Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေ ရေကြီးနိုင်တယ်လို့ သတိပေးထား

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ခန့်မှန်းထားတာပါ။

မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေ ရေကြီးနိုင်တယ်လို့ သတိပေးထား
မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေ ရေကြီးနိုင်တယ်လို့ သတိပေးထား

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ လာမယ့်ရက်ပိုင်းတွေအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ မြစ်ရေကြီးမှုဘေးအန္တရာယ်ကို သတိပြုရမယ်လို့ သတိပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ခန့်မှန်းထားတာပါ။

အခုတစ်ပတ်ကနေအစပြုကာ မိုးနှောင်းကာလရဲ့ မိုးလေဝသလက္ခဏာတွေ ကြုံတွေ့လာရတော့မှာဖြစ်ပြီး မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်းကနေ လာမယ့် အောက်တိုဘာလ(၁၅)ရက်ဝန်းကျင်မှာ ပြန်လည်ဆုတ်ခွာသွားမှာဖြစ်တယ်လို့ ခန့်မှန်ထားပါတယ်။

ဒီတစ်ပတ်ထဲမှာ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ လေပွေလှိုင်းတစ်ခုဟာ လာမယ့် စက်တင်ဘာလ(၃)ရက်မှာ အစပျိုးဖြစ်ပေါ်လာနိုင်ပြီး စက်တင်ဘာ(၅)နဲ့ (၆)ရက်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ် ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းချက်မှာဖော်ပြထားတာပါ။

အခုတစ်ပတ်ဟာ မိုးနှောင်းကာလ နောက်မိုးခေါ် မုတ်သုံအဆုတ်မိုးပြန်ရရှိနိုင်ပြီး မုန်တိုင်းတွေနဲ့ဒွန်တွဲဖြစ်ပေါ်ပါက မိုးသည်းထန်စေကာ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ မြစ်ရေတွေမြင့်တက်လာနိုင်တဲ့အတွက် မြစ်ရေကြီးမှုဘေးအန္တရာယ်ကို သတိပြုရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသဌာနကတော့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ ဧရာ၀တီမြစ်ရေဟာ ဆိပ်သာ၊ ဟင်္သာတနဲ့ ဇလွန်မြို့တို့မှာ (၁)ကြိမ်စီ၊ ဒုဌ၀တီမြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူနဲ့ မဒေါက်မြို့မှာ (၁)ကြိမ်စီ၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၁)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြ၀တီမြို့မှာ (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့နဲ့ သာပေါင်းမြို့မှာ (၁)ကြိမ်ခန့်စီနဲ့ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့် အဲ့ဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်အသီးသီးအထက်ကို ကျော်လွန်ရောက်ရှိနိုင်ပြီး မြစ်ရေကြီးနိုင်တယ်လို့ ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"မြို့ပေါ်တွေကို ပိတ်ဆို့စစ်ဆေးတာတွေအပြင် ရေလမ်းဆိုက်ကပ်မှုတွေကိုပါ စစ်ဆေးပိတ်ဆို့တာပါ"ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့-တွံတေးမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

" မိုးဗြဲမြို့ တစ်နေရာ၌ လက်နက်ကြီး၊ လက်နက်ငယ်များ အပြန်အလှန်ပစ်ခတ်မှုများရှိနေသောကြောင့် မိဘပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် နေပေးကြဖို့သတိပေးအပ်ပါသည်"ဟု MBPDF သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

သတင်း

စစ်ကိုင်း၊မကွေးနဲ့မန္တလေးတိုင်းအပါအဝင် ပြည်နယ်အချို့က အလုပ်သမားတွေကို ကိုင်ဆောင်ထားတဲ့ မှတ်ပုံတင် ကိုအခြေခံပြီး စစ်ကောင်စီနဲ့ အပေါင်းအပါ လုပ်ငန်းရှင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်တာတွေလုပ်နေတယ်လို့ NUG ကဆိုထားပါတယ်။

သတင်း

ယနေ့ (သြဂုတ် ၂၇ ရက်)ဖြင့် ထုတ်ပြန်သည့် အထက်ပါသတိပေးချက်တွင် ယခုလုပ်ရပ်များအား ရပ်တန်းကမရပ်ဘဲ ဆက်လက်ပြုလုပ်နေမည်ဆိုပါက လိုအပ်သလို အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။