Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါကူးခူရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပြော

အကြမ်းဖက် စစ်ကောင်စီတပ်စွဲရာနေရာကို ယမန်နေ့(သြဂုတ် ၂၈ရက်)က KRU၏ လက်လုပ် (၈၁)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ရဲဘော်များ လက်နက်ကြီးပစ်ခတ်ရန် ပြင်ဆင်နေစဥ်၊ Karenni Revolution Union (KRU)
ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ရဲဘော်များ လက်နက်ကြီးပစ်ခတ်ရန် ပြင်ဆင်နေစဥ်၊ Karenni Revolution Union (KRU)

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်ရှိ ဒေါကူးခူကျေးရွာအနီး တပ်စွဲထားသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) တပ်ဖွဲ့က ယနေ့(သြဂုတ် ၂၉ ရက်) ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီတပ်စွဲရာနေရာကို ယမန်နေ့(သြဂုတ် ၂၈ရက်)က KRU၏ လက်လုပ် (၈၁)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ဒေါကူးခူက ထီးပေါ်ဆို ကျေးရွာအုပ်စုထဲမှာရှိတယ်။ဒီလ ၂၀ ရက်လောက်ကတည်းက ရန်သူ ( အကြမ်းဖက်စစ်ကောင်စီ)တပ်က အင်အား ၂၀၀ လောက်နဲ့ တပ်ဖြန့်ပြီးဝင်လာတာ”ဟု KRU တာဝန်ရှိသူက People`s Springသို့ ရှင်းပြသည်။

စစ်ကောင်စီတပ်များဘက်မှ အထိနာခဲ့သည်ဟု ခန်းမှန်းရပြီး တိုက်ပွဲနှင့် မသက်ဆိုင်သည့် ကျေးရွာများအား အတွဲလိုက်ဒုံး၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းလည်း KRU က အသိပေးသည်။

ယမန်နေ့တိုက်ပွဲတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) နှင့် အခြားသော မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်များ မှ အထိခိုက်တစ်စုံတစ်ရာမျှမရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် ထီးပေါ်ဆို ကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို သြဂုတ် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးခန့်သေဆုံးကြောင်း DMO Local PDF က ထုတ်ပြန်ထားသည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ရဲဘော်များ လက်နက်ကြီးပစ်ခတ်ရန် ပြင်ဆင်နေစဥ်၊ Karenni Revolution Union (KRU)

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ ကျေးရွာ (၈)ရွာမှ ပြည်သူလူထု နေအိမ်ပေါင်း ၃၇၂လုံးကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့သည်ဟု စာရင်းနှင့်တကွ ဖော်ပြထားသည်။

သတင်း

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်စစ်ကြောင်းတစ်လျှောက်ခေါ်ဆောင်သွားနိုင်၍ ရေဦး-ခင်ဦးလမ်းပိုင်း အသွားအလာရပ်နားထားသင့်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

မိုးကုတ်အခြေပြုတပ်ရင်းများ၏ ယခုလိုလုပ်ဆောင်ခဲ့သော မစ်ရှင်များကြောင့် ပြည်သူများဝမ်းသာအားရ ကျေနပ်နိုင်ပါစေကြောင်းနှင့် တော်လှန်ရေးတွင် ပါဝင်အားဖြည့်မှုများ ပိုမိုအားကောင်းလာကာ ဆက်လက်ပါဝင်လှူဒါန်းနိုင်ပါစေကြောင်း ဆုမွန်တောင်းထားသည်။

သတင်း

အခြား​ရွှေလုပ်ငန်းရှင်တစ်ဦးကလည်း "သတ်မှတ်နှုန်းတိုင်း​ အတင်းအဓမ္မ​ရောင်း​ခိုင်း​နေရင် ​ရွှေ​ဈေးကထိန်းလို့ရမှာ မဟုတ်ဘူး"ဟုသူ၏အမြင်ကို​ပြောသည်။