Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်နယ် မဲဇာရွာမှ ပျူစောထီးသင်တန်းမှူးဆိုသူ ရှင်းလင်းခံရ

“ပျူခေါင်းဆောင်ရှင်းလင်းခံလိုက်ရလို့ စစ်​—တွေ ပြာနေတာပဲ။ ဒေသခံတွေကတော့ သတိနဲ့ နေနေကြပါတယ်” ဟု အင်းတော်မြို့ဒေသခံတစ်ဦးကလည်းပြောသည်။

အင်းတော်မြို့နယ်
အင်းတော်မြို့နယ်

အင်းတော်မြို့နယ် မဲဇာကျေးရွာမှ ပျူစောထီးအဖွဲ့မှ စစ်သင်တန်းမှူး ဦးမောင်နိုင်ဆိုသူကို ဒေသကာကွယ်ရေးတပ်ဖွဲ့ နယ်မြေရှင်းလင်းရေးအဖွဲ့က သုတ်သင်ရှင်းလင်းလိုက်ကြောင်း အင်းတော် တော်လှန်ရေးအင်အားစု(IR)က ယနေ့(သြဂုတ် ၂၉)ရက်တွင် ထုတ်ပြန် သည်။

အဆိုပါ ပျူစောထီးသင်တန်းမှူးဆိုသူသည် ဗန်းမောက်ဘက်မှ အင်တော်ဘက်လာသော စစ်ကောင်စီတပ်စစ် ကြောင်းအား သွားကြိုပြီးအပြန်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ သည်။

“သူက သြဂုတ် ၂၇ ရက်မှာ ဗန်းမောက်ဘက်ကနေ အင်တော်ဘက်လာတဲ့ စစ်ကြောင်းကိုသွားကြိုပြီးအပြန်မှာ လမ်းကနေစောင့်ပြီး နယ်မြေရှင်းလင်းရေးအဖွဲ့က ပစ် ခတ်ရှင်းလင်းလိုက်တာ”ဟု IR Team မှ ရဲဘော်တစ်ဦးက ပြောသည်။

ပစ်ခတ်ရှင်းလင်းခြင်းခံရသော ပျူစောထီးသင် တန်းမှူးဆိုသူ ဦးမောင်နိုင်သည် အသက် (၅၆) နှစ်ရှိပြီဖြစ်ပြီး ၎င်းသည် ဝန်းသိုအခြေစိုက် စစ်ကောင်စီတပ် (၁၁၁) တပ်တွင် တာဝန်ထမ်းဆောင်ဖူးသော စစ်ထွက်တစ်ဦးဖြစ်ကြောင်း အထက်ပါရဲဘော်ကဆက်​ပြောသည်။

“ပျူခေါင်းဆောင်ရှင်းလင်းခံလိုက်ရလို့ စစ်​—တွေ ပြာနေတာပဲ။ ဒေသခံတွေကတော့ သတိနဲ့ နေနေကြပါတယ်” ဟု အင်းတော်မြို့ဒေသခံတစ်ဦးကလည်းပြောသည်။

အင်းတော်မြို့နယ် တော်လှန်ရေးအင်အားစုများအနေဖြင့် ကျန်ရှိနေသေးသော စစ်ကောင်စီလက် အောက်ခံ ဒလန်နှင့် ပျူစောထီးများကိုလည်း ဆက်လက်သုတ်သင်ရှင်းလင်းသွားမည်ဖြစ် ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် မြိတ်မြိတ်နယ်၊ ကျွန်းစုမြို့နယ်များမှ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ပျူစောထီးနှင့် သတင်းပေးဒလန်ဟုဆိုသူများ၏ စာရင်းများကို ရရှိထားပြီးဖြစ်ပြီး စစ်ကောင်စီနှင့်မပူးပေါင်းရန် သတိပေးထားခြင်းအား လိုက်နာခြင်းမရှိပါက လိုအပ်သလို ဆက်လက်လုပ်ဆောင်သွားမည်ဟု အသိပေးထားသည်။

သတင်း

KRFသည် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် လက်တွဲပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖြစ်သည်။

သတင်း

တမူးမြို့ မင်းသာကျေးရွာမှ ကိုမျိုးနှင့် ကိုနေဆန်းကိုတမူး – အောင်ဇေယျကားလမ်း တစ်နေရာတွင် ပျူစောထီးအဖွဲ့က သေနတ်ဖြင့်ပစ်သတ် သွား​ခြင်းဖြစ်သည်။

သတင်း

CDM တပ်အရာရှိ ကိုနောင်ရိုးက “စစ်တပ်ဟာ ပျူပူးပေါင်းအင်အားနဲ့ အသာစီးရယူချင်တာလည်း ပါတယ်။ အဓိကကတော့ စစ်ကောင်စီခြေလျင်တပ်‌တွေမှာ လူအင်အားယုတ်လျော့လာနေတာ၊ အကျအဆုံးများလာနေတာတွေကြောင့် ပျူတွေကို မဖြစ်မနေ သုံးလာနေရတာပါပဲ”ဟု ပြောကြားသည်။