Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ရန်ကုန်နှင့် ကော့သောင်းခရိုင်တို့ရှိ စစ်ကောင်စီတပ်နေရာများကို တိုက်ခိုက်

“ပေါက်ကွဲမှုကြောင့် ပျက်စီးထိခိုက်မှူတစ်ချို့ရှိပြီး စခများ သေ၊ မသေအတည်မပြုနိုင်သေးပါ” ဟု ရန်ကုန်စစ်ဒေသခွဲ တာဝန်ရှိသူက ဆိုသည်။

'နန်းထိုက်အောင်စစ်ဆင်ရေး'
'နန်းထိုက်အောင်စစ်ဆင်ရေး'

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ဒလမြို့ရှိ စစ်ကောင် စီလက်အောက်ခံ စရဖ အရာရှိတစ်ဦးပိုင်ဆိုင်သည့် ဆိုင်ခန်းအနီး ယနေ့နံနက်ပိုင်းက အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲ တာဝန် ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့နံနက် ၇ နာရီခန့်က ရန်ကုန် ဒလမြို့နယ်သင်္ဘောဆိပ်နှင့် ကားကြီးဂိတ်တို့တွင် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)မှ CCTV များဖြင့် စောင့်ကြည့်သတင်းရယူနေသဖြင့် သတင်းရယူရာဌာနဖြစ်သည့် စစ်ကောင်စီအရာရှိတစ်ဦးပိုင်သည့် ဝတိန်နန်းဆိုင်နှင့် ဆိုင်ဝန်းကျင်ကို အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ် ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

“ပေါက်ကွဲမှုကြောင့် ပျက်စီးထိခိုက်မှူတစ်ချို့ရှိပြီး စခများ သေ၊ မသေအတည်မပြုနိုင်သေးပါ” ဟု ရန်ကုန်စစ်ဒေသခွဲ တာဝန်ရှိသူက ဆိုသည်။

အထက်ပါတိုက်ခိုက်မှုကို နန်းထိုက်အောင်မြို့ပြစစ် ဆင်ရေးအစိတ်အပိုင်းအဖြစ် MO-4 & Star Light (Dala)ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အလားတူ ရန်ကုန်စစ်ဒေသခွဲ၏ နန်းထိုက်အောင်စစ် ဆင်ရေးအစိပ်အပိုင်းအဖြစ် သြဂုတ် ၂၆ ရက် ည ၈ နာရီ ၄၀မိနစ်ခန့်က သာကေတမြို့နယ် (၇)ရပ်ကွက်အနောက်ရှိ မြို့နယ်သမဝါယမရုံးအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကင်းတဲကို လက်ပစ်ဗုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ထိခိုက်သွား၍ ကားဖြင့်သယ်သွားပြီး ပြန်လည်ပစ်ခတ်မှုလည်း လုပ်ဆောင်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲက ပြောသည်။

ယင်းတိုက်ခိုက်မှုကို နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအစိတ်အပိုင်းအဖြစ် MO-5 (Exodus) အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အထက်ပါ နန်းထိုက်အောင် စစ်ဆင်ရေးအစိပ်အပိုင်းများကို ရန်ကုန်မြို့တွင်သာမက တနင်္သာရီတိုင်း ကော့သောင်းခရိုင်တွင်လည်း ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်မှ ယာဥ်ကြီးနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲက ပြောသည်။

ကော့သောင်းခရိုင် ခမောက်ကြီးမြို့၊ အဝေးပြေးလမ်းမကြီး (၄၈)မိုင်ခန့်တွင် ကော့သောင်းမှ ဘုတ်ပြင်းဘက်တက်လာသော အင်အား (၃၀)နီးပါးပါဝင်သည့် စစ်ကားအကြီးနှစ်စီးကို ကော့သောင်း-ဘုတ်ပြင်း ပကဖ ပူးပေါင်းအဖွဲ့က ၁၅ မိနစ်ကြား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုအတွင် စစ်ကောင်စီတပ်ဖက်မှ ထိ ခိုက်မှုများရှိပြီ ပူးပေါင်း(ပကဖ)အဖွဲ့မှ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် မြောက်ဦးမြို့အနီးရှိ ကင်းဆိပ်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သားများသေဆုံးထိခိုက်ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

သတင်း

မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာတွင် ယနေ့ (သြဂုတ်၂၈ ရက်)ညနေ ၄နာရီခန့်က စစ်ကောင်စီ ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်း ဖြစ်သည်။

သတင်း

ယနေ့ (သြဂုတ်၂၈ရက်) နံနက် ၇ နာရီခန့်မှစတင် ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး နံနက် ၁၀ နာရီခွဲခန့်အထိ လောင်ကျွမ်းနေဆဲဖြစ်ကြောင်း We Love Myaing အဖွဲ့က အသိပေးသည်။

သတင်း

ဩဂုတ် ၂၃ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်က အထိနာခဲ့၍ လေကြောင်း ပစ်ကူများအသုံးပြု တိုက်ခိုက်ခဲ့သည်။