Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မှာ ၅ ရက်အတွင်း အမျိုးသား ၂ဦး ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့ ကြိုးပမ်း

သြဂုတ်လ ၂၅ ရက်နေ့ကလည်း ကမ္ဘာအေး ဘုရားလမ်း ၊ဂမုန်းပွင့်ကုန်တိုက်ရှေ့က လူကူးကုန်းတံတားပေါ်ကနေ အမျိုးသားတစ်ဦး အဆုံးစီရင်ဖို့ ခုန်ချခဲ့ပါသေးတယ်။

အင်လျားကန်ထဲ ခုန်ချသွားတဲ့အမျိုးသားကို ရှာဖွေကယ်ဆယ်ရေးလုပ်နေစဉ်
အင်လျားကန်ထဲ ခုန်ချသွားတဲ့အမျိုးသားကို ရှာဖွေကယ်ဆယ်ရေးလုပ်နေစဉ်

ရန်ကုန်မြို့မှာ ရှိတဲ့ အင်းလျားကန်ထဲကို ဒီနေ့ နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး အဆုံးစီရင်ဖို့ ခုန်ချသွားတယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ နေ့လယ်ပိုင်း ၂ နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကန်ဘောင်ပေါ်မှာ ဖိနပ်တရံ ၊ဦးထုပ်အဖြူရောင် ကျန်ရစ်ခဲ့ပါတယ်။

ကန်ထဲခုန်ချသွားတဲ့အမျိုးသား ကို ရှာဖွေကယ်ဆယ်ရေးလုပ်နေပေမယ့်မတွေ့သေးဘူးလို့ သိရပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ကလည်း ကမ္ဘာအေး ဘုရားလမ်း ၊ဂမုန်းပွင့်ကုန်တိုက်ရှေ့က လူကူးကုန်းတံတားပေါ်ကနေ အမျိုးသားတစ်ဦး အဆုံးစီရင်ဖို့ ခုန်ချခဲ့ပါသေးတယ်။

အဲဒီလို ခုန်ချတဲ့ အမျိုးသားဟာ အသက်သေဆုံးမှုမရှိဘဲ ခါးရိုးထိခိုက်သွားတယ်လို့သိရပါတယ်။

မနေ့ကလည်း ပြည်မြို႕ နဝဒေး တံတားပေါ်ကနေ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးဟာ အသက် ၃ နှစ်အရွယ် သမီးဖြစ်သူနဲ့အတူ ဧရာဝတီမြစ်ထဲ ခုန်ချသွားခဲ့ပါတယ်။

ဧရာဝတီမြစ်ထဲခုန်ချသွားတဲ့ သားအမိ ၂ ဦးကို ရှာဖွေကယ်ဆယ်မှုတွေ ဒီနေ့အထိလုပ်ဆောင်နေဆဲဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

သြဂုတ် ၂၆ ရက်ကလည်း စစ်ကိုင်းတိုင်း တမူးမြို့ပေါ်တွင် CDM ကျောင်းဆရာမတစ်ဦးဖြစ်သူ ဒေါ်စမ်းမို့မို့သည် ကြိုးဆွဲချကာ မိမိကိုယ်ကိုအဆုံးစီရင်ခဲ့သည်။

သတင်း

"ပေါက်ကွဲမှုကြောင့် ပျက်စီးထိခိုက်မှူတစ်ချို့ရှိပြီး စခများ သေ၊ မသေအတည်မပြုနိုင်သေးပါ" ဟု ရန်ကုန်စစ်ဒေသခွဲ တာဝန်ရှိသူက ဆိုသည်။

သတင်း

သတ်ဖြတ်ခံရသူ နှစ်ဦး၏ မိသားစုနှင့်နီးစပ်သူ အခြားတစ်ဦးကလည်း လာရောက်ဖမ်းဆီးသည့် အဖွဲ့မှာ ပျူစောထီးအဖွဲ့သာ ဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်ဟု ဆိုသည်။

သတင်း

ယနေ့ (သြဂုတ်၂၆ရက်)နံနက် ၉ နာရီခန့်က ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဝမ်းတွင်းမြို့တောင်ဘက်အထွက် လျှော်ပင်ကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းဆွဲကာ တိုက် ခိုက်ခံရခြင်းဖြစ်ကြောင်း Voice Of Wundwin က ဖော်ပြသည်။