Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရပ်သားဟန်ဆောင်၍ သတင်းထောက်လှမ်းနေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို KNDF ဖမ်းဆီး

၎င်းကို ယမန်နေ့(သြဂုတ် ၂၇ရက်)က KNDFတပ်ရင်း(၂)တပ်ခွဲ – ၂၊1008 တပ်ရင်း၊LKPDFတို့မှ ပူး ပေါင်းကာ နယ်မြေရှင်းလင်းစဥ် ဖမ်းဆီးမိခဲ့ခြင်းလည်းဖြစ်သည်။

(ဖမ်းဆီးထား​​သော စစ်သုံ့ပန်းကိုKNDF တပ်ဖွဲ့ဝင်များကမုန့်​ကျွေး​နေစဥ်။ ။ဓာတ်ပုံ - KNDF)
(ဖမ်းဆီးထား​​သော စစ်သုံ့ပန်းကိုKNDF တပ်ဖွဲ့ဝင်များကမုန့်​ကျွေး​နေစဥ်။ ။ဓာတ်ပုံ - KNDF)

အရပ်သားဟန်ဆောင်၍ သတင်းထောက်လှမ်းနေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းဆီးရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း -၂ က ယနေ့(သြဂုတ် ၂၈ ရက်) ထုတ်ပြန်သည်။

လွိုင်ကော်စစ်ဒေသအခြေစိုက် KNDF တပ်ရင်း -၂ ၏ လှုပ်ရှားရာနယ်မြေအား လာရောက်သတင်းထောက်သောစစ်ကောင်စီတပ်သားမှာ တပ်မ (၆၆)လက်အောက်ခံ ခလရ(၁) မှ ဖြစ်သည်။

၎င်းကို ယမန်နေ့(သြဂုတ် ၂၇ရက်)က KNDFတပ်ရင်း(၂)တပ်ခွဲ – ၂၊1008 တပ်ရင်း၊LKPDFတို့မှ ပူး ပေါင်းကာ နယ်မြေရှင်းလင်းစဥ် ဖမ်းဆီးမိခဲ့ခြင်းလည်းဖြစ်သည်။

ကောင်းကောင်းမွန်မွန် ဖမ်းဆီးမေးမြန်းရာဝန်ခံသဖြင့် ပြစ်မှုထင်ရှားသောကြောင့် ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ KSPထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း KNDF တပ်ရင်း (၂) က ပြောသည်။

ကရင်နီ(ကယား)ပြည်နယ်တွင် နေ့စဥ်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားမှုများတိုးချဲ့လာနေကြောင်း KNDF က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယခုလ ၆ ရက်တွင် အာရှလမ်းမကြီးပေါ်ရှိအကြမ်း ဖက်စစ်ကောင်စီတပ်ပိုင်တော်နော်ရေတံခွန်မွေး မြူရေးစခန်းကို တိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသည်ဟု ဆိုသည်။

သတင်း

စစ်ကိုင်းတိုင်းတွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိသည့်အနက် ၃၁ မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု Data for Myanmar က သတင်းထုတ်ပြန်သည်။

သတင်း

ယင်းမိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ခြောက်ဦးနှင့်အထက်သေဆုံးခဲ့ပြီးတော်လှန်ရေးအင်အားစုများအထိခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

သတင်း

ကျပ်​ငွေတန်ဖိုးကျဆင်း​နေမှုကို ​ဖြေရှင်းရန် စစ်​ကောင်စီ၏ဗဟိုဘဏ်ကလုပ်ငန်းရှင်များကို​နေပြည်​တော်သို့​ခေါ်ယူ​ဆွေး​နွေ​း​နေသည်ဟုလည်းဆိုသည်။