Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးကြာပန်းအဝိုင်းတွင် ခင်ဦးနယ်ခံပြည်သူများအား စစ်​ကောင်စီတပ်က ဖမ်းဆီးထား

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်စစ်ကြောင်းတစ်လျှောက်ခေါ်ဆောင်သွားနိုင်၍ ရေဦး-ခင်ဦးလမ်းပိုင်း အသွားအလာရပ်နားထားသင့်ကြောင်း ဒေသခံများက ပြောသည်။

(​ရေဦးမြို့မှ ကြာပန်းအဝိုင်း ။ ။ဓါတ်ပုံ-CJ)
(​ရေဦးမြို့မှ ကြာပန်းအဝိုင်း ။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ ကြာပန်းအဝိုင်းတွင် ခင်ဦးနယ်ခံပြည်သူ ၂၀ ကျော်ကိုစစ်​ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (သြဂုတ်လ ၂၉ ရက်နေ့ )နံနက်ပိုင်းက ရေဦးမြို့၊ ကြာပန်းအဝိုင်းတွင် ခင်ဦးနယ် သရက်ပင်စု၊ကားစိပ်၊အင်တိုင်းလေး(တ/မ) မှ ဒေသခံအမျိုးသား၄ဦး၊ အမျိုးသမီး၁၆ဦး ပေါင်း ၂၀ဦးခန့်အထိ မတရားဖမ်းဆီးထားကြောင်း 𝙆𝙝𝙞𝙣 𝙐 𝙎𝙪𝙥𝙥𝙤𝙧𝙩 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣-𝙆𝙎𝙊 အဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့အပြင် လက်နက်ကြီးများဖြင့် အရှေ့ခင်ဦးနယ်ဘက်ဦးတည်တပ်ဆင်ထားကြောင်း၊ ရေဦ-ခင်ဦး ကားလမ်းဝဲယာ ခင်ဦးနယ် အနောက်ခြမ်းကျေးရွာများ အားလုံး သတိထားကြရန် 𝙆𝙎𝙊 အဖွဲ့က အသိပေးသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ကတည်းက ခင်ဦးနယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေသည်။သို့​သော်မည်သည့်အဖွဲ့ကမှ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

“ဘယ်အဖွဲ့နဲ့ ပွဲကြမ်းသလဲတော့ မသိရသေးပါဘူး ။ သေချာတာတစ်ခုကတော့ ဖြစ်ဖို့ များပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့ ပြည်သူ အများအပြားကို ဖမ်းဆီးထားတာ ဖြစ်မယ်လို့ ယူဆပါတယ်။”ဟု ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု-KURDAF က ပြောသည်။

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်စစ်ကြောင်းတစ်လျှောက်ခေါ်ဆောင်သွားနိုင်၍ ရေဦး-ခင်ဦးလမ်းပိုင်း အသွားအလာရပ်နားထားသင့်ကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက် စစ်ကောင်စီတပ်စွဲရာနေရာကို ယမန်နေ့(သြဂုတ် ၂၈ရက်)က KRU၏ လက်လုပ် (၈၁)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

အဆိုပါ ကျေးရွာ (၈)ရွာမှ ပြည်သူလူထု နေအိမ်ပေါင်း ၃၇၂လုံးကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့သည်ဟု စာရင်းနှင့်တကွ ဖော်ပြထားသည်။

သတင်း

မိုးကုတ်အခြေပြုတပ်ရင်းများ၏ ယခုလိုလုပ်ဆောင်ခဲ့သော မစ်ရှင်များကြောင့် ပြည်သူများဝမ်းသာအားရ ကျေနပ်နိုင်ပါစေကြောင်းနှင့် တော်လှန်ရေးတွင် ပါဝင်အားဖြည့်မှုများ ပိုမိုအားကောင်းလာကာ ဆက်လက်ပါဝင်လှူဒါန်းနိုင်ပါစေကြောင်း ဆုမွန်တောင်းထားသည်။

သတင်း

မင်းတပ်မြို့နယ်အတွင်း တိုက်လေယာဉ်များ အနီးကပ်ပျံသန်းနေလျက်ရှိ၍ ပြည်သူများနှင့် တပ်ရင်းတပ်ဖွဲ့များအားလုံး ဂရုစိုက်ကြရန် အသိပေးထားသည်။