Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်း၊ ကျွန်းလှ၊ ကန့်ဘလူနယ်စပ်ကျေးရွာများ မီးရှို့ခံရ၍ အိမ်ပေါင်းရာချီပျက်စီးပြီး စပါးတင်းပေါင်းထောင်ချီဆုံးရှုံး

အကြမ်းဖက်စစ်တပ်သည် ဩဂုတ် ၂၆ရက်တွင် တည်ပင်ဆိပ်ရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ဆုံးရှုံးမှုအခြေအနေမသိရသေးကြောင်း ဒေသခံများက ပြောသည်။

(ကျွန်းလှနယ် ကုန်းစည်းရွာနှင့် ကောလင်းမြို့နယ် အောင်ချမ်းသာရွာများရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များ။ ဓာတ်ပုံ - ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့)
(ကျွန်းလှနယ် ကုန်းစည်းရွာနှင့် ကောလင်းမြို့နယ် အောင်ချမ်းသာရွာများရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များ။ ဓာတ်ပုံ - ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့)

စစ်ကိုင်းတိုင်း၊ ကောလင်း၊ ကျွန်းလှနှင့် ကန့်ဘလူနယ်စပ်ရှိ ကျေးရွာနှစ်ရွာကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးသဖြင့် အိမ်ပေါင်းတစ်ရာကျော်နှင့် စပါးတင်းပေါင်းထောင်ချီ မီးလောင်ဆုံးရှုံးခဲ့ရပြီး အကူအညီများလိုအပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်​ကောင်စီတပ်က ကောလင်းမြို့နယ်၊အောင်ချမ်းသာရွာအား သြဂုတ်လ ၂၄ ရက်နေ့ နံနက်၇ နာရီခွဲခန့်က မီးရှို့ဖျက်ဆီးခဲ့သည်။ အောင်ချမ်းသာရွာသည် အိမ်ခြေ၇၅ လုံးသာရှိပြီး အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ၇၃လုံးနှင့် စာသင်ကျောင်းခေါင်မိုး မီးလောင်ပျက်ဆီးခဲ့​ကြောင်း​သိရသည်။

(ကျွန်းလှနယ် ကုန်းစည်းရွာနှင့် ကောလင်းမြို့နယ် အောင်ချမ်းသာရွာများရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များ။ ဓာတ်ပုံ - ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့)
(ကျွန်းလှနယ် ကုန်းစည်းရွာနှင့် ကောလင်းမြို့နယ် အောင်ချမ်းသာရွာများရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များ။ ဓာတ်ပုံ – ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့)

ထို့အပြင် တောင်သူများ၏ စပါးတင်းပေါင်းထောင်ချီ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောသည်။

အလားတူကျွန်းလှမြို့နယ်၊ ကုန်းစည်းရွာကိုမူ သြဂုတ်လ ၂၆ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့သည်။

စာကြည့်တိုက်တစ်လုံးအပါအဝင်ပြည်သူပိုင်နေအိမ်(၄၂)လုံး၊ အရှေ့ကုန်းစည်းရွာရှိ နေအိမ်(၁၇)လုံး ၊ စုစုပေါင်းနေအိမ်(၅၉)လုံး မီးလောင်ပျက်ဆီးခဲ့ရကြောင်း၊ထို့အပြင် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ စားနပ်ရိက္ခာနှင့် ကား၊ ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

(ကျွန်းလှနယ် ကုန်းစည်းရွာနှင့် ကောလင်းမြို့နယ် အောင်ချမ်းသာရွာများရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များ။ ဓာတ်ပုံ - ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့)
(ကျွန်းလှနယ် ကုန်းစည်းရွာနှင့် ကောလင်းမြို့နယ် အောင်ချမ်းသာရွာများရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များ။ ဓာတ်ပုံ – ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့)

အကြမ်းဖက်စစ်တပ် မီးရှို့ပြီး၍ ပြန်ထွက်စဥ် ကုန်းစည်းရွာအနီး မြေပဲခင်းထဲတွေ့သော ကျေးရွာဒေသခံပြည်သူတစ်ဦးနှင့် အခြားရွာသားနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ဩဂုတ် ၂၆ရက်တွင် တည်ပင်ဆိပ်ရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ဆုံးရှုံးမှုအခြေအနေမသိရသေးကြောင်း ဒေသခံများက ပြောသည်။

(ကျွန်းလှနယ် ကုန်းစည်းရွာနှင့် ကောလင်းမြို့နယ် အောင်ချမ်းသာရွာများရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များ။ ဓာတ်ပုံ - ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့)
(ကျွန်းလှနယ် ကုန်းစည်းရွာနှင့် ကောလင်းမြို့နယ် အောင်ချမ်းသာရွာများရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များ။ ဓာတ်ပုံ – ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့)

အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးမီးရှိ့ဖျက်ဆီးမှုများကြောင့် ကန့်ဘလူ ၊ ကျွန်းလှနှင့် ကောလင်းနယ်စပ်ရှိ ကျေးရွာပေါင်း ၃၄ရွာမှ ဒေသခံ ပြည်သူ သုံးသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီများလိုအပ်နေသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။

သြဂုတ်လ၂၃ရက်နေ့က ကောလင်း၊ ကျွန်းလှ၊ ကန့်ဘလူ သုံးမြို့နယ်အဆက်ရှိ အောင်ချမ်းသာရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်က အများအပြားသေဆုံးပြီး အရာရှိများ ဖမ်းဆီးခံရကာ လက်နက်ခဲယမ်းများစွာကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းဆည်းရရှိခဲ့သည်။ ထို့နောက် အကြမ်းဖက်စစ်တပ်က ကျေးရွာများအား မီးရှို့ဖျက်ဆီးအကြမ်းဖက်နေခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် အခြားဒေသများ၌ စစ်ဆင်ရေး လုပ်ဆောင်ရာတွင်လည်း အရပ်သားအများအပြားကို ဖမ်းဆီးပြီး စစ်ကြောင်းတွင် ဓားစာခံအဖြစ် ခေါ်ဆောင်သွားလေ့ရှိသည်။

သတင်း

စစ်ကောင်စီတပ်သည် ညပိုင်းတွင် စဘေကန်ရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲညအိပ်ခဲ့ပြီး ပြည်သူအချို့ ဖမ်းဆီးခံထားရကြောင်း၊ ဒေသခံပြည်သူထောင်နှင့် ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ကျွန်းလှမြို့နယ်ရှိ ကျေးရွာများသို့လည်း စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ယင်းကျေးရွာများအနက် ရွာအချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ရာ ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့သည့် ရွာလည်းပါဝင်သည်။