်ဖောင်းဒိုင်းတို့ရေ။ကျွန်ပ်တို့ရင်ထဲ ပြည်သူလူထုရင်ထဲ အမြဲတမ်းထာဝရရှိနေမှာပါ။ ငြိမ်းချမ်းစွာ အနားယူကြပါ ရဲဘော်တို့။”ဟု တမာမြေပျောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့အပြင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် အနီးအနားရှိ မိဘပြည်သူများအနေဖြင့် သတိထားရှောင်ရှားကြရန် မြိုင်(ပကဖ)က သတိပေးသည်။

သတင်း

ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ကို ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နဲ့ စစ်ကောင်စီက တရားစွဲထားပြီး ဝရမ်းထုတ်ထားပါတယ်။

သတင်း

ယနေ့ (ဩဂုတ် ၆) ရက်နေ့ နံနက် ၁၀နာရီခန့်က မြင်းဒေါင်းကျေးရွာအနီးသို့ ဆိုင်ကယ် လေးစီးဖြင့် ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးနှင့် ဒေသတွင်းတော်လှန်ရေး ရဲဘော်များ ထိတွေ့မှု ဖြစ်ပွားခဲ့သည်။

သတင်း

မြန်မာပြည်ဒီမိုကရေစီဖြစ်ထွန်းတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခဲ့သည်များအား အမြဲအမှတ်ရနေမည်ဖြစ်ကြောင်း ကိုယ်စားလှယ်ဦးစောဘလှသိန်းက ပြောကြားခဲ့ပြီး ဝမ်းနည်းကြောင်းမှတ်တမ်းလွှာတွင် လက်မှတ်ရေးထိုးခဲ့သည်ဟု ထုတ်ပြန်သည်။