Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးကုတ်မြို့နယ်အတွင်း စစ်ကြောင်းထိုးပြန်လာသည့် စစ်ကောင်စီတပ်ယာဥ်တစ်စီးပေါ် ဗုံးပစ်သွင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၅ ဦးခန့် ထိခိုက်သေဆုံးဟုဆို

မိုးကုတ်အခြေပြုတပ်ရင်းများ၏ ယခုလိုလုပ်ဆောင်ခဲ့သော မစ်ရှင်များကြောင့် ပြည်သူများဝမ်းသာအားရ ကျေနပ်နိုင်ပါစေကြောင်းနှင့် တော်လှန်ရေးတွင် ပါဝင်အားဖြည့်မှုများ ပိုမိုအားကောင်းလာကာ ဆက်လက်ပါဝင်လှူဒါန်းနိုင်ပါစေကြောင်း ဆုမွန်တောင်းထားသည်။

(ရှေ့တန်းတစ်နေရာမှာ သပိတ်ကျင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအားတွေ့ရစဥ်၊ ဓာတ်ပုံ - သပိတ်ကျင်း PDF)
(ရှေ့တန်းတစ်နေရာမှာ သပိတ်ကျင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအားတွေ့ရစဥ်၊ ဓာတ်ပုံ - သပိတ်ကျင်း PDF)

မန္တလေးတိုင်း မိုးကုတ်မြို့နယ်အတွင်း စစ်ကြောင်းထိုးပြီးပြန်လာသည့် စစ်ကောင်စီတပ်ယာဥ်တစ်စီးပေါ်သို့ လက်ပစ်ဗုံးတစ်လုံးပစ်သွင်းကာ တိုက်ခိုက်ခဲ့ကြောင်း သပိတ်ကျင်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁၂၂၂)က ယနေ့(သြဂုတ် ၂၉)ထုတ်ပြန်သည်။

မိုးကုတ်အခြေပြု တပ်ရင်းများဖြစ်သည့် (၁၂၂၁)၊ (၁၂၂၂) ၊(၁၂၂၃) တပ်ရင်းများမှ ရဲဘော်များသည် ယနေ့နံနက် ၈ နာရီခန့်တွင် မိုးကုတ်မြို့နယ် လောင့်စင်နှင့် ဂွေးပင်ရွာဘက်တွင် စစ်ကြောင်းထိုးပြီးပြန်လာသော စစ်ကောင်စီတပ်စစ်ကြောင်းအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ကားလမ်းနဲ့ ပေ(၆၀)ဝန်းကျင်အကွာမှ အသင့်နေရာယူခဲ့ပြီး စစ်ကြောင်းထိုးပြန်လာခဲ့တဲ့ စကစ ကားတစ်စီးပေါ် လက်ပစ် ဗုံးတစ်လုံး ပစ်သွင်းနိုင်ခဲ့ပြီမိုင်းငါးလုံးဖောက်ခွဲနိုင်ခဲ့ပြီး အသင့်ပါသော လက်နက်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်”ဟု တပ်ရင်း (၁၂၂၂)က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး မိမိတို့ဘက်မှ ရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါသည်ဟု အသိပေးသည်။

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်မှ (၆ဝ)မမ လက်နက်ကြီး အချက်၂၀ကျော်နှင့် စက်လက်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများလည်းရှိခဲ့ပြီး တိုက်ပွဲချိန် မိနစ် ၃၀ကျော်ကြာမြင့်ခဲ့ကြောင်း ဖော်ပြသည်။

မိုးကုတ်အခြေပြုတပ်ရင်းများ၏ ယခုလိုလုပ်ဆောင်ခဲ့သော မစ်ရှင်များကြောင့် ပြည်သူများဝမ်းသာအားရ ကျေနပ်နိုင်ပါစေကြောင်းနှင့် တော်လှန်ရေးတွင် ပါဝင်အားဖြည့်မှုများ ပိုမိုအားကောင်းလာကာ ဆက်လက်ပါဝင်လှူဒါန်းနိုင်ပါစေကြောင်း ဆုမွန်တောင်းထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ ကျေးရွာ (၈)ရွာမှ ပြည်သူလူထု နေအိမ်ပေါင်း ၃၇၂လုံးကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့သည်ဟု စာရင်းနှင့်တကွ ဖော်ပြထားသည်။

သတင်း

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်စစ်ကြောင်းတစ်လျှောက်ခေါ်ဆောင်သွားနိုင်၍ ရေဦး-ခင်ဦးလမ်းပိုင်း အသွားအလာရပ်နားထားသင့်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

အခြား​ရွှေလုပ်ငန်းရှင်တစ်ဦးကလည်း "သတ်မှတ်နှုန်းတိုင်း​ အတင်းအဓမ္မ​ရောင်း​ခိုင်း​နေရင် ​ရွှေ​ဈေးကထိန်းလို့ရမှာ မဟုတ်ဘူး"ဟုသူ၏အမြင်ကို​ပြောသည်။

သတင်း

ထို့နောက် မီးရှို့ဖျက်ဆီးမှုကြောင့် တောင်မြို့ကျေးရွာရှိ နေအိမ် ၃၇လုံး မီးလောင်ပျက်စီးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။