Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘော်လခဲမြို့ မတ်စလောင်းတောင်တိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးသေ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၆ နှင့် ကရင်နီတပ်တပ်မတော်(KA) က သြဂုတ် ၂၇ရက် နံနက်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ရှေ့တန်းစစ်မြေပြင်တွင် တွေ့ရသော ကရင်နီရဲဘော်များ ၊ ဓာတ်ပုံ - KNDF)
(ရှေ့တန်းစစ်မြေပြင်တွင် တွေ့ရသော ကရင်နီရဲဘော်များ ၊ ဓာတ်ပုံ - KNDF)

ဘော်လခဲမြို့ မတ်စလောင်းတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNDFနှင့် KA တို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စနိုက်ဘာသမားနှစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း ထုတ်ပြန်သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၆ နှင့် ကရင်နီတပ်တပ်မတော်(KA) က သြဂုတ် ၂၇ရက် နံနက်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ရှေ့တန်းစစ်မြေပြင်တွင် တွေ့ရသော ကရင်နီရဲဘော်များ ၊ ဓာတ်ပုံ - KNDF)
(ရှေ့တန်းစစ်မြေပြင်တွင် တွေ့ရသော ကရင်နီရဲဘော်များ ၊ ဓာတ်ပုံ – KNDF)

မတ်စလောင်းတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်မှုတွင် “စစ်ကောင်စီဖက်မှ ၃ဦး (စနိုက်ဘာနှင့်၂ဦး၊လက်နက်ငယ်နှင့် ၁ဦး) သတ်နိုင်ခဲ့ပြီး မိမိတို့ရဲဘော်များ အထိခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပါသည်”ဟု KNDFက ထုတ်ပြန်ထားသည်။

သြဂုတ်၂၇ရက်က တိုက်ပွဲကို ယနေ့(သြဂုတ်လ ၂၉ရက်)မှသာ သတင်းထုတ်ပြန်​ခြင်းဖြစ်သည်။

စစ်ကောင်စီသည် သြဂုတ်လလယ်ခန့်မှစတင်ကာ ကရင်နီပြည်နယ်သို့ အင်အားတိုးမြှင့်မှုများ ပြုလုပ်လာနေသည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် အခြားဒေသများ၌ စစ်ဆင်ရေး လုပ်ဆောင်ရာတွင်လည်း အရပ်သားအများအပြားကို ဖမ်းဆီးပြီး စစ်ကြောင်းတွင် ဓားစာခံအဖြစ် ခေါ်ဆောင်သွားလေ့ရှိသည်။

သတင်း

စစ်ကောင်စီတပ်သည် ညပိုင်းတွင် စဘေကန်ရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲညအိပ်ခဲ့ပြီး ပြည်သူအချို့ ဖမ်းဆီးခံထားရကြောင်း၊ ဒေသခံပြည်သူထောင်နှင့် ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သတင်း

သြဂုတ်လ ဆန်းပိုင်းက စ၍တပ်တွင်းဝါဒဖြန့်သင်တန်းကို စစ်ကောင်စီ၏ ပြည်သူ့ဆက်ဆံရေး၊စိတ်ဓာတ်စစ်ဆင်ရေးဌာနက အရာရှိများက သင်တန်းပို့ချနေခြင်းဟုသိရသည်။