Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်း – ကန့်ဘလူ – ကျွန်းလှမြို့နယ်များ၌ နှစ်ပတ်အတွင်း ရွာ (၈)ရွာကို စစ်ကောင်စီတပ်မီးရှို့၊ နေအိမ် ၃၇၀ကျော် မီးလောင်ပျက်စီး

အဆိုပါ ကျေးရွာ (၈)ရွာမှ ပြည်သူလူထု နေအိမ်ပေါင်း ၃၇၂လုံးကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့သည်ဟု စာရင်းနှင့်တကွ ဖော်ပြထားသည်။

(ကျွန်းလှမြို့နယ် ဆည်အနောက်ဘက်ခြမ်းရှိ ကုန်းစည်းရွာအား အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
(ကျွန်းလှမြို့နယ် ဆည်အနောက်ဘက်ခြမ်းရှိ ကုန်းစည်းရွာအား အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များကို အကြမ်းဖက် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိရာ နှစ်ပတ်အတွင်း မြို့နယ်သုံးခုမှ ရွာ (၈)ရွာမီးရှို့ခံခဲ့ရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

ဩဂုတ် ၁၆ ရက်မှ ဩဂုတ် ၂၉ ရက်အတွင်း ကန့်ဘလူမြို့နယ် အင်္ငုတ္တိုရွာ၊ ပင့်သာရွာ၊ ညောင်ကုန်းရွာ၊ ကောလင်းမြို့နယ် အောင်ချမ်းသာရွာ နှင့် ကျွန်းလှ မြို့နယ် ကုန်းစည်း၊ တည်ပင်ဆိပ်၊ အိမ်ခြေ နှင့် အင်းလျားရှည်ရွာတို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်။

အဆိုပါ ကျေးရွာ (၈)ရွာမှ ပြည်သူလူထု နေအိမ်ပေါင်း ၃၇၂လုံးကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့သည်ဟု စာရင်းနှင့်တကွ ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ဩဂုတ် ၁၆ရက်တွင် ကန်ဘလူခရိုင်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရာ ဩဂုတ် ၂၃ရက်တွင် ကောလင်းမြို့နယ် အောင်ချမ်းသာရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက် များပြားခဲ့သည်။ အရာရှိ သုံးဦးနှင့် လက်နက်ခဲယမ်းများစွာကို ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းဆည်းရမိခဲ့သည်။

Public Service Announcement
Public Service Announcement

အထိနာသည့် စစ်ကောင်စီတပ်သည် အဆိုပါဒေသသို့ စစ်အင်အားများဖြည့်တင်းခြင်း၊လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်ခြင်းတို့ ဆောင်ရွက်ကာ ဒေသတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ တိုး၍ လုပ်ဆောင်ခဲ့သည်။ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၆ဦးထက်မနည်းသေဆုံးခဲ့ရပြီးဖမ်းဆီးခံရသူများလည်းရှိသည်ဟုဆိုသည်။ ထို့ပြင် မြို့နယ် သုံးခုရှိ ကျေးရွာပေါင်း ၃၄ရွာမှ ပြည်သူ သုံးသောင်းကျော်စစ်ဘေးရှောင်နေကြရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက် စစ်ကောင်စီတပ်စွဲရာနေရာကို ယမန်နေ့(သြဂုတ် ၂၈ရက်)က KRU၏ လက်လုပ် (၈၁)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်စစ်ကြောင်းတစ်လျှောက်ခေါ်ဆောင်သွားနိုင်၍ ရေဦး-ခင်ဦးလမ်းပိုင်း အသွားအလာရပ်နားထားသင့်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

မိုးကုတ်အခြေပြုတပ်ရင်းများ၏ ယခုလိုလုပ်ဆောင်ခဲ့သော မစ်ရှင်များကြောင့် ပြည်သူများဝမ်းသာအားရ ကျေနပ်နိုင်ပါစေကြောင်းနှင့် တော်လှန်ရေးတွင် ပါဝင်အားဖြည့်မှုများ ပိုမိုအားကောင်းလာကာ ဆက်လက်ပါဝင်လှူဒါန်းနိုင်ပါစေကြောင်း ဆုမွန်တောင်းထားသည်။

သတင်း

ထို့အပြင် နံနက် ၁၀နာရီခန့်တွင် ရေစကြိုနယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းသို့ အနောက်ဘက်ကမ်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။